ပညာရေး
ရုက္ခဗေဒဆရာကြီး ဒေါက်တာဦးကျော်စိုး M.Sc(Rgn.), A.M(Harvard),Ph.D(Harvard)
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
=========================
ရုက္ခဗေဒဆရာကြီး ဒေါက်တာဦးကျော်စိုး M.Sc(Rgn.), A.M(Harvard),Ph.D(Harvard)
=================================================================
ဦးစိုးမြင့်
(အငြိမ်းစားပါမောက္ခချုပ်)
ရန်ကုန်တက္ကသိုလ်နှင့် ကျွန်မ
ဒေါက်တာလေးငုံ
ကျွန်မသည် ၁၉၈၇ ခုနှစ်တွင် အခြေခံပညာအထက်တန်းစာမေးပွဲကို (က) အဆင့်ဖြင့် အောင်မြင်ခဲ့ပါသည်။ ထိုနှစ်က စနစ်သစ်၏ ပထမဆုံးဖြေဆိုရသော စာမေးပွဲဖြစ်သောကြောင့် အောင်မြင်သူ အလွန်နည်းသည်။ ထိုသို့ရှားရှားပါးပါး အောင်မြင်သူများထဲမှ ကျွန်မပါဝင်ခဲ့၍ အလွန်ပျော်ခဲ့ရသည်။ အောင်စာရင်းကြည့်ပြီး ပြန်လာသော ကျွန်မ၏ ခြေလှမ်းများသည် မြေကြီးနှင့် မထိတော့ဟုထင်ရသည်။ ချက်ချင်းပင် တက္ကသိုလ်ကျောင်းသူကြီး ဖြစ်သွားသလို ခံစားရသည်။
- Read more about ရန်ကုန်တက္ကသိုလ်နှင့် ကျွန်မ
- Log in to post comments
ရန်ကုန်တက္ကသိုလ်မှ ကျွန်တော့်ဆရာများ
ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)
ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်မှာ သတိရလွမ်းစရာတွေက ဘွဲ့နှင်းသဘင်ခန်းမနဲ့ အင်းလျားကန်၊ ကံ့ကော်တောနဲ့ သစ်ပုပ်ပင်၊ ဓာတုဗေဒဌာနနဲ့ အသေးစားအဏုမြူ ဓာတ်ခွဲခန်းတို့ ဖြစ်ပါတယ်။ ဒိထက်ပို၍ တမ်းတလွမ်းရသူများကတော့ ကျွန်တော့်ဆရာများပဲဖြစ်ပါတယ်။ ဓာတုဗေဒပညာကို စတင်မိတ်ဆက်ပို့ချပျိုးထောင်သူ၊ တပည့်အပေါင်းက လေးစားချစ်ခင်ရသူ ဆရာ ဒေါက်တာမောင်ဒီနဲ့ နိဒါန်းပျိုးချင်ပါတယ်။
- Read more about ရန်ကုန်တက္ကသိုလ်မှ ကျွန်တော့်ဆရာများ
- Log in to post comments
စနစ်သစ်ပညာရေးအစ ၁၉၆၄-၆၈ ကာလက တက္ကသိုလ်ရေကူးပြိုင်ပွဲများနှင့် ရန်ကုန်တက္ကသိုလ် ရေကူးအသင်း၏ အောင်နိုင်မှုများ
အေးညွန့်ကြည်
ရန်ကုန်တက္ကသိုလ်ကြီးဟာ ပညာရေးကို အဓိကအခြေပြုပြီး အမျိုးသားရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုများ၊ စာပေနဲ့ အနုပညာလှုပ်ရှားမှုများနဲ့အတူ အားကစားလှုပ်ရှားမှုများဟာလည်း အရေးပါတဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ အားကစား လှုပ်ရှားမှုတွေထဲမှ တက္ကသိုလ်ရေကူးပြိုင်ပွဲများဟာလည်း ကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့တာမို့ နှစ် (၁၀၀) ပြည့် ရန်ကုန်တက္ကသိုလ်ကို ဂုဏ်ပြုပြီး ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါတယ်။
