စစ်မှန်စည်းကမ်းပြည့်ဝမှုနှင့် . . . ဖက်ဒရယ်ဒီမိုကရေစီဟူသည်

Type

မိုးမြင့် 

====

 

နိုင်ငံတော်၏   အနာဂတ်အတွက်    စစ်မှန် စည်းကမ်းပြည့်ဝသော   ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ဒီမိုကရေစီကို  တည်ဆောက်သွားမည်ဟု အလေးအနက်အာမခံထားပါသည်။      ပါတီစုံ ဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲတစ်ရပ်သည် မြန်မာ့ဒီမိုကရေစီနှင့် နိုင်ငံရေးစနစ်တစ်ခုအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်သကဲ့သို့ ၁၃၅ မျိုးသော တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည့် မြန်မာ နိုင်ငံတော်အတွက်       ဖက်ဒရယ်ဒီမိုကရေစီစနစ် သည်သာ        အသင့်တော်ဆုံးဖြစ်သည်ဟုလည်း ဆိုထားပါသည်။ 
အတုယူ ခိုးချစရာမလိုပါ 
ကျွန်တော်တို့နိုင်ငံတွင်    မိမိနိုင်ငံနှင့်ဆီလျော် လိုက်ဖက်သော ခိုင်မာသည့်ဒီမိုကရေစီစနစ်တစ်ခု တော့ ရှင်သန်မြဲမြံဖို့လိုနေသည်။  ပုံစံအမျိုးမျိုးသော ဒီမိုကရေစီစနစ်အမျိုးမျိုးကိုလည်း  ကမ္ဘာ့နိုင်ငံများ တွင်   တွေ့ရပါလိမ့်မည်။   ပုံစံမျိုးစုံထဲကမှ  မိမိနိုင်ငံ နောက်ခံသမိုင်းကြောင်းနှင့် နိုင်ငံရေးဖြစ်စဉ်များ၊ ပထဝီဝင်နှင့်    တိုင်းရင်းသားများအနေအထား၊ နိုင်ငံသားများ၏    နိုင်ငံရေးအသိအမြင်ကြွယ်ဝမှု၊ ဘာသာသာသနာ၊    ယဉ်ကျေးမှုဓလေ့ထုံးစံများ အပေါ်မူတည်၍ ပုံစံတစ်မျိုးကိုကျင့်သုံးသင့်သည်။ 
နိုင်ငံခြားတိုင်းပြည်များ၏ပုံစံသည် သူ့ပုံစံနှင့် သူသာဖြစ်သည်။      သူ့အမျိုးသားအကျိုးစီးပွား အတွက် သူနှင့်လိုက်ဖက်သလို ကျင့်သုံးသည်ဖြစ်၍ အတုယူခိုးချစရာမလို၊   ကောင်းသောကျင့်စဉ်နှင့် အသုံးတည့်မည့်အချက်များကိုသာ    ယူရပါမည်။ ကောင်းလှပါသည်ဆိုသော  ဒီမိုကရေစီကျင့်စဉ်များ အနက်မှ  မိမိနိုင်ငံနှင့်ဆီလျော်စွာ လက်တွေ့ကျကျ ထုတ်ယူအသုံးချနေသော        ပါတီစုံမဟုတ်သည့် တစ်ပါတီအုပ်ချုပ်သည့်   နိုင်ငံများစွာလည်းရှိနေပြီး ထိုနိုင်ငံများတွင် နိုင်ငံတည်ငြိမ်ပြီး စီးပွားရေး၊ လူမှု ရေးဖွံ့ဖြိုးတိုးတက်မှုများစွာ       ရှိနေသည်ကိုလည်း တွေ့ရပါသည်။ 
ဒီမိုကရေစီကိုတလွဲအသုံးချနေခြင်းကြောင့်သာ 
