ခွင့်သာခိုက်မှ မလိုက်ချင်လျှင် …

Type

အနောက်တောင်အရပ်မှ  လေနုအေးများက  မိုးသားတို့ကို ယူဆောင်လာခဲ့သည်။ ကောင်းကင်ထက်တွင် တိမ်လိပ်များက ပင်လယ်နှင့်ထိစပ်သည့် တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်မြေတို့ဆီမှသည် အရှေ့ဘက်စွန်းရှိ ရှမ်းရိုးမတောင်တန်း၊ မြောက်ဘက်စွန်းရှိ ကချင်ပြည်နယ်  ရေခဲတောင်များရှိရာဒေသအထိ ခရီးနှင်လျက်ရှိသည်။ ဥတုသုံးလီမျှတသည့် နိုင်ငံ၊ သဘာဝသယံဇာတပေါကြွယ်သည့်နိုင်ငံ၊ ပရဟိတစိတ်ထက်သန်သည့်နိုင်ငံ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အားကောင်းသည့်နိုင်ငံ၊ ရိုးသားမှုကို မြတ်နိုးပြီး တရားမျှတမှုကို ကိုးစားသည့်နိုင်ငံဟူ၍ နိုင်ငံသားတစ်ယောက်အဖြစ် ဂုဏ်ယူရသည့် မြန်မာနိုင်ငံ၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရင်း နိုင်ငံကို မပျက်စီး၊ မယိုယွင်း ရအောင် ကာကွယ်စောင့်ရှောက်ရမည်မှာ နိုင်ငံသားများအားလုံး၏ တာဝန်ပင်မဟုတ်ပါလား။


ပြောင်းလဲလာသောအရွေ့များ


မြန်မာနိုင်ငံသားတို့  နိုင်ငံအတွက် လွတ်လပ်ရေး မရမီကာလများကတည်း ကပင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး လွတ်လပ်  အောင်  အမျိုးမျိုးသော  ဖိနှိပ်ကာဆီးမှု များအကြားမှ        ကြိုးစားရုန်းကန်၍   လွတ်လပ်ရေးအတွက်     ကြံဆောင်ခဲ့ကြ သည်။   ရှမ်းကတစ်မျိုး၊    ကချင်က တစ်သွယ်၊ ချင်းကတစ်ဖုံ စသည်ဖြင့် ခွဲခြားမချန်ရစ်ခဲ့ကြ။    တိုင်းရင်းသား လူမျိုးပေါင်းစုံ    စုစည်းခြင်းဖြင့်သာ  ပြည်ထောင်စုအဖြစ် ရပ်တည်လာခဲ့ကြ ခြင်းဖြစ်ပါသည်။ ပဒေသရာဇ်ခေတ်မှ သည် ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီး ခေတ်အထိ သမိုင်းအဆက်ဆက်တို့တွင် တိုင်းပြည်ကြီး တိုးတက်စည်ပင်အောင်၊ နိုင်ငံတကာနှင့်         ရင်ပေါင်တန်း နိုင်အောင်၊    စားနပ်ရိက္ခာကြွယ်ဝပြီး အနာဂတ်အတွက်    ရင်သွေးငယ်များကျန်းမာကြံ့ခိုင်အောင်  ဆောင်ရွက်ခဲ့ကြ သူများရှိသလို        လွတ်လပ်ရေးရပြီး နောက်ပိုင်း နှစ်ပေါင်း ၇၀ ကျော်အတွင်း နိုင်ငံပြိုလဲပျက်စီးအောင်၊  ပြည်နယ်များ ကွဲပြားသွားအောင်           ခြိမ်းခြောက် လက်နက်ကိုင်ကြသူများလည်း အဆက် မပြတ်‌ပေါ်ထွက်ခဲ့သည်။


ထိုအချိန်တိုင်းတွင်ပင်  တပ်မတော် သည်   သူ့အချိန်၊   သူ့အခါအလျောက် နိုင်ငံအတွက် ပါဝင်ထိန်းသိမ်းခဲ့ရသည် ချည်းပင်ဖြစ်ပါသည်။ ပြီးခဲ့သည့် သမိုင်း ဖြစ်စဉ်များတွင်   နိုင်ငံနှင့်   ပြည်သူတို့ အတွက် သမိုင်းသင်ခန်းစာများစွာ    ရရှိ ပိုင်ဆိုင်ခဲ့ကြသည်။ သမိုင်း၏  နာကျင် စရာဖြစ်ရပ်များ၊   မှားယွင်းဆုံးဖြတ်မှု များနှင့် တစ်ယူသန်အစွဲများကို    သင်ခန်း စာအဖြစ်မှတ်ယူ၍      အနာဂတ်မြန်မာ နိုင်ငံတော်ကြီးကို          ပြန်လည် တည်ဆောက်ကြရမည့်     တာဝန်ကို မိမိတို့နိုင်ငံသားတိုင်းက        ခံယူကာ လက်ခံကျင့်သုံး    ကျော်လွှားခြင်းဖြင့် နိုင်ငံ့အနာဂတ်ကို   ပုံဖော်ထုဆစ်ကြ ရမည် ဖြစ်ပါသည်။


