သိစေ၊ ကြားစေ ညွှန်းသက်သေ

Type
1

အောင်ရှင်း

====

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး    ပြည်ပ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ ပြည်တွင်းမီဒီယာ တွေ၊ အဆိုးမြင် ပြည်ပမီဒီယာတွေက  သတင်းတု သတင်းမှားတွေ ထုတ်ပြန်လျက်ရှိပါတယ်။ သံတမန် ကျင့်ဝတ်နဲ့မညီတဲ့ အချို့အနောက်နိုင်ငံသံတမန်အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းအချို့ကလည်း အဲဒီသတင်းတုသတင်းမှားတွေကိုအခြေခံပြီး တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတာကို မြင်တွေ့နေရပါတယ်။


သူတို့ရဲ့ထုတ်ပြန်ချက်အများစုဟာ နိုင်ငံတော် အစိုးရနဲ့ သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်တဲ့အချက် အလက်တွေကို အခြေခံခြင်းမရှိဘဲ မီဒီယာကျင့်ဝတ်၊ သံတမန်ကျင့်ဝတ်တွေကိုဖောက်ဖျက်ပြီး နိုင်ငံရေး ရည်မှန်းချက်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ တွေကို ပိုမိုရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်နေတာကို အထင်အရှား မြင်တွေ့နေရပါတယ်။


သတင်းအမှားများနှင့် မူးယစ်ဆေးဝါးပြဿနာ


အထူးသဖြင့်  လက်ရှိအချိန်မှာ   ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ နိုင်ငံ့တာဝန်ကို ခေတ္တထိန်းသိမ်း ထားရတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကို ဘက်ပေါင်းစုံက နိုင်ငံရေးအရ ဖိအားပေးဖို့ ဆောင်ရွက်နေကြပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ မူးယစ်ဆေးဝါးကိစ္စကို လိုရာဆွဲယူပြီး တစ်ဖက်သတ်စွပ်စွဲပြစ်တင်ဝေဖန်မှု ပြုလုပ်ထားတဲ့ ထုတ်ပြန်ချက်တစ်ခုကို U.S Embassy Rangoon ရဲ့ Facebook Page မှာ ရေးသားဖော်ပြ ထားတာ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီ Page က ရေးသား ဖော်ပြချက်အရဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေကြောင့်ပဲ ဒေသတွင်းမူးယစ် ဆေးဝါးထုတ်လုပ်မှု        ပိုမိုဆိုးရွားလာသယောင် ကုလသမဂ္ဂ  မူးယစ်ဆေးဝါးနှင့်   ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime -UNODC)ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြ ခဲ့ပါတယ်။ 


အမှန်တော့ UNODC ရဲ့အစီရင်ခံစာမှာ COVID ဖြစ်ပွားနေပေမယ့်   ဒေသတွင်း   မူးယစ်ဆေးဝါး ကုန်သွယ်မှုကျဆင်းမသွားကြောင်းနဲ့၊ ရာဇဝတ် ဂိုဏ်းတွေက မူးယစ်ဆေးဝါးကုန်သွယ်မှုကို တိုးချဲ့ နေကြကြောင်း  ရေးသားထားတာဖြစ်ပါတယ်။ UNODC ရဲ့   အစီရင်ခံစာမှာ ၂၀၂၀ ပြည့်နှစ်က အချက်အလက်အများစုပေါ်မှာသာ    အခြေခံပြီး သုံးသပ်ရေးသားထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ဖော်ပြချက်မျိုး လုံးဝ မပါရှိပါဘူး။ မြန်မာနိုင်ငံအစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေ၊ ဖမ်းဆီးရမိမှု တွေကိုလည်း       အထောက်အထားတွေနဲ့တကွ ရေးသားဖော်ပြထားတာကို တွေ့ရှိရပါတယ်။ 
ဒါ့အပြင် အမေရိကန်သံရုံးကဖော်ပြချက်မှာ သုံးစွဲကိုးကားထားတဲ့ ဓာတ်ပုံက UNODC နဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိတဲ့ United Nations Office for the Coordination of Humanitarian Affairs (OCHA)-Myanmar ရဲ့ Twitter မှာ ဖော်ပြထား ချက်တစ်ခုသာ  ဖြစ်ပါတယ်။    ဒီလိုမဟုတ်မမှန် ရေးသားထားလို့ အမေရိကန်သံရုံး facebook Post အောက်က comment တွေမှာ မြန်မာပြည်သူတွေက ကန့်ကွက်ရေးသားခဲ့ကြလို့ သုံးစွဲထားတဲ့ဓာတ်ပုံကို ပြန်လည်ပြောင်းလဲခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် အမေရိကန်သံရုံး facebook Post ကနေ ဖော်ပြချက် ဟာ အချက်အလက်တွေ  တိကျမှန်ကန်မှုမရှိတဲ့ အပြင်  လွဲမှားတဲ့အချက်တွေပါဝင်နေပြီး   လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့   မူးယစ် ဆေးဝါးတိုက်ဖျက်ရေး    ဆောင်ရွက်ချက်တွေကို မသိချင်မမြင်ချင်ယောင်ဆောင်နေခြင်းသာမက မျက်မှန်စိမ်းတပ် နားထဲဂွမ်းဆို့ပြီး လိုရာဆွဲဖော်ပြ ချက်ပဲဖြစ်ပါတယ်။