ဒီမိုကရေစီအမည်ခံထားသော်လည်း ဒီမိုကရေစီ စံနှုန်းများအတိုင်းမဖြစ်သည့်   နိုင်ငံများစွာလည်း ရှိသည်။   ဒီမိုကရေစီဆိုသော    အမည်ပညတ်ကို ကိုယ်ပိုင်ဥစ္စာအဖြစ်  တလွဲသုံးပြီး   အခြားသူများ ကိုတော့ ဒီမိုကရေစီမရှိဘူးဆိုကာ  ဘယ်ပေတံဖြင့် တိုင်းသည်မသိ၊          လက်ညှိုးထိုးစွပ်စွဲနေသော ဒီမိုကရေစီဘိုးအေနိုင်ငံကြီးများလည်းရှိသည်။ ဒီလို ဒီမိုကရေစီ   အနိုင်ကျင့်နေသောနိုင်ငံများကြောင့် လည်း တန်ဖိုးထားခံရသောဒီမိုကရေစီမှာ တန်ဖိုး များ ယုတ်လျော့လာနေသည်၊ နောက်ပြန်ဆွဲနေသည်၊ ပျက်စီးလွယ်နေသည်ကို    ဝမ်းနည်းစွာတွေ့မြင် နေရသည်။ 
ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်အချို့မှာ    ဒီမိုကရေစီ တန်ဖိုးကျနေသည်ကို ထင်ထင်ရှားရှားတွေ့ရပါလိမ့် မည်။   နိုင်ငံရေးသမားများကိုယ်တိုင်    ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းမသိ၊ စံနှုန်းအတိုင်းမကျင့်၊ အတ္တ များပြီး  ဒီမိုကရေစီတန်ဖိုးကို   ပျက်အောင်လုပ် နေကြ၍ပဲဖြစ်မည်။ ဒီမိုကရေစီဆိုသော ဝေါဟာရ၏ ရှေ့တွင် မိမိအကျိုးစီးပွားအတွက် နာမဝိသေသန အမျိုးမျိုးကိုချဲ့ထွင်၍       လှည့်ပတ်သုံးစွဲနေကြပြီး အဓိပ္ပာယ်အမျိုးမျိုးကို   လိုသလိုကောက်ယူနေကြ ခြင်းကြောင့်လည်း  ဖြစ်နိုင်သည်။    ပြည်သူများက တော့        ဒီမိုကရေစီအသံကြားလိုက်သည်နှင့် ငါတို့ဘဝတွေ နေ့ချင်းညချင်းကောင်းစားသွားတော့ မယောင်ယောင်   ဆန္ဒစောပြီး  အကောင်းမြင်လွန်း သောကြောင့်လည်းဖြစ်မည်။
  ဒီမိုကရေစီစနစ်အ‌ပေါ်တွင်      ပြည်သူတို့၏ မျှော်လင့်ချက်ကြီးမားနေခြင်းကိုလည်း     အဆိုး မဆိုသာပါ။   အဓိပ္ပာယ်ကိုက    “ပြည်သူတို့ဆီက ဆင်းသက်လာသောအာဏာကို ပြည်သူတို့အကျိုး အတွက်   ပြည်သူကိုတာဝန်ခံ၍   ပြည်သူ့ထံသို့ ပြန်လည်စီးဆင်းစေခြင်း” ဖြစ်သည်ဟု ဆိုထား သည်မဟုတ်ပါလား။        ပြည်သူ့ထံမှလာသော အာဏာကို တလွဲအသုံးချနေ၍သာ၊ ပြည်သူ့အကျိုး ရှေးရှုမှုမရှိသည့်အခါတွင်သာ          အဆိုးဘက် သက်ရောက်မှုက ကြီးမားသွားခြင်းဖြစ်သည်။ 
စစ်မှန်မှုဟူသည် 
