အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့

Type

ထက်ဝေအောင်(စစ်ကိုင်း)
===============

 

နိုင်ငံ၏   ကုန်ထုတ်စွမ်းအားတိုးတက်​သော  ဈေးကွက်စီးပွားရေး စနစ်တစ်ရပ် ဖော်ဆောင်ရာတွင် စက်ရုံ၊ အလုပ်ရုံများ၏ လည်ပတ်မှု အခန်းကဏ္ဍမှာ အရေးပါသည်။ ကုန်ထုတ်စွမ်းအား တိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စားပြုပြီး ရေရှည်ကောင်းမွန်သော စီးပွားရေးအသွင်သဏ္ဌာန်   ဖြစ်ပေါ်စေသည်။  စက်ရုံ၊ အလုပ်ရုံများ ကောင်းမွန်စွာလည်ပတ်နိုင်ရေး လူ၊ စက်ပစ္စည်း၊ ငွေကြေးအရင်းအနှီး များ လိုအပ်သည်ကိုတွေ့ရသည်။ စက်ပစ္စည်းနှင့် ငွေကြေးအရင်းအနှီး သည် ငွေကြေးဓနအင်အား ပြည့်စုံသည်နှင့် အခက်အခဲမဖြစ်နိုင်သော် လည်း လူဟူသော လူ့စွမ်းအားအရင်းအမြစ်သည် အရေးပါ တန်ဖိုး ကြီးမားလှသည်။ အဆိုပါ လူ့စွမ်းအားအရင်းအမြစ်တစ်ရပ်လုံးတွင် အမျိုးသားများနှင့်အတူ           ရင်ပေါင်တန်းလုပ်ကိုင်နိုင်စွမ်းသော အမျိုးသမီးလည်း ပါဝင်ကြသည်။


မှေးမှိန်လျော့ပါးလာရမည်


လူသားဖြစ်တည်မှု ကျား၊ မဟူသော စကားရပ်တွင် အကျုံးဝင် ပါရှိခြင်းကြောင့် အမျိုးသားများနည်းတူ အမျိုးသမီးများမှာလည်း တန်းတူညီမျှ အခွင့်အရေးများ ရရှိသင့်သည်။ အသွေးအရောင် မခွဲခြား တစ်သားတည်း ဆက်ဆံခြင်းခံရသည့် လူသားတစ်ယောက်၏ ရပိုင်ခွင့်၊ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးသည် ညီမျှသော အခြေခံစံနှုန်းများ ဖြစ် သည်။  နိုင်ငံရေး၊ လူမှုရေး၊  စီးပွားရေး   အသိုက်အဝန်းများတွင် လွတ်လပ်စွာ ပါဝင်ခွင့်လည်း ရှိသည်။ ရှေးယခင်ကတည်းက ကျား၊ မ ဆက်ဆံရေး မညီမျှမှုသည် အစဉ်အလာတစ်ရပ်သဖွယ်  ရှိခဲ့သည်။ သို့သော် ယနေ့ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာအလား တိုးတက်ဖွံ့ဖြိုး လာခဲ့သည်။ ခေတ်စနစ်များ အသွင်ပြောင်းလာသကဲ့သို့ အသိအမြင် များလည်း ဟန်ချက်ညီညီ ပြောင်းလဲလာခဲ့သည်။ ၂၀ ရာစုနှောင်းပိုင်း အတွင်း ပြောင်းလဲလာသည့် လူသားဆန်သော အတွေးအမြင်များမှ အမျိုးသမီးများ     အကြမ်းဖက်ဖိနှိပ်ချုပ်ချယ်ခံရမှုကို     ထိထိ ရောက်ရောက် ကာကွယ်တားဆီးရေး ဦးတည်ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည်။   မျက်မှောက်လူနေမှုဘဝတွင်လည်း အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာရပိုင်ခွင့်၊     တန်းတူညီမျှ ဆောင်ရွက်ခွင့်များ တဖြည်းဖြည်း        တိုးတက်ပြောင်းလဲလာရမည်။      အကြမ်းဖက် ခံရမှုများသည်လည်း     မှေးမှိန်လျော့ပါးလာရမည်သာ      ဖြစ် သည်။


