ပြည်သူလူထုတစ်ရပ်လုံး၏ တက်ကြွသောအားပေးထောက်ခံမှု

 

နိုင်ငံအတွင်းဖြစ်ပေါ်နေသည့်အခြေအနေများအရ နိုင်ငံတော်လုံခြုံ ရေးနှင့်ကာကွယ်ရေးတို့မှာ အရေးကြီးဆုံးသောလုပ်ငန်းတာဝန် များဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ မြို့၊ ရွာများမှာ လုံခြုံမှုကင်းမဲ့ကာ တည်ငြိမ်အေးချမ်းမှုပျက်ယွင်းလျက်ရှိသည့် အတွက် ဒေသခံပြည်သူတို့မှာ အထိတ်တလန့်၊ ကျီးလန့်စာစား နေထိုင်ကြရသည်။ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မြို့၊ ရွာများ၊ နိုင်ငံပိုင်အဆောက် အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့ကို မထောက်ခံသည့်ဒေသခံ ပြည်သူများကို ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း၊  ဆက်ကြေးကောက်ခြင်း၊ လမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြသည်။


ယင်းသို့သောအခြေအနေများတွင်   နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ပြည်သူများအေးချမ်းသာယာစွာ လုပ်ကိုင်စား သောက်နေထိုင်နိုင်ကြရေးအတွက် တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက စွန့်လွှတ်စွန့် စားသည့်စိတ်ဓာတ်ဖြင့် အသက်ကိုပဓာနမထားဘဲ နယ်မြေလုံခြုံ ရေး၊ ကာကွယ်ရေးတာဝန်များကို နေ့ရောညပါ ထမ်းဆောင်လျက် ရှိကြသည်။ လက်နက်ကိုင်သောင်းကျန်းသူများနှင့်အကြမ်းဖက် သမားများ၏လုပ်ရပ်များနှင့် ကျူးလွန်မှုများကို ၎င်းတို့ဝင်ရောက် လှုပ်ရှားကြရာဒေသများမှ ပြည်သူများက ခံစားကြရသည်။ မူလ က အေးချမ်းစွာနေထိုင်နိုင်ခဲ့ကြသော်လည်း ၎င်းတို့ရောက်ရှိလာ ပြီး မြို့ရွာများတွင် တိုက်ကွက်ဖော်ကြခြင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသည့်ဘဝသို့ရောက်ကြရသည်။ လက်နက်အားကိုး ဗိုလ်ကျအနိုင်ကျင့်ခြင်းကိုလည်း ခံစားလာကြရသည့်အခါ မခံချင် စိတ်ဖြင့် တုံ့ပြန်လိုလာကြပြီး နီးစပ်ရာလှုပ်ရှားလုံခြုံရေးအဖွဲ့ များနှင့် ပူးပေါင်းကူညီမှုများ ပြုကြသကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင် များကိုလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုကြသည်။


ပြည်တွင်း၌ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေအရပ် ရပ်တို့မှာ နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည်။ အကယ်၍ သာ နိုင်ငံတော်၏လုံခြုံရေးနှင့် ကာကွယ်ရေးစနစ်ကြီးတစ်ရပ်လုံး ပြိုလဲပျက်စီးသွားပါက နိုင်ငံတော်အစိတ်စိတ်အမြွှာမြွှာကွဲသွား မည်ဖြစ်သလို ဒေသတစ်ခုနှင့်တစ်ခု၊  လက်နက်ကိုင်တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုးတို့အကြား   အပြန်အလှန် တိုက်ခိုက်မှုများ၊ နယ်လုပွဲများ၊ သတ်ဖြတ်ပွဲများ မလွဲမသွေဖြစ် ပေါ်လာမည်ဖြစ်သည်။  ယင်းအခြေအနေသို့ရောက်မှဆိုလျှင် နိုင်ငံနှင့်လူမျိုးတို့ကို   ပြန်လည်အဖတ်ဆယ်နိုင်ရန်   မည်သို့မျှ ဖြစ်နိုင်တော့မည်မဟုတ်။ သို့ဖြစ်သည့်အလျောက် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသောအရေး (၃) ပါး တာဝန် များကို ရှေ့တန်းနယ်မြေအသီးသီးတို့တွင် စွန့်စွန့်စားစား၊ စွမ်းစွမ်း တမံထမ်းဆောင်နေကြသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များအား နိုင်ငံ တစ်ဝန်းမှ စေတနာရှင်အလှူရှင်ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်း မိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေများ၊ စားသောက်ဖွယ်ရာများ၊ ဆေးဝါးများ၊ လက်ဆောင်ပစ္စည်းများနှင့် အားပေးသည့်စာလွှာများ ကိုစုပေါင်း၍ စနစ်တကျပြင်ဆင်ထုပ်ပိုးပေးပို့လျက်ရှိသည်။ နောက် တန်းဒေသအသီးသီးမှ ပြည်သူလူထု၏စိတ်ရောကိုယ်ပါအားပေး မှု၊ ထောက်ခံမှုများက ရှေ့တန်းနယ်မြေအသီးသီးတွင် သက်စွန့် ဆံဖျား တာဝန်ထမ်းနေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးချင်း စီတိုင်းကို  ကြီးမားသည့်စိတ်ဓာတ်ခွန်အားများ ဖြစ်ပေါ်စေနိုင် မည်ဖြစ်သည်။


နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးသည် နိုင်ငံသားအားလုံး နှင့်သက်ဆိုင်သည်။ နိုင်ငံသားတိုင်း၏တာဝန်လည်းဖြစ်သည်။ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ခြင်းလည်းဖြစ် သည်။ အကြမ်းဖက်အဖျက်သမားသောင်းကျန်းမှုများ မချုပ်ငြိမ်း သရွေ့ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒီမို ကရေစီအရေးတို့ အလှမ်းဝေးနေမည်။ ပြည်ထောင်စုကို ဖြိုခွဲလို သည့်နိုင်ငံ့အန္တရာယ်များကို စွန့်လွှတ်စွန့်စားစိတ်ဓာတ်ဖြင့် တိုက် ခိုက်ချေမှုန်းကာ လုံခြုံရေးတာဝန်များ နေ့ညမပြတ်ထမ်းဆောင် နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး၏တက်ကြွသောအားပေးထောက်ခံမှုများဖြင့် ပူးပေါင်းပါဝင်ခွန်အားဖြစ်ထွန်းစေရပါမည့်အကြောင်း။      ။