တကယ်တော့  “စစ်မှန်ပြီး   စည်းကမ်းပြည့်ဝ သော” ဆိုသည့်စကားစုနှင့်  ပံ့ပိုးထားသော   ဒီမို ကရေစီဆိုသောအဓိပ္ပာယ်သည် အနှစ်သာရများစွာ ရှိနေသည်ကို  သတိထားမိပါသည်။    ဒီမိုကရေစီ ကျင့်သုံးနေပြီး  ပြည်သူတို့၏    လူမှုစီးပွားဘဝ မတိုးတက်၊    မတည်ငြိမ်   မငြိမ်းချမ်းဘူးဆိုလျှင် ကျင့်သုံးနေသည်ဆိုသော ဒီမိုကရေစီသည် စစ်မှန် သည်ဟု  ဘယ်နည်းနှင့်မျှ မဆိုနိုင်ပါ။    ဒီမိုကရေစီ စံနှုန်းများအတိုင်းဆောင်ရွက်နေပါသည်ဆိုသူတို့ ၏ အသိမှားအမြင်မှား၊ ဖောက်လွဲဖောက်ပြန်မှုများ ကြောင့်သာဖြစ်ရသည်ဟု            တစ်ထစ်ချဆိုနိုင် ပါသည်။ 
အများဆန္ဒအရ       ပြည်သူ့ထံမှလာသော အာဏာကို  ပြည်သူအတွက်    ပြန်လည်အသုံးပြု သလား၊ ပြည်သူ့အကျိုးကို ရှေးရှု၍ အမှန်တကယ် အလုပ်လုပ်မည့်သူအားလုံးရော          ပြည်သူကို ကိုယ်စားပြု၍  ပါဝင်ခွင့်ရပါရဲ့လား။   အတ္တများပြီး တန်းတူညီမျှမှုရော  ရှိကြပါရဲ့လား၊   အများအကျိုး အတွက်  အနည်းစုဆန္ဒကိုရော    အလေးထားပါရဲ့ လား၊    တာဝန်ယူ     တာဝန်ခံမှုရော  ရှိကြရဲ့လား၊ ပြည်သူကို ကိုယ်စားပြုသည်ဆို၍ ထင်သာမြင်သာ ရောရှိရဲ့လား၊ ပြည်သူများကိုယ်တိုင်  လွတ်လွတ် လပ်လပ်တရားမျှတစွာဖြင့်    မဲပေးခွင့်ရောရကြ ပါရဲ့လား၊   ရိုးသားပြီး    သည်းခံစိတ်မွေးနိုင်ကြ ရဲ့လား၊ စည်းကမ်းရှိပြီး ဥပဒေကို လေးစားလိုက်နာမှု ရောရှိရဲ့လား၊  အဂတိကင်း၍ တရားဥပဒေစိုးမိုးမှု ရှိပါသလား          စသည်ဖြင့်မေးခွန်းများစွာဖြင့် တိုင်းတာသောအချက်များသည် ဒီမိုကရေစီစံနှုန်း များပင်ဖြစ်သည်။ 
ဘယ်လိုပုံစံဖြင့် ဒီမိုကရေစီကို  ကျင့်သုံးသည် ဖြစ်စေ   ထိုထိုစံနှုန်းများကတော့    ဒီမိုကရေစီ၏ အသက်သွေးကြောများပင်ဖြစ်သည်။ ထိုစံနှုန်းများ ပျောက်လျှင်    ဒီမိုကရေစီလည်း    ပျောက်မည် ဖြစ်သည်။   ထိုစံနှုန်းများမရှိလျှင်    စစ်မှန်သော ဒီမိုကရေစီမရှိဟုဆိုချင်သည်။ ရွေးကောက်ပွဲပြုလုပ် ရုံ၊ ပြည်သူ့အစိုးရဖြစ်ရုံနှင့်လည်း  မလုံလောက်ပါ။ လုပ်သမျှသည်    ပြည်သူ့အကျိုးစီးပွားကို     ထိထိ ရောက်ရောက်နှင့် အမှန်တကယ်ဖြစ်ထွန်းစေမှသာ စစ်မှန်သောဒီမိုကရေစီဟု         ခေါ်နိုင်မည်ဖြစ်ပါ သည်။ 
လွတ်လပ်မှုနှင့် စည်းကမ်းပြည့်ဝမှု 
