လေးဝတီ ကုလားတန် အမြန်အေးချမ်း မိုးဆန်းပန်းသို့ ...
မောင်မန်းညို (မဟာဝိဇ္ဇာ)
မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဖြစ်သော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းဒေသများသည် သဘာဝအရင်းအမြစ်၊ သမိုင်းဝင်ယဉ်ကျေးမှုအမွေ အနှစ်များနှင့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းများ ဆုံစည်းရာ အချက်အချာမြေဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းနေ ဒေသခံပြည်သူတို့၏ အသက်သွေးကြောဖြစ်သည့် ကုလားတန်မြစ်သည် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ကုန်စည်စီးဆင်းမှုတို့တွင် မရှိမဖြစ် အားထားရသည့် မိခင်မြစ်ကြီး ဖြစ်ပါသည်။