ကမ္ဘာမြေတစ်ဆုံး တွေ့အောင်ရှာမယ်

Type

 မိုးဦးဝေ

=====

 

“တောက်”
မခံမရပ်နိုင်အောင် ဖြစ်လွန်းလို့ တောက်ခေါက်မိပါ တယ်။ မင်္ဂလာရှိတဲ့ နံနက်ခင်းမှာ  စိတ်မချမ်းသာ စရာ အနိဋ္ဌာရုံ မြင်ကွင်းကို တွေ့လိုက်ရလို့ ရက်စက် ယုတ်မာတဲ့သူတို့တွေကို ခံပြင်းဒေါသဖြစ်မိပါတယ်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ် မြို့ အောင်ချမ်းသာရပ်ကွက်  ဈေးအဝင်လမ်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး အတွက် ပြည်သူတွေကို ပညာပေးဟောပြောတာ တွေ၊ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်း တွေ လိုက်လံဝေငှတာတွေ လုပ်ပေးနေတဲ့ တာဝန် သိတဲ့ ပြည်သူတွေကို အကြမ်းဖက်သမားတွေက ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။
ခံပြင်းဒေါသထွက်


ဇူလိုင်လ ၁၄ ရက်နေ့  နံနက်က   ဖြစ်ခဲ့တဲ့ အဆိုပါဖြစ်စဉ် ဗီဒီယိုဖိုင်တစ်ခု  နေ့လယ်ပိုင်းမှာ လူမှုကွန်ရက်စာမျက်တွေပေါ်   တက်လာတာကို တွေ့လိုက်ရပါတယ်။ မြစ်ငယ်မြို့က လူစည်ကားတဲ့ ဈေးအဝင်လမ်းမှာ ဒေါ်ချိုချိုသက်နဲ့ ပြည်သူ ခုနစ် ဦးက ရပ်သူရပ်သားတွေကို ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးတာတွေ၊     ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းတွေ    ဝေငှနေတုန်းမှာ အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်လာ ပြီး သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားတဲ့ ဗီဒီယိုကို တွေ့လိုက်ရပါတယ်။ 


အကြမ်းဖက်သမားတွေဟာ  ဒေါ်ချိုချိုသက်ကို ဦးတည်ပြီး   သေနတ်ကိုးချက်  ပစ်ခတ်ခဲ့ရာမှာ ဒေါ်ချိုချိုသက် ဦးခေါင်းကို သေနတ်မှန်ပြီး နေရာမှာ ပဲ လဲကျသေဆုံးသွားတာ  တွေ့လိုက်ရပါတယ်။ သေနတ်ထိမှန် ဒဏ်ရာရတဲ့ အမျိုးသားသုံးဦး လဲကျ သွားတာ၊ အရပ်သူအရပ်သားတွေ အထိတ်တလန့် ထွက်ပြေးကြတဲ့   တကယ့်ဖြစ်ရပ်မြင်ကွင်းကို တွေ့လိုက်ကြရတဲ့ ကျွန်တော်အပါအဝင် ပြည်သူ တွေ ခံပြင်းဒေါသထွက်ခဲ့ကြပါတယ်။


ယခုအခါမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဟာ တစ်နိုင်ငံလုံးဖြစ်ပွားမှု   မြင့်မားနေတာကြောင့် ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့ စိုးရိမ်စရာအဖုံဖုံ တွေနဲ့အတူ ရောဂါကူးစက်ခံရသူတွေနဲ့ မိသားစုတွေ ဟာလည်း ဒုက္ခဆင်းရဲတွေနဲ့ ကြုံတွေ့နေကြပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ မြို့ရွာတွေမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တာဝန်သိ အရပ်သူ အရပ်သား တွေက   ပြည်သူတွေ   ကပ်ရောဂါဘေးဆိုးကြီးမှ ကာကွယ်တားဆီး ကင်းဝေးစေဖို့အတွက် အသိပညာ ပေးလုပ်ငန်းတွေ၊    အထောက်အပံ့ပေးတဲ့လုပ်ငန်း တွေ   ဝိုင်းဝန်းဆောင်ရွက်နေကြတာကို   နေ့စဉ် မြင်တွေ့နေရပါတယ်။ 
ပြည်သူတွေ ရောဂါမကူးဖို့ ပါးစပ်နဲ့ နှာခေါင်း အကာအကွယ်တပ်ဖို့     Mask တွေ၊   လက်ကို ဆေးကြောသန့်စင်နိုင်ဖို့ လက်သန့်ဆေးရည် Hand Spray ၊ Hand Gel ၊ ဆပ်ပြာရည်၊ အရက်ပြန်တွေ စတဲ့ အထောက်အပံ့ပစ္စည်းတွေ လိုက်လံဝေငှပေး နေကြတဲ့ မြင်ကွင်းတွေကို နေ့စဉ်တွေ့မြင်နေရပါ တယ်။ ပြည်သူတွေ ကူးစက်မြန်ကပ်ရောဂါဘေး ဆိုးကြီးမှ ကာကွယ်တားဆီးကင်းဝေးစေဖို့အတွက် စေတနာရှေ့ထား ကူညီဆောင်ရွက်ပေး နေသူတဲ့သူ တွေ၊  လှူဒါန်းကူညီနေတဲ့သူတွေ  အားလုံးတို့ကို ကျေးဇူးတင်မိပါတယ်။ ပြည်သူတွေ ကျန်းမာရေးကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးနေတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။
နိုင်ငံရေးပယောဂ