ဒီမိုကရေစီတွင် လွတ်လပ်မှုဟူသော စကားလုံး ကိုလည်း          တွင်တွင်ကျယ်ကျယ်သုံးကြသည်။ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်၊ အသင်းအပင်း များ ဖွဲ့စည်းထူထောင်ခွင့်၊ မဲပေးရွေးချယ်တင်မြှောက် ခွင့်၊   ကိုးကွယ်ယုံကြည်ခွင့်၊    သတင်းရယူခွင့် စသည်ဖြင့်ဖြစ်သည်။ လွတ်လပ်စွာဟူသော စံနှုန်း အောက်တွင်ပင်    ပရမ်းပတာလွတ်လပ်မှုကြောင့် ဒီမိုကရေစီသည် ကျဆုံးနိုင်ခြေရှိပြန်သည်ကို  သတိ ထားရန်လိုသည်။ စည်းမရှိကမ်းမရှိ လွတ်လပ်မှုမျိုး သည် အုပ်ချုပ်ရေးကဏ္ဍကို ထိခိုက်နိုင်သည့်အပြင် တရားဥပဒေစိုးမိုးရေးအပေါ်တွင်လည်း    ဆိုးရွား သောသက်ရောက်မှုရှိသောကြောင့်ဖြစ်သည်။ 
p စာမျက်နှာ  ၈ မှ
တစ်ဦးချင်းဆိုင်ရာ          လူ့အခွင့်အရေး အကာအကွယ်အောက်တွင်        လွတ်လပ်ခွင့် ရှိသော်လည်း  အများပြည်သူအတွက်   အနှောင့် အယှက်မဖြစ်စေသင့်၊     အမုန်းတရားအတွက် ထိုးနှက်မှုတစ်ခုမဖြစ်သင့်၊  အစိုးရ၏ဂုဏ်သိက္ခာကို အကြည်ညိုမပျက်စေသင့်၊   လူတစ်ဦးတစ်ဖွဲ့၏ လွတ်လပ်မှုက  အများကိုမထိခိုက်သင့်ဟု    ယူဆ သည်။ တစ်ခါတစ်ရံ လွတ်လပ်သည့်အတွေးအခေါ် များကြောင့်ပင်   လူ့အဖွဲ့အစည်းတွင်    အနုတ် လက္ခဏာဆောင်သွားတတ်သည်ကို   သတိမူသင့်ပါ သည်။ လွတ်လပ်မှုကို ထိန်းကွပ်သည်မှာ စည်းကမ်း ဖြစ်သည်။ လွတ်လပ်မှုနှင့် စည်းကမ်းသည် ဒွန်တွဲ နေပြီး   စည်းကမ်းမဲ့ခြင်းသည်    လွတ်လပ်မှုကို ဖျက်ဆီးခြင်းပင်ဖြစ်သည်။ 
သို့ဖြစ်၍ ဒီမိုကရေစီ၏တန်ဖိုးကို   အကဲဖြတ် ရာတွင် ဆောင်ရန်၊ ရှောင်ရန်  စည်းကမ်းသည် မရှိ မဖြစ်အရာဖြစ်သည်။  ဥပဒေကို    ရိုသေလေးစား လိုက်နာပြီး  စည်းကမ်းနှင့်အညီ  နေထိုင်တတ်သည့် နိုင်ငံသားများရှိသည့်နိုင်ငံတွင်သာ    ကျင့်ဝတ်နှင့် ညီသော  ဒီမိုကရေစီတန်ဖိုးများ မြင့်မားနေတတ်ပြီး စစ်မှန်သော   ဒီမိုကရေစီနိုင်ငံအဖြစ်ဟူ၍လည်း သတ်မှတ်ထိုက်ပါသည်။ 
ဘာသာတရားအဆုံးအမများနှင့်ထပ်တူ ဒီမိုကရေစီကျင့်စဉ် 
စနစ်တစ်ခုမှ စနစ်တစ်ခုသို့ အသွင်ကူးပြောင်းစ ဒီမိုကရေစီနိုင်ငံတိုင်းတွင်       အဓိကတွေ့ရသည့် စိန်ခေါ်မှုမှာ   အားပြိုင်မှုပင်ဖြစ်သည်။   မရင့်ကျက် သေးသည့်သဘောက    အလွဲလွဲအချော်ချော်ဖြစ် တတ်သည်ကို      အထူးသတိပြုရန်လိုပါသည်။ ဒီမိုကရေစီကို        အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ပါလာသည်က မဏ္ဍိုင်သုံးရပ်အကြား          အပြန်အလှန်ထိန်းကျောင်းမှုပင်ဖြစ်သည်။ 