တိုင်းပြည်နှင့်နိုင်ငံသားတို့အတွက် ကြိုးပမ်းရာတွင်  နိုင်ငံ့ဝန်ထမ်းများလည်း ပါဝင်ရမည်ဖြစ်သကဲ့သို့  ဆင်းရဲချမ်းသာ မရွေး၊ မြို့ပြကျေးလက်မရွေး၊  ဘာသာ မရွေး၊   လူမျိုးမရွေး၊ နိုင်ငံရေးဝါဒမရွေး အားလုံးစုစည်းပါဝင်ကြမှသာ တိုင်းပြည် ၏    အကျပ်အတည်း၊   အခက်အခဲကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါသည်။ “နိုင်ငံကောင်းစားဖို့အတွက်”     ဟူသည့် စေတနာစိတ်ကို  အရင်းခံကာ  မတူသည့် အမြင်၊    မတူသည့်   သဘောထားကို    အကောင်းဆုံးညှိနှိုင်း၍   ပကတိအခြေ အနေမှန်ကိုမြင်အောင်      ကြည့်ကြဖို့ လိုအပ်နေချိန်  ဖြစ်ပါသည်။    အဓိကနှင့် သာမညကို   ခွဲခြားသိမြင်ကာ       နိုင်ငံ အတွက်    အရေးကြီးသည့်    အခြေခံ အချက်များကို      နိုင်ငံသားတိုင်းက ပူးပေါင်းပါဝင် လက်ခံပေးကြရန်လည်း အလွန်ပင်အရေးကြီးပါသည်။ 


ကံကြမ္မာဆိုးကိုဖန်တီးကြသူများ


ဒီမိုကရေစီသည်      နိုင်ငံရေးစနစ် တစ်ခုဖြစ်၍      မတူညီမှုများကြားမှ   တူညီချက်များကို  အရယူကာ  အများ ဆန္ဒနှင့်အညီ  နိုင်ငံကို  မောင်းနှင်ရမည့်   နိုင်ငံရေး ရပ်တည်ချက်တစ်ခု မဟုတ်ပါ လား။ မိမိတို့နိုင်ငံသားတိုင်းက   လွတ်လပ် ၍ တရားမျှတမှုကို     မြတ်နိုးကြသည်။ တိုင်းပြည်ကို တိုးတက်အောင်ကြံဆောင် လိုကြသည်။ သို့သော် ကိုယ်ကျိုးရှာ နိုင်ငံ ရေးသမားများမှာ ဒီမိုကရေစီကို  ဒိုင်း သဖွယ်ကာရံကာ    တစ်ပါတီအာဏာရှင် ဆန်ဆန်ပြုမူမှုကို   ပြီးခဲ့သည့်ငါးနှစ်တာ အတွင်း ကြုံတွေ့ခဲ့ကြရသည်။ တစ်နိုင်ငံ လုံး  သောင်ပြိုကမ်းပြို၊ ၁၀၀ ရာခိုင်နှုန်း မဲနိုင်ချင်တယ်ဟူသည့် စကားလုံးတစ်လုံး နှင့်ပင် နောက်ဆက်တွဲရလဒ် မဲမသမာ မှုမျိုးစုံနှင့်    ၂၀၂၀ ပြည့်နှစ်    ပါတီစုံဒီမို ကရေစီ    ရွေးကောက်ပွဲကြီးသည် အကျည်းတန်ခဲ့ရပြီဖြစ်သည်။