နိုင်ငံတကာတွင် ကျား၊ မ တန်းတူညီမျှ အခွင့်အရေးရရှိမှုကို ဆန်းစစ်ကြည့်ပါက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ ယဉ်ကျေးမှုနှင့်  ဘာသာရေးဆိုင်ရာ  အခန်းကဏ္ဍများတွင် အမျိုးသားများနည်းတူ အမျိုးသမီးများ ပါဝင်ခွင့်ရရှိရေး အားနည်းခဲ့ သည်။ အသက်အရွယ်မရွေး အမျိုးသမီးတိုင်းတွင် လွတ်လပ်စွာခံစား ပိုင်ခွင့်များ ရှိသည်။ အမျိုးသမီးများအပေါ် မဖိနှိပ်ရေး၊ အကာအကွယ် ပြုရေး တောင်းဆိုမှုသည် လူ့အခွင့်အရေးအရ တရားနည်းလမ်းကျ သည်။ ကမ္ဘာ့ကုလသဂ္ဂအဖွဲ့ကြီး၏ပဋိညာဉ်ပါ သာတူညီမျှရှိစေရေး၊ ခွဲခြားဆက်ဆံခံရမှုမရှိစေရေး၊ ဖိနှိပ်ချုပ်ချယ်မှုကင်းစင်ရေးဟူသော ဘုံသဘောတူညီမှု ရည်မှန်းချက်များဖြင့် အမျိုးသမီးများဖိနှိပ်ခံရမှုမှ လွတ်မြောက်ရေးကို အကာအကွယ်ပြုပေးထားသည်။ လူမှုနယ်ပယ် အသီးသီးတွင် အမျိုးသမီးများ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်ရေး၊ ထောက်ပံ့ဖြည့်ဆည်းပေးရေး၊ ကျား၊ မတန်းတူအခွင့်အရေးရရှိရေးနှင့် အရာအားလုံးကို တန်းတူညီမျှဖန်တီးနိုင်ခွင့်သည် “အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုကို တွန်းလှန်စို့။ ဖိနှိပ်အကြမ်းဖက်မှုကို အတူ တကွပူးပေါင်းတိုက်ထုတ်စို့” ကြွေးကြော်သံများပမာ အမျိုးသမီးများ ၏ နေ့စဉ်ဘဝကို လှုပ်နှိုးပေးလျက်ရှိသည်။ 


မြန်မာနိုင်ငံအနေဖြင့်လည်း အမျိုးသမီးများ ရပိုင်ခွင့်အခွင့်အရေး ကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ(၃၅၀)တွင် “အမျိုးသမီး များသည် တူညီသော အလုပ်အတွက် အမျိုးသားများ ခံစားခွင့်ရှိသော အခွင့်အရေးနှင့် လစာတို့ကို ခံစားခွင့်ရှိသည်”၊  ပုဒ်မ(၃၅၂)တွင် “နိုင်ငံ တော်သည်  အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊  နိုင်ငံ့ဝန်ထမ်း ရွေးချယ်တာဝန်ပေးရာတွင်ဖြစ်စေ  သတ်မှတ်သော  အရည်အချင်းနှင့် ပြည့်စုံပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏   မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊  ကိုးကွယ်ရာ  ဘာသာသာသနာ၊ အမျိုး သား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်း ကို ခွဲခြားမှုမပြုရ၊ သို့ရာတွင် အမျိုးသားများနှင့် လျော်ကန်သင့်မြတ် သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့် ထားခြင်းကို ဤပုဒ်မအရအဟန့်အတားမဖြစ်စေရ”ဟု ပြဋ္ဌာန်းထား ရှိသည်။