ယနေ့ကာလမှာ နိုင်ငံရေးကို အကြောင်းပြုလို့ ပေါ်ပေါက်လာတဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကို အမှုမထားနိုင်ဘဲ ဘဝရပ်တည်ရှင်သန်ရေးအတွက် ပြည်သူတွေ စွန့်စွန့်စားစား ရုန်းကန်လှုပ်ရှားနေ ကြရပါတယ်။    ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ရောဂါဘေးဆိုးကြီး ဖြစ်နေပေမယ့်လည်း ပြည်သူ တွေဟာ အန္တရာယ်ကြားမှာပဲ သတိထားပြီး ရုန်းကန် လှုပ်ရှားနေကြရပါတယ်။ ပြည်သူတွေ ဘေးအန္တရာယ် အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက် ကူညီပေးနိုင် ဖို့အတွက်   လုံခြုံရေးတပ်ဖွဲ့တွေ၊    သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့    တာဝန်သိပြည်သူတွေဟာ စွန့်စွန့်စားစား ကူညီဆောင်ရွက်ပေးနေကြပါတယ်။ ပြည်သူတွေအနေနဲ့            စိတ်အေးချမ်းသာစွာနဲ့ သွားလာလှုပ်ရှား လုပ်ကိုင်နေချင်ကြပါတယ်။ ဒီအချိန် မှာ မြစ်ငယ်မြို့က စိတ်မချမ်းသာစရာအဖြစ်အပျက် ဟာ  ပြည်သူတွေအနေနဲ့   စိတ်မချမ်းသာစွာနဲ့ စိတ်ပျက်လက်ပျက်ဖြစ်ရပါတယ်။ 


ဒီလုပ်ရပ်ဟာ ရက်စက်ယုတ်မာမှု ကမ်းကုန်ပြီ လို့ ဆိုရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေဟာ စာသင်ကျောင်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ၊ အများပြည်သူ နေရာတွေကို မီးရှို့၊ ဗုံးခွဲဖျက်ဆီးခဲ့ကြ တဲ့အပြင် ဒလန်လို့   စွပ်စွဲခံရသူတွေ၊    ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို   သတ်ဖြတ်ခဲ့ကြပါတယ်။ ယုတ်မာညစ်ထေးတဲ့ နိုင်ငံရေးပယောဂလို့ ဆိုရမှာ ဖြစ်ပါတယ်။ 
မကြာမီပြိုလဲမည်


ယခုဖြစ်ရပ်ကတော့ ကပ်ရောဂါဘေးဆိုးကြီး  ကျရောက်နေချိန်မှာ   ပြည်သူတွေ   ရောဂါဘေး ကင်းဝေးရေးအတွက် ကူညီဆောက်ရွက်ပေးနေတဲ့ တာဝန်သိပြည်သူတွေကို တမင်ရွေးချယ်လို့ ရက်ရက် စက်စက် အသိဉာဏ်မဲ့တဲ့ ပြည်သူလူထုပျက်စီးရေး မိုက်မဲမှုကြီးပဲဖြစ်ပါတယ်။ အများပြည်သူအတွက် ကောင်းကျိုးပြုနေစဉ်မှာ      သေဆုံးရတာဖြစ်လို့ မြတ်ပါတယ်။ 