ကိုယ်ကျိုးရှာ    နိုင်ငံရေးသမားတို့ အကြံအစည်သည် တပ်မတော်၏ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ     ထိန်းသိမ်းခဲ့မှု ကြောင့် မအောင်မြင်ခဲ့ရတော့။ သို့သော် နိုင်ငံကို မပျက်ပျက်အောင် ဖျက်ဆီးရန်၊ တစ်စစီပြိုကွဲအောင် ဖြိုခွဲရန် ကြံစည်သူ များက အင်အားကောင်းသည့်  လူမှုရေး ဝါဒဖြန့်ယန္တရားဖြစ်သည့် ဆိုရှယ်မီဒီယာ (ဖေ့စ်ဘွတ်)ကို      အဓိကထားကာ အွန်လိုင်းမှတစ်ဆင့်    ဝါဒဖြန့်ချုပ်ကိုင် ခြယ်လှယ်မှုကို   တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြတော့သည်။ ဆန္ဒပြ၊ ဆူပူ၊ အကြမ်းဖက်၊ လူသတ်၊ ဗုံးခွဲ၊ ချုံခို တိုက်ခိုက်သတ်ဖြတ် စသည်အထိ ဆိုးဆိုး ရွားရွားလုပ်ဆောင်ကြသည်။   အပြစ်မဲ့ ပြည်သူများကို            ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်သည်။   အပြစ်မဲ့ကျောင်းသား ကျောင်းသူများ၊ ပြည်သူ့ဝန်ထမ်းများနှင့် အလုပ်သမားများကို   တာဝန်ပျက်ကွက် အောင်     အမျိုးမျိုးစွပ်စွဲခြိမ်းခြောက် တားဆီးမှုများ   အဆက်မပြတ်   ပြုလုပ် ခဲ့ကြသည်။ 


တရားမဝင် အကြမ်းဖက်အဖွဲ့အစည်း များဖြစ်သည့်   CRPH၊   NUG  စသည့် အကြမ်းဖက်အုပ်စုဝင်များ၏ လှုပ်ရှားမှု သည် နိုင်ငံ့ကောင်းကျိုး၊ လူမျိုးအကျိုး စီးပွားအတွက် တစ်ခုမျှမပါဝင်ဘဲ၊ အိမ် ကြက်ချင်း အိုးမဲသုတ်စရာမလိုဘဲ အချင်း ချင်း သေကျေပျက်စီးအောင် အွန်လိုင်း ပေါ်မှ ခလုတ်နှိပ်ရင်း ဖန်တီးနေကြသည် မှာ ရင်နာစရာပင်ကောင်းလှသည်။ 


လမ်းချော်ကြသူမျာ


လူငယ်တို့၏သဘောသည်   စွန့်စား ရဲကြသည်။ ဖိနှိပ်ချုပ်ချယ်မှုကို မကြိုက် လိုကြ။  ယင်းအချက်ကို  အပိုင်သိသည့် အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းများက   လူငယ်များ    သည်းခြေကြိုက် အာဇာနည်ဟူသည့်    အသုံးအနှုန်းဖြင့် မြှောက်ပင့်ကာ မိမိတို့ကိုယ်ကျိုးအတွက် လူငယ်အချို့ကို      လူသားဒိုင်းသဖွယ် ပွဲထုတ်ခဲ့ကြသဖြင့် မဖြစ်သင့်ဘဲ အကြွေ စောခဲ့၊ မှားယွင်းသည့်အတွက်  နောင်တ ရခဲ့သည့်   လူငယ်တို့   ခြောက်လတာ အတွင်း ထွက်ပေါ်လာခဲ့ပြီ  ဖြစ်ပါသည်။ တက်ကြွရဲရင့်သည့်  နုငယ်ပျိုမြစ်သည့် အစွမ်းသတ္တိများသည်   အဟောသိကံ ဖြစ်ခဲ့ရပြီ။


အကြမ်းဖက်တတ်ခြင်း၊  အကျိုးမဲ့ ပျက်စီးစေလိုခြင်း၊  ရန်လိုတိုက်ခိုက်ခြင်း သည်   မိမိသည်သာမက  မိမိမိသားစု၊ မိမိရပ်ရွာနှင့် မိမိနိုင်ငံအထိပါ ပျက်စီး ရသည်ဟူသည်ကို          သတိမမူမိဘဲ   အရိုင်းအစိုင်းလူငယ်များ၊    ဘာသာ တရားကို မထီမဲ့မြင်   ပြုတတ်သည့်  လူရိုင်းစိုင်းများအဖြစ် ပုံသွင်းခဲ့သည်မှာ အကြမ်းဖက်အဖွဲ့အစည်းများပင် ဖြစ်ပါ သည်။   ယင်းကိုလည်း  လွန်ခဲ့သည့်  ငါးနှစ်တာကာလမှ အစပြုကာ ပုံသွင်း ခဲ့သည်ကိုလည်း    သတိပြုမိစေလိုပါ သည်။ လူငယ်များကို လမ်းမှန်သို့ပြသ ပေးရန်၊ ပြုပြင်ပေးရန်၊ အမှန်မြင်အောင်    တည့်မတ်ပေးရန်  လိုအပ်နေချိန်လည်း ဖြစ်ပါသည်။ လူငယ်အချို့  တော်လှန် ရေးဟူသည့်   ခေါင်းစဉ်အောက်တွင်    အသက်ပေးလိုက်ကြရသည်။    လူသူ မနီး တောကြီးမြိုင်ကြီးအတွင်း ခြေမွေး လက်မွေး မီးမလောင်ခဲ့ဖူးသည့် လူငယ် တို့      အတိဒုက္ခရောက်ကြရသည်။     ပြေးလွှားပုန်းအောင်းရင်း အဖိတ်အစဉ် များစွာကို   မျက်မြင်တွေ့နေကြရပြီ။ 