အလားတူ        အချို့နာမည်ကြီးမီဒီယာတွေ ကလည်း    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးလုပ်ဆောင်ချက်တွေကို မျက်ကွယ်ပြုပြီး လိုရာ ဆွဲပြီးပုံကြီးချဲ့ထားတဲ့သတင်းအမှားတွေ ဖော်ပြနေ ကြတာကို တွေ့ရှိရပါတယ်။ သူတို့ရဲ့ ဖော်ပြချက်အရ အများစုဟာ     သတင်းမီဒီယာကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး နိုင်ငံရေးရည်မှန်းချက်နဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို   ပိုမိုရှုပ်ထွေး အောင်၊ ကမ္ဘာ့အသိုင်းအဝိုင်းက  အဆိုးမြင်လာစေ အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။ တည့်တည့်ပြောရရင်တော့ မြန်မာ နိုင်ငံကို သတင်းမီဒီယာစစ်ပွဲ(Information and media Warfare)   ဆင်နွှဲနေကြတာပဲ    ဖြစ်ပါ တယ်။


 နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ


ခေတ်အဆက်ဆက်  မြန်မာနိုင်ငံအစိုးရတွေ အနေနဲ့  နိုင်ငံရေးစနစ်အမျိုးမျိုးကို   ပြောင်းလဲ ကျင့်သုံးခဲ့ပေမယ့်   မူးယစ်ဆေးဝါးပြဿနာကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်  တိုက်ဖျက်ချေမှုန်းခဲ့ကြပါတယ်။ ယခုလက်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း တွေကို ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်။   ဒီလိုလုပ်ဆောင်ခဲ့တဲ့အတွက် ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန် ယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ဇွန်လ ၃၀ ရက်နေ့ထိ ဘိန်းဖြူ ၁၀၄၃.၀၅၂ ကီလို၊ ဘိန်းစိမ်း ၇၆၅.၄၁၆ ကီလို၊   ဘိန်းမည်း ၁၀၃.၂၃ ကီလို၊ ဆေးခြောက် ၂၈.၇၆၁ ကီလို၊ စိတ်ကြွ ဆေးပြား ၉၉၄၇၄၈၃၀၊ အိုက်စ် ၆၃၉၆.၃၇၄ ကီလို နှင့်  အခြားဆက်စပ်ပစ္စည်း ၄၀၇၂၁.၅၆၆ ကီလို၊ စုစုပေါင်းတန်ဖိုး မြန်မာကျပ်ငွေ ၃၁၇.၀၉ ဘီလီယံ ကျော် (အမေရိကန်ဒေါ်လာ ၁၉၃.၁ သန်း)ခန့် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးရရှိမှုအသေးစိတ် ကိုတော့ အားလုံးသိရှိအောင် ဇယားနဲ့ဖော်ပြထား ပါတယ်။

 