ပြည်သူလူထုကို   ကူညီထောက်ပံ့ပေးနေတဲ့ တာဝန်သိပြည်သူတွေကို   ရက်ရက်စက်စက် ယုတ်ယုတ်မာမာ လူသတ်လက်နက်နဲ့ အချက်ပေါင်း များစွာ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့၊ အသိဉာဏ်မဲ့တဲ့၊ သူရဲဘောကြောင်တဲ့  PDF သူရဲကောင်းကြီးတွေ၊ ရဲရင့်ပြောင်မြောက်လှတဲ့ CRPH သူရဲကောင်းကြီး တွေ၊ ရဲစွမ်းထက်မြက်လှတဲ့ NUG သူရဲကောင်းကြီး တွေနဲ့ ပြည်တွင်းက အသိဉာဏ်မဲ့တဲ့ တဇောက်ကန်း မိုက်ရူးရဲလူမိုက်တွေရဲ့ လုပ်ရပ်နဲ့လားရာတွေဟာ ပြည်သူလူထုကြားမှာ ထင်ရှားသည်ထက် ထင်ရှား လာပါတယ်။   ပေါ်လွင်သည်ထက်   ပေါ်လွင်လာပြီ ဖြစ်ပါတယ်။  
အပြစ်မဲ့ပြည်သူတွေအပေါ်  ဤသို့ဤပုံ  အကြံ ပက်စက် ဆန်ကောလောက်မှ ဇောက်မနက်တဲ့ ယုတ်မာ ပက်စက်မှုတွေဟာ ကမ်းကုန်လာခဲ့ပြီဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကြောင့်  CRPH၊  NUG၊ PDF နဲ့ လက်ဝေခံ အကြမ်းဖက်သမားတွေအပေါ် ပြည်သူ တွေရဲ့ ပြစ်တင်ရှုတ်ချ ဝေဖန်သံတွေ ကြားနေရပါ တယ်။
ကမ္ဘာ့မှတ်တမ်းဝင်


ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကျရောက်နေ တာကြောင့် ပြည်သူလူထု စိုးရိမ်ထိတ်လန့် ပူပန် သောကရောက်နေတဲ့အချိန်မှာ အပြစ်မဲ့ပြည်သူတွေ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်စေတဲ့ အကြမ်းဖက်ရက်စက် ယုတ်မာမှုတွေဟာ အံ့မခန်းရက်စက်ယုတ်မာမှုကြီး အဖြစ် မှတ်တမ်းဝင်သွားပါပြီ။   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း လုပ်ကြံ သတ်ဖြတ်ခံရတဲ့ ကမ္ဘာ့အရက်စက်ဆုံး လူမဆန်စွာ ရက်စက်ယုတ်မာမှုကို  ကုလသမဂ္ဂလို  နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေ သိဖို့လိုပါတယ်။  
အိုင်အက်စ်စစ်သွေးကြွတွေထက် သာလွန်တဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုကို ကမ္ဘာ့မှတ်တမ်း ဝင်ဖို့ ဘယ်မီဒီယာတွေဆော်သြကြမှာလဲ။ CRPH၊ NUG၊ PDF အကြမ်းဖက်အဖွဲ့တွေကို ဝန်းရံနေတဲ့ အကြမ်းဖက်အားပေးတဲ့ DVB၊ Mizzima၊ Irrawaddy၊ Khit Thit၊ Myanmar Now၊ VOA၊ BBC၊ RFA ပြည်ပ အထောက်ပံ့ခံ သတင်းဌာနတွေကတော့ ထုံးစံအတိုင်း အများကောင်းကျိုးပြုလုပ်နေတဲ့ အမျိုးသမီးတစ်ဦး အား ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ကို ဒလန်မို့လို့ သတ်တယ်လို့ဆိုပြီး ပုံဖော် ဖော်ပြကြမှာ သေချာပါတယ်။  


ဘယ်လိုပင် ပုံဖော်နေကြပါစေ။  အကြမ်းဖက် လမ်းစဉ်နဲ့ တိုင်းပြည်အလုံးစုံပျက်စီးရေး  ဖန်တီး နေတဲ့ CRPH၊ NUG၊ PDF တို့ဟာ ပြည်သူ့ချဉ်ဖတ် ဖြစ်လာပြီး ပြေးစရာမြေမရှိဖြစ်လာတော့မှာ သေချာ ပါတယ်။ CRPH၊ NUG၊ PDF  အကြမ်းဖက်သမား လူဆိုးလူမိုက်တွေကို  ကျွန်တော်တို့    ပြည်သူတွေ ကိုယ်တိုင် မြေလှန်ရှာပြီး အမြစ်ပါမကျန် ချေမှုန်း ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ CRPH၊ NUG၊ PDF အကြမ်းဖက်သမားတွေ ကျဆုံးပြီးရင်း ကျဆုံးပြီး ပြုတ်ပြုတ်ပြုန်းသွားမည်မှာ သေချာနေပါတယ်။ အကြမ်းဖက်သမား CRPH , NUG , PDF တွေကို ကမ္ဘာမြေတစ်ဆုံး တွေ့အောင်ရှာပြီး ချေမှုန်းပစ်မယ် လို့ သန္နိဋ္ဌာန်ချလိုက်ပါတယ်။      ။