နာဖျားမကင်းသည့် သမုဒ္ဒရာများ ပြန်လည်ကျန်းမာလာစေရေး

သက်တမ်းနှစ်ပေါင်း ၄  ဒသမ  ၅၄  ဘီလီယံခန့်  ရှိပြီဖြစ်သည့် ကမ္ဘာမြေကြီး၏ သဘာဝသမိုင်းတွင် သက်ရှိဇီဝများသည် ပထမ ဘီလီယံနှစ်များအတွင်း သမုဒ္ဒရာများထဲ၌ စတင်ဖြစ်တည်လာခဲ့ ခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက တွက်ချက်ခန့်မှန်းထားကြ သည်။ မျက်မှောက်ကာလတွင် ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်း ကို သမုဒ္ဒရာများက ဖုံးလွှမ်းထားပြီး ကျန် ၂၉ ရာခိုင်နှုန်းသာလျှင် ကုန်းမြေဖြစ်သည်၊၊ ပင်လယ်သမုဒ္ဒရာများသည် ကမ္ဘာပေါ်ရှိ အသက်ဇီဝတို့၏ စတင်ရာဖြစ်သလို လူသားတို့အပါအဝင် သက်ရှိ သတ္တဝါများ  ရှင်သန်ရပ်တည်နိုင်‌‌ရေးအတွက်   မရှိမဖြစ်လိုအပ် သော     သဘာဝပတ်ဝန်းကျင်ကို    ဖန်တီးပေးနေခြင်းလည်း ဖြစ်သည်။
သမုဒ္ဒရာများသည်     ကမ္ဘာပေါ်ရှိ   သက်ရှိအားလုံးအတွက် လိုအပ်သော အောက်ဆီဂျင် ၅၀ ရာခိုင်နှုန်းခန့်ကို ထုတ်လွှတ်ပေး ပြီး လူသားများကြောင့် ထွက်ပေါ်လာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ၏ ၃၀ ရာခိုင်နှုန်းခန့်ကို  စုပ်ယူပေးနေသည်၊၊ သမုဒ္ဒရာများ၏ အပူရှိန်သည် ကုန်းမြေပေါ်တွင် ရာသီဥတုဖြစ်ပေါ်မှုနှင့် လေတိုက် ခတ်မှုပုံစံတို့ကို ဖန်တီးပေးပြီး သမုဒ္ဒရာများတွင် ရေငွေ့ပြန်ခြင်း မှတစ်ဆင့် ကုန်းမြေပေါ်တွင် ရာသီအလိုက် မိုးရွာသွန်းခြင်းကို ဖြစ်ပေါ်စေသည်။ သမုဒ္ဒရာများသည် လူသားတို့အတွက် အစား အစာများ   ထုတ်လုပ်ရာ    ဧရာမအရင်းအမြစ်ကြီးဖြစ်သကဲ့သို့ လူဦး‌ရေသန်းပေါင်းများစွာ အသက်မွေးဝမ်းကျောင်းအတွက် အမှီပြုရာလည်းဖြစ်သည်၊၊ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးအတွက် ကုန်စည်များ သယ်ယူပို့ဆောင်ရာ လမ်းမကြီးများလည်းဖြစ်ကြ သည်။ သို့ရာတွင် ပင်လယ်ရေအပူချိန်မြင့်တက်လာမှု၊ ပင်လယ် ရေတွင်     အက်ဆစ်ဓာတ်ပါဝင်မှု    အချိုးအစားမြင့်မားလာမှု၊ ပလတ်စတစ်ညစ်ညမ်းမှု၊     ငါးအလွန်အကျွံဖမ်းဆီးမှု၊   စွန့်ပစ် ငါးဖမ်းပိုက်များ၊     မိုင်းခွဲငါးဖမ်းဆီးမှုများနှင့်    ဒီရေတောများ ပြုန်းတီးမှုတို့ကြောင့်    ပင်လယ်သမုဒ္ဒရာများနှင့်တကွ     သန္တာ ကျောက်တန်းများ၊   အဏ္ဏဝါ‌ဂေဟစနစ်များ၊    ဇီဝမျိုးစုံမျိုးကွဲ များမှာ မရပ်မနား ယိုယွင်းပျက်စီးလျက်ရှိသည်။
