အေးချမ်းတည်ငြိမ်ခြင်းသည် ဆန္ဒအမှန်

 

ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းလာသည့် အတွက် တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသအသီးသီး သို့   ပြန်လည်ဝင်ရောက်လာနေကြသည်။  ပြည်နယ်မြို့တော် ဖြစ်သည့် လွိုင်ကော်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင်  PDF  အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့အချို့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံ ပြည်သူများမှာ နေရပ်စွန့်ခွာ၍ လွတ်ကင်းရာသို့ တိမ်းရှောင်ခဲ့ကြ ရခြင်းဖြစ်သည်။ လွိုင်ကော်အရပ်ဘက်လေဆိပ်ကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လွိုင်ကော်အကျဉ်းထောင်ကို နှောင့်ယှက်ပစ်ခတ်ခြင်း၊ မြို့နေလူထုကို အကာအကွယ်ပြု၍  ပစ်ခတ်တိုက်ခိုက်ခြင်းများ အပါအဝင် PDF အကြမ်းဖက်အဖွဲ့များ နှင့် KNPP အဖွဲ့အချို့တို့၏ အခြားအကြမ်းဖက်လုပ်ရပ်များ ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယားပြည်နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင် ရွက်ခဲ့ရာမှ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 


လွိုင်ကော်သည် ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၏ စမှတ်ဟုဆိုနိုင်ပြီး ထူးခြားလှပသည့် သဘာဝပတ်ဝန်းကျင်များကို အကြောင်းပြု၍   ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် အလားအလာကောင်းများ ရှိနေသော မြို့ဖြစ်သည်။ ပြည်နယ်အတွင်းရှိ အခြားဒေသများတွင်လည်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် အလားအလာ၊ အရင်းအမြစ်တို့  ရှိနေခြင်းဖြစ်ရာ ပြည်နယ်တစ်ခွင် တည်ငြိမ်အေးချမ်းသာယာပြီး ပြည်နယ်အစိုးရ နှင့် ပြည်သူများ ပူးပေါင်းလက်တွဲ အကောင်အထည်ဖော်နိုင်သည့် အခြေအနေ အချိန်အခါကို ရောက်ရှိလာပါက ဖွံ့ဖြိုးတိုးတက်လာ မည်သာဖြစ်သည်။ လတ်တလော  ဖြစ်ပေါ်နေသည့်  ပစ်ခတ် တိုက်ခိုက်မှုများ၊  တိုက်ပွဲများမှာ   ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူလူထုများက လိုလားမှုမရှိဘဲ ပေါ်ပေါက် လာသော   ဖြစ်စဉ်များဖြစ်ပြီး   လက်သည်တရားခံမှာ   PDF အကြမ်းဖက်အဖွဲ့နှင့် KNPP အဖွဲ့အချို့သာဖြစ်သည်။ ၎င်းတို့ အနေဖြင့် ပြည်သူ့ကာကွယ်ရေးဟု ခေါင်းစဉ်တပ်၍ လူနေရပ်ရွာ များအတွင်း ဝင်ရောက်ကာ ပြည်သူကို အကာအကွယ်ယူပြီး အကြမ်းဖက်အဖျက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းဖြစ် သည်။ လုံခြုံရေးတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများအတွင်း ပျက်စီးမှုများ၊ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လာသည့်အခါတွင် အကြမ်းဖက်အားပေးမီဒီယာများနှင့်  ပူးပေါင်း၍  တပ်မတော် သိက္ခာကျရေး မမှန်သတင်းများ ထုတ်လွှင့်ခြင်းကလည်း ၎င်းတို့ ၏ မူလရည်ရွယ်ချက်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအတွင်း PDF အကြမ်းဖက်လှုပ်ရှားမှုကင်းစင်သည့် မြို့ရွာဒေသအမြောက်အမြား တို့မှာ တည်ငြိမ်အေးချမ်းလျက်ရှိခြင်းက ပကတိအမှန်တရားပင် ဖြစ်သည်။

 


ယခုအခါ ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်း လာသည့်နေရာများတွင် ဈေးများပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် လာခြင်း၊ အေးချမ်းတည်ငြိမ်စွာ ရောင်းဝယ်ဖောက်ကားကြခြင်း၊ ယုံကြည်ကိုးကွယ်ရာ   ဘာသာ   သာသနာများအလိုက်  ဘုရား ကျောင်းကန် စေတီပုထိုးများ၊ ဝတ်ပြုကျောင်းများတွင် ဘုရားဖူး၊ ဝတ်ပြုဆုတောင်းကြခြင်းတို့က ဒေသခံပြည်သူလူထု၏ စိတ်နေ သဘောထားအမှန်ကို  ထင်ဟပ်နေသည့်   မြင်ကွင်းများပင်ဖြစ် သည်။  တိုက်ပွဲများကြောင့်  ဖြစ်ပေါ်လာရသည့်  အသက်ဘေး အန္တရာယ်နှင့် ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးမှု၊ နေအိမ်နှင့် ပစ္စည်း ဥစ္စာများ ပျက်စီးဆုံးရှုံးမှု၊ နေရပ်စွန့်ခွာတိမ်းရှောင်ရမှု၊ လမ်းပန်း ဆက်သွယ်ရေးတို့ ပြတ်တောက်ပြီး လုပ်ငန်းကိုင်ငန်းများ ရပ်ဆိုင်း ရသည့်အတွက် စားရေးသောက်ရေး အသက်မွေးမှုအခက်အခဲနှင့်  ရင်ဆိုင်ရမှုတို့အပါအဝင်  အနိဋ္ဌာရုံအားလုံးတို့မှာ ပြည်သူအားလုံး က  မလိုလားသည့် အဖျက်လုပ်ရပ်၏ အကျိုးဆက်များဖြစ်သည်။ 

 


မိမိတို့နိုင်ငံအတွင်း  တည်ငြိမ်အေးချမ်းရေးကို  မလိုလားသူ၊ တိုင်းပြည်ဆူပွက် သေကျေပျက်စီးရေးကိုသာ  လိုလားသူတို့က “သွေးမအေးနဲ့”ဟူ၍ တရစပ်မွှေကာ လှုံ့ဆော်နေကြသည်။ နိုင်ငံ ဖျက်ဆီးသည့် လုပ်ငန်းများတွင် ၎င်းတို့၏ အကျိုးစီးပွားများ ရှိနေခြင်းကြောင့် ဘယ်သူသေသေ၊ ငတေမာပြီးရော သဘောထား ဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်ရာ အေးချမ်းစေလိုသူ ပြည်သူတို့၏ သဘောထားနှင့် ဆန့်ကျင်လျက်ရှိသည်။ ဒေသတည်ငြိမ်အေးချမ်း ရေး၊    မိမိတို့ရပ်ရွာများတွင်   တရားဥပဒေစိုးမိုးရေးတို့အတွက် အကြမ်းဖက်အဖျက်သမားများနှင့်   ၎င်းတို့၏  လုပ်ရပ်များကို ဆန့်ကျင်ကြရပါမည့်အကြောင်း။      ။