မဏ္ဍိုင်သုံးရပ်စလုံးတွင်     တစ်ပါတီတည်း ကြီးစိုးသွားသည့်အခါ ပို၍ဆိုးသွားသည်။ ရံဖန်ရံခါ နိုင်ငံရေးအားပြိုင်မှုမျိုး    သို့မဟုတ်    ဒီမိုကရေစီ အာဏာရှင်ပုံစံမျိုးအထိ  ရောက်သွားတတ်သည်။ လျှောက်လှမ်းမည့်   ဒီမိုကရေစီအတွက်    အလွန် အန္တရာယ်ကြီးလှ၍   သတိထားလျှောက်လှမ်းပြီး ကောင်းမွန်သော  နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက်ယူရပါမည်။ 
အချုပ်အခြာနှင့် အမျိုးသားအကျိုးစီးပွားကိုသာ အခြေခံသော၊ ဗြဟ္မာစိုရ်တရားလေးပါး ကိုယ်ကျင့် သီလ ဓမ္မတရားကိုအခြေခံသော၊ အမျိုးဘာသာ သာသနာနှင့်   ယဉ်ကျေးမှုအစဉ်အလာကောင်းများ ကို        ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သော  ဘုံရပ်တည်ချက်များရှိသည့်    မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီသည်သာ    နိုင်ငံနှင့်    နိုင်ငံသားများ အားလုံးအတွက်   ပို၍အကျိုးရှိမည်ထင်ပါသည်။ မြန်မာ့နည်းမြန်မာ့ဟန်ဆို၍ အများစုလက်ခံသော ဒီမိုကရေစီစံနှုန်းများဆိုသည်ကို   ပစ်ပယ်ထားခြင်း လည်းမဟုတ်ပါ။ ဗုဒ္ဓဘာသာအပါအဝင် မည်သည့် ဘာသာတွင်မဆို     သတ်မှတ်ပြဋ္ဌာန်းရှိနှင့်ပြီးသား ကိုယ်ကျင့်သီလဆိုင်ရာလမ်းညွှန်ချက်  အဆုံးအမ များသည်  ယနေ့ခေတ်ဒီမိုကရေစီကျင့်စဉ်များနှင့် ကိုက်ညီသည်ဖြစ်၍   ထိုဘာသာတရားအဆုံးအမ များအတိုင်း        ကျင့်ကြံလိုက်နာခြင်းသည်ပင် ဒီမိုကရေစီစံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြစ်ပါသည်။ 
  ပါတီစုံဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ပြည်သူ့ ဆန္ဒကို အကောင်အထည်ဖော်မည့်  ကိုယ်စားလှယ် များသည် အထွေထွေရွေးကောက်ပွဲများမှ တစ်ဆင့် ယှဉ်ပြိုင်အရွေးခံပြီး  လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြရသည်။ ထိုအခါ ပြည်သူ့ဆန္ဒအမှန်ဖြစ်စေမည့် ရွေးကောက်ပွဲများအတွက် လွတ်လပ်ပြီး   သန့်ရှင်း တရားမျှတရန်  လိုအပ်ချက်သည်  အထူးအရေးကြီး လာပါသည်။ 
