ကျွန်တော်မောင်အေးချမ်းတို့ ရွာသာယာမှာတော့ ဘကြီးမှန်က ဗဟုသုတနှံ့စပ်သည်။ နှိုင်းနှိုင်းချိန်ချိန် သုံးသပ်ပြောဆိုနိုင်သည်။ ဘကြီးမှန်က အသက် ၇၀ ကျော်ပြီဖြစ်ပေမယ့် သန်တုန်းမြန်တုန်း၊ စာဖတ်နိုင်တုန်းရှိသေးသည်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေးနှံ့စပ်သည်။ ကျွန်တော်တို့လူငယ်များက နိုင်ငံရေးနှင့်ပတ်သက်ပြီး သိလိုလျှင် သူ့ထံ သွားရောက်မေးမြန်းဆွေးနွေးကြသည်။ သူ့ကို ဘကြီးမှန်ဟုခေါ်ရခြင်းသည် ဘယ်သူ့မှအားမနာတတ်ဘဲ မှန်မှန်ကန်ကန် တုတ်ထိုးအိုးပေါက် ပြောတတ်သလို သူတပ်ထားရသည့် မျက်မှန်ထူထူကြီးကြောင့်လည်းပါသည်။ လူငယ်များကို တန်ဖိုးထားပြီး ဆုံးမသွန်သင်တတ်သည်။ သူ့အိမ်လာလည်သည့် လူငယ်များအတွက် လက်ဖက်၊ အကြော