ကမ္ဘာ့လူဦးရေ   ၇ ဒသမ ၉ ဘီလီယံကျော်ရှိသည့်အနက် အမျိုးသမီးဦးရေသည်   ၃ ဒသမ ၇ ဘီလီယံကျော်ခန့်ရှိသည်ဟု မှတ်တမ်းများတွင် ဖော်ပြထားရှိပြီး ခေတ်အဆက်ဆက် ကျား၊ မ ခွဲခြား ဆက်ဆံမှုမြင့်မားခဲ့ပြီး ဒဏ်အခံရဆုံးသူများမှာ အားနွဲ့သူအမျိုးသမီးများ သာ ဖြစ်ခဲ့သည်။  အမျိုးသားများသည်  နိုင်ငံရေးနှင့်   စီးပွားရေး နယ်ပယ်အသီးသီးတွင် နေရာယူခဲ့ကြပြီး အမျိုးသမီးများ၏ အရေးဟူ သမျှမှာ မှေးမှိန်ခဲ့ကြရသည်။ တရားဥပဒေများမှာလည်း အမျိုးသမီးများ အပေါ် ကျူးလွန်သည့်အကြမ်းဖက်မှုများကို အကာအကွယ်ပေးစွမ်းနိုင် ခြင်းမရှိဘဲ ကာလရှည်ကြာစွာ ကျား၊ မ တန်းတူအခွင့်အရေးများ ပျောက်ဆုံးခဲ့ရသည်။ အလားတူ နိုင်ငံရေးဆိုင်ရာ အရွေးချယ်ခံခွင့် ကန့်သတ်ခြင်း၊  မဲပေးခွင့်ပိတ်ပင်ခြင်းများကို  လေ့လာကြည့်ပါက အမျိုးသမီးအခွင့်အရေး ဆုံးရှုံးမှုများကို တွေ့ရှိရမည်ဖြစ်သည်။ 
အကြမ်းဖက်မှုများစွာ တွေ့ရှိနိုင်


အမျိုးသမီးများအပေါ် ကျူးလွန်ပြုမူကြသည့် မှုခင်းဖြစ်ရပ်များကို လေ့လာကြည့်လျှင် အမျိုးသမီးများ ကာယိန္ဒြေပျက်စီးစေရန်ကြံရွယ်မှု၊ အရွယ်မရောက်သေးသော  မိန်းကလေးများ    ခိုးယူပေါင်းသင်းမှု၊ အတင်းအကျပ်ထိမ်းမြားရန်ခိုးယူမှု၊ အလိုမတူသော အဓမ္မပြုကျင့်ခံရမှု၊ အဓမ္မပြုကျင့်ရန် အားထုတ်မှု၊  ဓမ္မတာနှင့်  ဆန့်ကျင်သည့် ကာမစပ် ယှက်မှု၊ ကာမလိမ်လည်ရယူမှု၊ အမျိုးသမီးများ ကာယိန္ဒြေပျက်ပြားစေရန် စော်ကားမှု၊ ကိုယ်အမူအရာဖြင့်ပြုလုပ်မှု၊ ကိုယ်ဝန်ပျက်ကျစေရန်အကြံ နှင့် ပြုလုပ်မှုဖြင့်သေစေမှု၊          အမျိုးသမီးများလူကုန်ကူးခံရမှုကဲ့သို့ အကြမ်းဖက်မှုများစွာ တွေ့ရှိနိုင်သည်။
လူကုန်ကူးမှုပြဿနာမှာ ပင်လယ်ဒီရေအလား တရိပ်ရိပ်မြင့်တက် လာခဲ့ပေသည်။ မှတ်တမ်းများအရ နှစ်စဉ်ပျမ်းမျှ လူကုန်ကူးမှု ၁၃၀ ခန့်ရှိခဲ့ပြီး ကာကွယ်တားဆီးခြင်း၊   လူကုန်ကူးခံရသူများထံမှ အချက်အလက်ရယူခြင်း၊ ပိတ်ဆို့ထောက်လှမ်းဖမ်းဆီးမှုများ ပြုလုပ်နေ သည့်တိုင် လူကုန်ကူးမှုပြဿနာမှာ ခေါင်းထောင်တိုးပွားနေဆဲဖြစ်သည်။ လူကုန်ကူးမှု၏ ပင်မရည်ရွယ်ချက်များကို လေ့လာကြည့်ပါက ထိုင်း နိုင်ငံ၊  အင်ဒိုနီးရှားနိုင်ငံများတွင်  အလုပ်သမားများအဖြစ် ဖမ်းဆီး ခေါ်ဆောင်လျက် လုပ်အားခေါင်းပုံဖြတ်ခြင်း၊ တရုတ်နိုင်ငံတွင် ဇနီး မယားအဖြစ် ရောင်းစားခြင်းများ ပြုလုပ်လာကြသည်ကို တွေ့ရှိရသည်။ အဆိုပါဖြစ်ရပ်များသည် အသက်ငယ်ရွယ်သူ အမျိုးသမီးများအတွက် လွန်စွာရင်နင့်ဖွယ်ကောင်းလှသည်။  အချို့မှာ ကိုယ်ဝန်ဆောင် ကလေး မွေးပေးရခြင်း၊ အိမ်မှုကိစ္စများစွာ  ခိုင်းစေခံရခြင်းတို့ဖြင့် အိမ်တွင်း အကြမ်းဖက်ခံရလျက် ရှိသည်။ တချို့မှာ ပြည့်တန်ဆာလုပ်ငန်းများတွင် အရိုက်နှက်ခံ၊ အထိုးအကြိတ်ခံရလျက် နေ့စဉ်ငရဲကျနေကြရသည်။ အကြမ်းဖက်ခံ၊ အနှိပ်စက်ခံ၊ အဆိုးရွားဆုံး၊ အကျဉ်းကျပ်ဆုံးအခြေအနေ တစ်ခုသို့ တွန်းပို့ပေးသည့် လူကုန်ကူးမှု ဖြစ်စဉ်များပပျောက်ရေး အမြစ်ပြတ်တွန်းလှန်ရမည်မှာ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်။ 