နှလုံးသားအက္ခရာတင်ရာ ရန်ကုန်တက္ကသိုလ်
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
=========================
နှလုံးသားအက္ခရာတင်ရာ ရန်ကုန်တက္ကသိုလ်
==========================
ခိုင်(မိတ္ထီလာ)
- Read more about နှလုံးသားအက္ခရာတင်ရာ ရန်ကုန်တက္ကသိုလ်
- Log in to post comments
ကျင့်ဝတ်ကောင်းမြတ်၊ စိတ်ဓာတ်ကောင်းတည်၊ အမိရန်ကုန်တက္ကသိုလ်ဆီ
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
=======================
ကျင့်ဝတ်ကောင်းမြတ်၊ စိတ်ဓာတ်ကောင်းတည်၊ အမိရန်ကုန်တက္ကသိုလ်ဆီ
==========================================
ဒေါက်တာသွင်သွင်အောင်
ရန်ကုန်တက္ကသိုလ်ကြီး မွေးဖွားလာတာ နှစ်(၁၀၀) ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ပညာသင်ယူခြင်းနှင့်တူသော မိတ်ဆွေမရှိလို့ အဓိပ္ပာယ်ရတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “နတ္ထိ ဝိဇ္ဇာ၊ သမံ မိတ္တံ” ဆိုတဲ့ အမှတ် တံဆိပ်ဟာလည်း ရန်ကုန်တက္ကသိုလ်ကြီးကို ဂုဏ်ဝင့်ထည် မြင့်မားခံ့ညားစေပါတယ်။
ပထမ မြန်မာသင်္ချာပါမောက္ခ ဆရာကြီး ဦးအောင်လှ
မြင့်မြင့်ခိုင်
ရန်ကုန်တက္ကသိုလ်ကြီး နှစ်တစ်ရာပြည့် အချိန်အခါသမယတွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာန၌ တာဝန်ထမ်းဆောင်သွားသော ဆရာကြီးများအနက် မြန်မာလူမျိုးများထဲမှ ပထမဦးဆုံး သင်္ချာပါမောက္ခ တာဝန်ယူရသည့် ကျွန်မ၏ ဆရာတစ်ဦးဖြစ်သော ဆရာကြီး ဦးအောင်လှကို ဂုဏ်ပြုသောအားဖြင့် ယခုစာစုကို ရေးသားဖော်ပြအပ်ပါသည်။
ဆရာကြီး၏ဘဝဖြစ်စဉ်
- Read more about ပထမ မြန်မာသင်္ချာပါမောက္ခ ဆရာကြီး ဦးအောင်လှ
- Log in to post comments
ပါမောက္ခချုပ်ဦးခင်မောင်တင့် သို့မဟုတ် စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်
သိန်းထက်အောင်
ရန်ကုန်တက္ကသိုလ်ကြီးကား သက်တမ်း နှစ်တစ်ရာပြည့်မြောက်ခဲ့ပြီ။ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် စာပေ၊ ပန်းချီ၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများအပြင် မြန်မာ့ရုပ်မြင်သံကြားမှ တက္ကသိုလ် အလွမ်းပြေသီချင်း အပုဒ်ရေ တစ်ရာကို အပတ်စဉ်သောကြာနေ့တိုင်း ထုတ်လွှင့်ပေးခြင်းနှင့် နေ့စဉ်ထုတ်လွှင့်ပေးခဲ့သလို နိုင်ငံပိုင်သတင်းစာများကလည်း တက္ကသိုလ်အကြောင်း ဆောင်းပါးများကို နေ့စဉ်ဖော်ပြပေးခဲ့ရာ ယနေ့တိုင် ဖတ်ရှုနေရဆဲဖြစ်ပါသည်။