p စာမျက်နှာ ၆ မှ
ဒီလိုဖမ်းဆီးရမိမှုတွေကို   ကြည့်မယ်ဆိုရင်ပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံ ရေးနဲ့နွှယ်လို့မရတဲ့  လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့အန္တရာယ် မူးယစ်ဆေးဝါးကို  အမြစ်ပြတ်အောင် ချေမှုန်းဖို့ ကိုယ့်ခွန်ကိုယ့်အားနဲ့ ဆောင်ရွက်နေတာ ကို အထင်အရှား မြင်တွေ့နိုင်ပါတယ်။  အနောက် နိုင်ငံကြီးအချို့ကတော့ ပကတိဖြစ်ရပ်မှန်အတိုင်း ရှုမြင်နိုင်ခြင်းမရှိဘဲ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်   အချိန်တိုကာလအတွင်းမှာ တင် မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ရွက်ချက် တွေကို မသိကျိုးကျွန် မျက်ကွယ်ပြုပြီး  တစ်ဖက် သတ် အပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လာတာကို စိတ်မကောင်းဖွယ်ရာ    မြင်တွေ့ကြားသိနေရပါ တယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      အစိုးရ လက်ထက်   ပြတ်ပြတ်သားသားဆောင်ရွက်ချက် တစ်ခုကိုလည်း ဇွန်လ ၂၆ ရက်နေ့က  ကမ္ဘာကို ချပြနိုင်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေး အထိမ်းအမှတ်နေ့အဖြစ် ဖမ်းဆီးရမိတဲ့ မူးယစ် ဆေးဝါးများ၊ ဓာတုပစ္စည်းများနဲ့ ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းတွေကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး သုံးနေရာမှာ တစ်ပြိုင်နက်တည်း  ဆောင်ရွက်ခဲ့ပါ တယ်။ အဲဒီ မီးရှို့ဖျက်ဆီးခဲ့တဲ့ပစ္စည်းတွေအားလုံး စုစုပေါင်းမှာ ဘိန်း ၃၈၇၀ ကီလိုကျော်၊ ဘိန်းဖြူ ၂၅၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ၁၄၀၈၀ ကီလိုကျော်၊ ဆေးခြောက် ၇၃၉ ကီလိုကျော်၊ ကတ်တမင်း ၂၈၉ ကီလိုကျော်၊ ကဖင်း ၁၂ တန်ခွဲကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်း ၆၂ မျိုး၊   စုစုပေါင်းတန်ဖိုး    မြန်မာ ကျပ်ငွေ ၁၀၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်) ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီ မီးရှို့ဖျက်ဆီးပွဲတွေကို အစိုးရတာဝန်ရှိသူတွေအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း တက်ရောက် စေပြီး သတင်းအမှန်တွေ ထုတ်ပြန်ပေးခဲ့ပါတယ်။ သိစေချင်ကြားစေချင်လို့ သက်သေအထောက်အထား တွေနဲ့ သတင်းအမှန်တွေကို အစဉ်တစိုက်ထုတ်ပြန် ပေးနေပေမယ့်လည်း မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ယခုလို အပုပ်ချဝေဖန်တိုက်ခိုက်နေတာ ရိုးသားမှု မရှိဘူးလို့ ယူဆရမှာဖြစ်ပါတယ်။ 


ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှု


မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေအရ   “ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံက အရေးယူပိတ်ဆို့ဖို့” ဆိုတဲ့ သတင်း တွေ အကြောင်းအရာတွေကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ ပေါ်မှာ အသစ်တစ်ဖန်မြင်တွေ့နေရပါတယ်။ သမိုင်း ကြောင်းကိုပြန်ကြည့်ရင် ဒီလိုမျိုးအရေးယူပိတ်ဆို့ မှုတွေ  ဆောင်ရွက်ခဲ့တဲ့အတွက်   မြန်မာနိုင်ငံရဲ့ စီးပွားရေးက တိုးတက်သင့်သလောက် မတိုးတက်ခဲ့ ဘဲ သာမန်ပြည်သူလူထုကြီးသာ အတိဒုက္ခရောက်ခဲ့ ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကြီး က မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း         အလုပ်မဖြစ်ဘူး ဆိုတာကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး အပါအဝင် နိုင်ငံအားလုံးက          သိရှိပြီးတဲ့ကိစ္စရပ်ဖြစ်ပါ တယ်။ 
ဒီလိုစီးပွားရေးပိတ်ဆို့မှုတွေက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုတွေ၊ လက်နက်ကိုင် အဖွဲ့အစည်း  အများအပြား တည်ရှိနေတာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံနယ်စပ်ဒေသ တွေရဲ့ လူမှုစီးပွားဘဝတွေကို ကြီးမားစွာ ရိုက်ခတ် လာခဲ့ပါတော့တယ်။  ဒီအကျိုးသက်ရောက်မှုက မြန်မာနိုင်ငံမှာရှိတဲ့   တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စားဝတ်နေရေးနဲ့  လက်နက် တပ်ဆင်နိုင်ရေးအတွက်     အချိန်တိုတိုအတွင်း ငွေများများရနိုင်တဲ့ စီးပွားရေးလုပ်ငန်းက မူးယစ် ဆေးဝါးထုတ်လုပ်  ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း တွေ ဖြစ်လာပါတော့တယ်။  ဒီလို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့   စီးပွားရေးလုပ်ငန်းတွေကြောင့်ပဲ လက်နက်တွေ   အလွယ်တကူမစွန့်လွှတ်နိုင်ရတဲ့ အကြောင်းတစ်ချက် ဖြစ်နေပါတော့တယ်။


ဒါ့ကြောင့်  မြန်မာနိုင်ငံမှာ  ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါးပြဿနာရဲ့ အရင်းခံ ဇာစ်မြစ်တစ်ခု က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့ ရဲ့ရှင်သန်ရပ်တည်မှုအတွက် အဓိကဝင်ငွေရရှိ ရေး     မူးယစ်ဆေးဝါး  ထုတ်လုပ်ဖြန့်ချိမှုတွေမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ပတ်သက် နေကြခြင်းပဲ ဖြစ်ပါတယ်။


အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မူးယစ်ဆေးဝါး   တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဟန်ပြဆောင်ရွက်နေပေမယ့်လည်း နောက်ကွယ်မှာ တော့ မူးယစ်ဆေးဝါး  ထုတ်လုပ်ဖြန့်ဖြူးမှုတွေကို အကြီးအကျယ် လုပ်ကိုင်ဆောင်ရွက်နေကြတယ်ဆိုတာကို ဖမ်းဆီးရမိခဲ့တဲ့   သက်သေအထောက် အထားတွေအရ မြင်တွေ့ကြရမှာဖြစ်ပါတယ်။
တိုင်းရင်းသား   လက်နက်ကိုင်အဖွဲ့တွေဟာ အရင်က ဘိန်းစိုက်ပျိုးခြင်းနဲ့ ဘိန်းဖြူချက်လုပ်ခြင်း ကို အဓိကထားပြီး ငွေရှာခဲ့ကြပေမယ့် ဘိန်းကဲ့သို့ အချိန်ကာလ စောင့်ဆိုင်းရန်မလိုအပ်ဘဲ ချက်လုပ် ရန်ပိုမိုလွယ်ကူပြီး  အမြတ်ငွေပိုမိုရရှိနိုင်တဲ့ လူလုပ် မူးယစ်ဆေး (Synthetic Drugs)တွေကို  ပြောင်းလဲ ထုတ်လုပ်ရောင်းချနေကြပါတယ်။  အထူးသဖြင့်   စိတ်ကြွမူးယစ်ဆေးဝါး (Amphetamine) နဲ့ အိုက်စ် (Ice)ကဲ့သို့ လူသိများတဲ့   မီသိုင်းအဖက်တမင်း ပုံဆောင်ခဲ(Crystal Meth)တွေကို အကြီးအကျယ် ချက်လုပ်ရောင်းချလျက်ရှိပါတယ်။


အဲဒီမူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေကို သာမန်ဒေသခံပြည်သူတွေ   ဝင်ရောက်ခွင့်မရှိတဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်နယ်မြေတွေမှာ တည်ဆောက်ထားကြပါတယ်။ တစ်နည်းအားဖြင့် သူတို့ရဲ့ လွတ်မြောက်နယ်မြေ တွေဖြစ်ပြီး အစိုးရရဲ့အုပ်ချုပ်မှုယန္တရားသက်ရောက် မှု နည်းတဲ့နေရာတွေမှာ လျှို့ဝှက်စွာ လုပ်ကိုင်ဆောင် ရွက်ပြီး လမ်းကြောင်းအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး နဲ့  မူးယစ်ဆေးဝါးတွေကို   သယ်ဆောင်ရောင်းချ နေကြခြင်းဖြစ်ပါတယ်။
အဲဒီနေရာတွေကို တပ်မတော်နဲ့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ သတင်းများဖော်ထုတ်ပြီး စစ်ဆင် ရေးအသွင်ဖြင့်   အကြိမ်ကြိမ်ဖမ်းဆီးနှိမ်နင်းခြင်း တွေ ဆောင်ရွက်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေအနေနဲ့ မူးယစ်ဆေးဝါးတွေကို သူတို့ရဲ့ နယ်မြေထဲမှာ အဓိကချက်လုပ်ပြီး သယ်ယူပို့ဆောင် ရာမှာတော့  ဒေသခံတိုင်းရင်းသားတွေနဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေကို    အသုံးပြုလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာမူးယစ်ဂိုဏ်းတွေနဲ့ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးနဲ့ လက်နက် လဲလှယ်ခြင်း၊ ငွေကြေးခဝါချခြင်းနဲ့ မူးယစ်ဆေးဝါး မှရရှိတဲ့ ငွေတွေကို တရားဝင်စီးပွားရေးလုပ်ငန်း တွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံခြင်းတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့ကြောင့်လည်းမူးယစ် ဆေးဝါးကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေ သက်ဆိုးရှည်နေသလို ပြည်တွင်း ပဋိပက္ခ တွေမချုပ်ငြိမ်းဘဲ   ပြည်တွင်းငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် မြင်တွေ့ရမှာ    ဖြစ်ပါ တယ်။ 


ဒါ့ကြောင့်    လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့   မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာတားဆီးထိန်းချုပ်နိုင်ရေးနဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေရေးအတွက် တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်လျက်ရှိပါတယ်။


(ဆက်လက်ဖော်ပြပါမည်)