ပွင့်လင်းမြင်သာမှုရှိပြီး   လွတ်လပ်၊    သန့်ရှင်း၊ တည်ငြိမ်၊    လုံခြုံသောရွေးကောက်ပွဲတစ်ခုသည် စစ်မှန်စည်းကမ်းပြည့်ဝမှုဂုဏ်ပုဒ်ကို ထင်ဟပ်သကဲ့ သို့ ပွင့်လင်းမြင်သာမှုမရှိသော မည်သည့်ရွေးကောက် ပွဲများမဆို ရွေးကောက်ပွဲရလဒ်ကို   အကြီးအကျယ် ပြောင်းလဲပြီး အဆိုးသဘောသက်ရောက်မှုများစွာ          ရှိနိုင်သည့်အတွက်     သန့်ရှင်းပြီးတရားမျှတမှုကို အထူးလိုအပ်ခြင်းလည်းဖြစ်ပါသည်။ 
ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသောပြည်ထောင်စု 
  ဒီမိုကရေစီနှင့်   ဖက်ဒရယ်အိပ်မက်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေး  ဖိတ်ခေါ်မှုများနှင့် အတူ   ငြိမ်းချမ်းရေးခြေလှမ်းများ   ယခုကာလ ကတည်းက စတင်နေပြီဖြစ်ပါသည်။ တွေ့ဆုံညှိနှိုင်း ပေါင်းစပ်မှုအကြိမ်ကြိမ်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်တွင် စစ်ဘက်/ အရပ်ဘက်/   တိုင်းရင်း သားမျိုးစုံ          ပါဝင်ဖွဲ့စည်းဆောင်ရွက်မှုများက သက်သေခံနေပါသည်။   လွှတ်တော်များမှာ   မတူ ကွဲပြား တိုင်းရင်းသားလူမျိုးပေါင်းစုံ   ကျယ်ကျယ် ပြန့်ပြန့်ကိုယ်စားပြုနိုင်ရပါမည်။  ထို့အတွက်လည်း အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် (PR)ကို သွားနေပါပြီ။ 
PR က မတူညီမှုများအတွက် တူညီသောအခွင့် အရေးများပေးနိုင်တော့မည်လား၊     လူနည်းစု၏ ဆန္ဒနှင့်အသံကို ပိုမိုကြားနိုင်၊ ဆောင်ရွက်နိုင်တော့ မည်ဟု  ခံယူချက်နှင့်အညီ   တန်းတူရည်တူအခွင့် အရေးများကို PR စနစ်က ပို၍ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်းရှိမည်ဟု ယုံကြည်မိပါသည်။ PR သည် ဖက်ဒရယ်၏အခြေခံပင်ဖြစ်သည်။ မတူ ကွဲပြားသောဒေသများ၊          လူမျိုးများအကြား ပေါင်းစည်းနေထိုင်၍ စုစုစည်းစည်းလုပ်ကိုင်ကြပြီး   လုပ်ကိုင်နိုင်ခွင့်အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးကာ မျှဝေခံစားခြင်းဟူသော သဘောတရားကို    အခြေ ခံထားသည်ကိုတွေ့ရသည်။     လက်ရှိမိမိတို့နိုင်ငံ အနေအထားနှင့် ပို၍သဟဇာတဖြစ်ပါသည်။ 
ဒီမိုကရေစီကျင့်စဉ်အစ  စာသင်ကျောင်းကသာ 