ယခုအခါ လူသားတို့အသက်ရှင်နေထိုင်ရာ မြေကမ္ဘာနှင့်တကွ ကမ္ဘာသူကမ္ဘာသားအားလုံးအတွက်         အကြီးမားဆုံးသော ခြိမ်းခြောက်မှုမှာ     ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုပင် ဖြစ်သည်။    ဖောက်ပြန်လာသည့်   ကမ္ဘာ့ရာသီဥတု   ပြန်လည် ကောင်းမွန်လာစေရန်အတွက်      သမုဒ္ဒရာများ   မပျက်မစီး ကောင်းမွန်နေစေရန်    လိုအပ်သည့်အချက်မှာလည်း   လွန်စွာ ရှင်းလင်းသည့်အလျောက် ပြည်တွင်းအဆင့်၊ အမျိုးသားအဆင့်၊ နိုင်ငံတကာအဆင့် လှုပ်ရှားဆောင်ရွက်မှုများ တက်တက်ကြွကြွ၊ ထက်ထက်သန်သန်ရှိရန်လိုသည်။     ဆောင်ရွက်ဆဲရာသီဥတု ကောင်းမွန်လာရေး   ကုစားမှုများအားလုံးကို   အကောင်းဆုံး အသုံးချရန်၊ သန့်ရှင်းသောပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကူးပြောင်း သုံးစွဲမှုကို    အရှိန်မြှင့်တင်ရန်၊   ‌ ရေနံ၊     သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးအပါအဝင်    ရုပ်ကြွင်းလောင်စာများ   ထုတ်ယူ ခြင်းကို ရပ်တန့်ရန်၊ တစ်ခါသုံးပလတ်စတစ်များနှင့် ပလတ်စတစ် ထုတ်လုပ်မှုများကို လျင်မြန်စွာနှင့် မျှတစွာ ဖယ်ရှားရန်လိုအပ်ပြီး လာမည့်   ၂၀၃၀    ပြည့်နှစ်တွင်    ကမ္ဘာ့မြေပြင်နှင့်ရေပြင်၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို လွှမ်းခြုံသော ကာကွယ်ဧရိယာများ ဖန်တီးကာ သဘာဝကမ်းရိုးတန်းနှင့် အဏ္ဏဝါ‌ဂေဟစနစ်များကို ပြန်လည်ထိန်းသိမ်း ကာကွယ်သွားကြရမည်လည်း ဖြစ်သည်။
ကမ္ဘာ့သမုဒ္ဒရာများကို ကာကွယ်စောင့်ရှောက်ရေးနှင့် သမုဒ္ဒရာ ၏ အရင်းအမြစ်များကို ရေရှည်တည်တံ့စေရေးတို့အတွက် စီမံ ဆောင်ရွက်မှုများအပေါ်   အများပြည်သူတို့ဂရုပြုကာ   စိတ်ပါ ဝင်စားလာစေရန် “ကမ္ဘာ့သမုဒ္ဒရာများနေ့”ကို ၂၀၀၈ ခုနှစ်မှ စကာ ကုသသမဂ္ဂက တရားဝင်အသိအမှတ်ပြုခဲ့သည်။ ယခုအခါ ကမ္ဘာ့သမုဒ္ဒရာများနေ့သည်       ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အားလုံးက ကျင်းပသည့် အပြည်ပြည်ဆိုင်ရာနေ့ တစ်နေ့တွင် ပါဝင်လျက်ရှိပြီဖြစ်သည်။ ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်း များနှင့် ပင်လယ်သမုဒ္ဒရာအကျိုးစီးပွားများစွာတို့ကို ပိုင်ဆိုင် ထားရှိသော     မိမိတို့နိုင်ငံအနေဖြင့်    ကမ္ဘာ့သမုဒ္ဒရာများ ကျန်းမာရေး၊ အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုများတွင် တာဝန်သိ ကမ္ဘာ့မိသားစုဝင်    နိုင်ငံတစ်နိုင်ငံအဖြစ်    တက်ကြွစွာ    ပါဝင် ဆောင်ရွက်ကြရပါမည့်အကြောင်း။        ။