စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ရှိနေမည်ဆိုလျှင်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြီးမားသောမဲစာရင်း မှားယွင်းမှုများဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်က အာဏာရပါတီနှင့် ရွေးကောက်ပွဲကော်မရှင်တို့အား ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တာဝန်ယူ ဖြေရှင်းခြင်းမရှိဘဲ လျစ်လျူရှုခဲ့သည်။ ထို့အပြင် အာဏာရပါတီသည် တတိယအကြိမ် လွှတ်တော် များခေါ်ယူပြီး အစိုးရဖွဲ့စည်းကာ နိုင်ငံတော် အာဏာကို အတင်းအဓမ္မရယူရန်ပင် ကြိုးစားလာခဲ့ သည်။ ထို့ကြောင့် တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းပြည်တာဝန်ကို ခေတ္တထိန်းသိမ်းခဲ့ ရသည်။
ကမ်းကုန်အောင်မိုက်သူများ
- Read more about စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ရှိနေမည်ဆိုလျှင်
- Log in to post comments