အကြမ်းဖက်ခံရသူသည် လူမှုအသိုင်းအဝိုင်းမှ ပစ်ပယ်ခြင်းခံရလျှင် စိတ်ဓာတ်ခွန်အားပါ အားနည်းသွားနိုင်သဖြင့် ယိုင်နဲ့သွားသော စိတ်ဓာတ်များကို မြှင့်တင်ပေးနိုင်သည့် အားပေးနှစ်သိမ့် ဆွေးနွေးမှု များ လုပ်ဆောင်ပေးရန် လိုအပ်သည်။ 
အကောင်အထည်ဖော် ဆောင်ရွက်
မြန်မာနိုင်ငံသည် အမျိုးသမီးများအခွင့်အရေး ကာကွယ်စောင့် ရှောက်ပေးလျက်ရှိသည့် နိုင်ငံများစာရင်းတွင် ထိပ်ဆုံးက ပါဝင်သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏ ဦးဆောင်မှုဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဥပဒေပညာရှင်များ၊ အစိုးရမဟုတ်သော အရပ်ဘက်လူမှု အဖွဲ့အစည်းများ ပါဝင်သောကော်မတီများဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ  တားဆီးကာကွယ်ရေးဥပဒေကြမ်းကို ပြုစုရေးဆွဲ လျက်ရှိသည်။ အလားတူပင် မြန်မာအမျိုးသမီးများဘဝ လုံခြုံရေး၊ အကြမ်းဖက်မှုများမှ ကာကွယ်တားဆီးရေး၊  အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊  အမျိုးသမီးစွမ်းဆောင်ရည်များ မြင့်မားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစီအမံများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ 