  စစ်မှန်ပြီး စည်းကမ်းပြည့်ဝမှု လမ်းကြောင်း မှန်ကို ပြည်တွင်းအားကိုအခြေခံ၍ ပြည်သူအားလုံး ပူးပေါင်းပါဝင်မှသာလျှင်  ရရှိနိုင်ပါမည်။    ရေရှည် အစီအစဉ်အနေဖြင့်  နိုင်ငံတွင်ကျင့်သုံးမည့်    ဒီမို ကရေစီနှင့်  လိုက်ဖက်မည့်   လူသားအရင်းအမြစ် များစွာကို  ပညာရေးကိုအခြေခံ၍   မွေးထုတ်ရန် လိုအပ်နေပါသေးသည်။ ရေတိုအစီအစဉ်ကတော့ တည်ငြိမ်သောနိုင်ငံရေးဖြစ်ရန် လိုအပ်ချက်နှင့်အတူ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို         အားသွန်ကြိုးပမ်းဆောင်ရွက်ရေးပင်ဖြစ်သည်။ 
စိန်ခေါ်မှုလည်းကြီးမားဆဲဖြစ်သည်။    စာသင် ကျောင်းများက  အစပြုလိုက်သော   လောကနီတိ ကျင့်ဝတ်သင်ရိုးများကသာ  စံပြုနိုင်ငံသားကောင်း များကို   မွေးထုတ်ပေးရာရောက်ပြီး    ထိုထိုသော နိုင်ငံသားကောင်းများကသာ    မိမိတို့လိုချင်သော တန်ဖိုးမြင့်ဒီမိုက‌ရေစီကျင့်စဉ်ကို    ပုံဖော်နိုင်မည် ဟုယုံကြည်ပါသည်။    တစ်ဦးနှင့်တစ်ဦး      တန်ဖိုး ထားမှု၊ လေးစားမှု၊ နားလည်ပေးမှု၊ ရိုးသားဖြူစင်မှု၊ အမျိုးချစ်စိတ်   နိုင်ငံချစ်စိတ်ရှိမှု၊    ဘာသာတရား ယဉ်ကျေးမှုကို   ရိုသေကိုင်းရှိုင်းမှု၊    အများဆန္ဒ၊ အနည်းစုဆန္ဒကို   လေးစားမှု၊    အဆိုးအကောင်း ချိန်ဆတတ်မှု၊ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စွမ်းအား၊ စည်းကမ်းဥပဒေ         လေးစားလိုက်နာတတ်မှု၊ တာဝန်ယူတာဝန်ခံတတ်မှု စသည်စသည်အချက် များသည် ဒီမိုကရေစီစံနှုန်း၊ မိမိတို့လျှောက်လှမ်း ချင်သော မည်သည့်ဒီမိုကရေစီကျင့်စဉ် မည်သည့် ပုံစံအတွက်မဆို မျိုးစေ့ကောင်း၊    ခိုင်မာသော           အခြေခံအုတ်မြစ်များပင်ဖြစ်ပါသည်။
ယခုတင်ပြခဲ့သောအချက်များသည်  အနာဂတ် တွင် ပုံဖော်တော့မည့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအဆောက်အအုံတစ်ခုမှာ   ကြုံတွေ့ရ နိုင်သော စိန်ခေါ်မှုများနှင့်အတူ ရင်ဆိုင်နိုင်ရန်နှင့် သင်ခန်းစာယူရမည့်အချက်များဖြစ်ပါသည်။ ယခု ကာလ အနှောင့်အယှက်များက ဒီမိုကရေစီအရေး ထက် နိုင်ငံအလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေ သည်ကို မြင်တွေ့နေရသည်။ ဒီမိုကရေစီကိုလိုချင် လျှင်  ဒီမိုကရေစီပုံရိပ်များ  ကျဆင်းအောင်ပြုမူသည့် အပြုအမူများအားလုံးကို      ရှောင်ရှားဖယ်ရှားကြရ မည် သာဖြစ်ပါ‌ကြောင်း  ရေးသားတင်ပြလိုက် ရပါသည်။     ။