ညီညွတ်ခြင်းသည် အင်အား . . .
ဘမောင်တိုး
======
တိုင်းပြည်မှာ ဆူပူအကြမ်းဖက်အဖျက်လုပ်ရပ်တွေ ပေါ်ပေါက်နေတာဟာ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မကောင်းတဲ့အဖြစ်တွေပါပဲ။ ဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေမယ်ဆိုရင် ပြည်သူတွေ ဘယ်သူမှဝမ်းသာကြမှာ မဟုတ်ပါဘူး။ မြို့ရွာတွေမှာရှိတဲ့ ပြည်သူလူထုအများစုဟာ အကြမ်းဖက်အဖျက်လုပ်ရပ်တွေကြောင့် ကြောက်ရွံ့စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပူပန်သောက ရောက်နေကြမယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ပြည်သူအားလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် မကောင်းမှုတွေကို ဝမ်းသာအားရဖြစ်နေတဲ့သူတွေက အနည်းစုဖြစ်ပြီး စိုးရိမ်ထိတ်လန့်ဖြစ်ကြတဲ့ ပြည်သူတွေက အများစုဖြစ်မှာ သေချာပါတယ်။
- Read more about ညီညွတ်ခြင်းသည် အင်အား . . .
- Log in to post comments