အမျိုးသမီးထုတစ်ရပ်လုံး ဂုဏ်သိက္ခာရှိရှိ ရှင်သန်ရပ်တည်နိုင် ရေးအတွက် အခက်အခဲပြဿနာများကို  နည်းလမ်းမျိုးစုံဖြင့် ကူညီ ဖြေရှင်းပေးခြင်း၊ အကြမ်းဖက်ခံရသူများ၏ ကိုယ်ရောစိတ်ပါ စွဲကပ် နေသည့် ဒဏ်ရာဒဏ်ချက်များကိုကုသပေးခြင်း၊  ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း၊ ညှိနှိုင်းနှစ်သိမ့်ပေးခြင်းလုပ်ငန်းများကို ကရုဏာ ရှေ့ထားကူညီဆောင်ရွက်ပေးခြင်းဖြင့် အမျိုးသမီးများ ကြုံတွေ့နေရ သည့်  အနာဂတ်အရေးသွေးလန့်မှုပြဿနာများ၊  လူပွဲစားများ၏ လူလူချင်းရောင်းချသည့် မနှစ်မြို့ဖွယ်ဖြစ်ရပ်များနှင့် အိမ်တွင်းအကြမ်း ဖက်မှုပြဿနာများစွာသည်  တစ်မုဟုတ်ချင်း  ကွယ်ပျောက်သွားပေ လိမ့်မည်ဟု ယုံကြည်မိသည်။ 
နိုင်ငံတစ်နိုင်ငံသည်   ပူးပေါင်းအားဖြင့်သာ   ဖွံ့ဖြိုးတိုးတက်ရ ပေသည်။ အခန်းကဏ္ဍတိုင်း ဟန်ချက်ညီညီ ပူးပေါင်းပါဝင်မှုမရှိလျှင် တိုးတက်မှုများ နှောင့်နှေးသွားနိုင်သည်။ ယနေ့အချိန်သည် ကျား၊ မ ခွဲခြားနေရမည့် အချိန်မဟုတ်ပေ။ လက်ကိုတွဲ တက်ကိုလွှဲကြရမည့် အချိန် ဖြစ်ပါသည်။ သာတူညီမျှ ချစ်ခင်ကြလျှင် နေပျော်ဖွယ် ကမ္ဘာ ကြီး ဖြစ်လာပေမည်။ တစ်ဦးနှင့်တစ်ဦး လေးစားချစ်ခင်ခြင်းဖြင့် တွဲလက်ညီနိုင်ပေသည်။ 


ချစ်ခြင်းတရားက ဖြူစင်ပေသည်။ အမုန်းက ရှုံးစေပြီး မတရားမှု က နောင်တတရား ပွားများစေသည်။  ဘဝသည် ရိုးရှင်းလှသည်။ တစ်ကမ္ဘာလုံး       ကိုယ်ချင်းစာတရားရှိလျှင်     ငြိမ်းချမ်းနိုင်သည်။ စိတ်သည် အစဉ်မရိုင်းသကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို ရှောင်နိုင် လျှင် အေးချမ်းသည်။ သားသမီးနှင့် သက်ကြီးဘိုးဘွားများကို ပြုစု စောင့်ရှောက်ပေးရသူ၊ စားဝတ်နေရေး စီမံခန့်ခွဲပေးရသူ အမျိုးသမီး များ၏ အခန်းကဏ္ဍကို အထင်မသေးသင့်ပေ။ အမျိုးသမီးဟူသည် တာဝန်မတပ်ထားသော ခေါင်းစဉ်အရပ်ရပ်အောက်တွင် ကောင်းစွာ ရှင်သန်နိုင်သူများ ဖြစ်ကြသည်။  အပြုံးလှ၍  အမြဲအမှတ်ရစရာ လူသားများလည်း ဖြစ်သည်။ 
အချုပ်အားဖြင့် နှစ်စဉ်ကျင်းပပြုလုပ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်း လုံးရှိ အမျိုးသမီးများအပေါ်  ကျူးလွန်ကျရောက်လာနိုင်သည့် အမျိုးမျိုးသော အကြမ်းဖက်မှုများကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်ချင်းစီ ပေါင်းစပ်၍ မဟာတံတိုင်းဆောက်လုပ်ပေးသည့် ပမာတူညီသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး အခန်းကဏ္ဍ တိုင်းတွင် ကိုယ်ချင်းစာတရားအပေါ် အခြေပြုတည်ဆောက်ထားသဖြင့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင်ဆောင်ရွက် စို့” ဆောင်ပုဒ်နှင့်အညီ ပြည်သူတစ်ရပ်လုံးမှ အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစဉ်တိုင်းတွင် တက်ကြွစွာပါဝင်ကြရေး တိုက်တွန်းနှိုးဆော်   လျက်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး  ၁၆ ရက်တာ လှုပ်ရှားမှုအခါသမယကို  ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။      ။


n