ကောင်းကင်ဘုံ တောင်ဘက်တံခါးပေါက်မှ ဖွံ့ဖြိုးရေးပန်းခင်းများ
(ယမန်နေ့မှအဆက်)
(၆)
မြောင်ဇီးအမျိုးသမီးများ၏ ခေါင်းတွင် အနက်စအရှည် ဆယ်ကိုက်ကျော်ခန့် အား အထပ်ထပ်ဖြင့် လှပစွာ ခေါင်းပေါင်းပြုလုပ်၍ ဆင်မြန်းထားကြ ၏။ ကော်လံအပြားကြီးပါသော အင်္ကျီ လက်ရှည်ဆင်မြန်း၏။ ထိုအင်္ကျီလက် တွင် အဖြူ၊ အနီ၊ အပြာ၊ အဝါ၊ အစိမ်း၊ ခရမ်း၊ လိမ္မော်အစရှိသော အရောင် တန်းများဖြင့် အလှဆင်ထားပြန်၏။ ထို့နောက် အပေါ်တွင် လက်ပြတ် ကုတ်အင်္ကျီကို ဆင်မြန်းသည်။ ရိုးရာ စကပ်ကို ဝတ်ဆင်ပြီး စကပ်၏နောက် တွင် အမြတ်တနိုးဖြင့် ပန်းဖွားပါသော အဝတ်ကြိုးရှည်ကို ဆင်မြန်းကြလေ သည်။