လက်လုပ်ဗုံးဖန်တီးရင်း ခြေပြတ် လက်ပြတ်    ဒုက္ခရောက်ကြရသူများ၊ အဖမ်းအဆီးအသံကြားပြီး    ထွက်ပြေး ရင်း  ရေတိမ်နစ်ခဲ့ကြသူ လူငယ်များကို ပင် အမှားကိုအမှန်ပြင်ပေးရမည့်အစား သူရဲ ကောင်းများ၊   အာဇာနည်များဟုပင် မြှောက်ပင့်ပေးကာ     တလွဲပုံဖော်နေကြ သည်ကို မြင်တွေ့ရသည်မှာ အကုသိုလ် ဒုစရိုက်   ကမ္မဝိပါက်    ဆိုးရွားချက်ပင် ဖြစ်ပါတော့သည်။        ထိုအချိန်တွင် တိုင်းပြည်အတွက် ပြည်ပသို့ထွက်ပြေး ရင်း    အနစ်နာခံနေရပါသည်ဟူသည့် ဆရာ့ဆရာကြီးများက      အဝေးရောက် စီမံညွှန်ကြား ဗျာဒိတ်ပေး၍ မဆုံးသေး သည်ကိုလည်း မြင်တွေ့ရသည်။ နိုင်ငံ ရေးကျွမ်းကျင်သူများ၏ ထောက်ပြမှု အရ   အကြမ်းဖက်ဦးဆောင်သူများက Peace Protests ဆန္ဒပြရန် ဆွဲဆောင် ပြီး ဆန္ဒများထွက်ပြ၊ Riots   လူစုလူဝေး နှင့်  ဆန္ဒပြမှုကို    ပိုမိုကျယ်ပြန့်အောင် လှုံ့ဆော်၊ Anarchy  Mobs    ရရာ လက်နက်ကိုင်စွဲပြီး   ဆူပူအကြမ်းဖက် ကြရန်   တိုက်တွန်းလှုံ့ဆော်၊    အစိုးရ ယန္တရားရပ်တန့်အောင် CDM   လှုပ်ရှား မှုနှင့်          သပိတ်အမျိုးမျိုးဆင်နွှဲ၊ Insurrections       ရရာလက်နက်နှင့် ဆက်လက်တိုက်ကြရန်နှင့် ဆက်လက် တိုက်ပွဲဝင်ရန်  လှုံ့ဆော်၊ သူပုန်သူကန် များနှင့်  မဟာမိတ်ပြု တော်လှန်ရေးကို အရှိန်မြှင့်ခြင်းနှင့်     နောက်ဆုံးအဆင့်    Terrorism    အကြမ်းဖက်တိုက်ခိုက် အောင်၊ လူထုအားလုံး ဆူပူအုံကြွအောင်၊ အလုံးစုံပျက်စီးအောင် အဆင့်ငါးဆင့် နှင့် ကြိုးပမ်းခဲ့ကြခြင်းပင်ဖြစ်ပါသည်။


ရောင်နီလင်းလုပြီ


သပိတ်စစ်ကြောင်းရှေ့ အယောင် ပြထွက်        ဦးဆောင်လမ်းပြသူတို့ ပြည်တွင်းတွင်  မရှိကြတော့။    မီးက လောင်ခဲ့သည်။ အမှန်ပင်။ ဖုံး၍မရ။              
                   

I စာမျက်နှာ ၆ မှ
မီးကို ပြည်သူ့အားဖြင့်   ငြှိမ်းသတ်နိုင်ခဲ့ပြီ      ဖြစ်ပါသည်။  ရုတ်တရက်အခြေအနေ ကြောင့်    လမ်းပေါ်ထွက်ခဲ့ရသည့် ပြည်သူအချို့ အမှန်သိသွားခဲ့ပြီ။ လက်ရှိ ကျန်ရှိနေသေးသည့် လူတစ်စုစာတို့မှာ မည်မျှပင် မီးပြန်မွှေးပါစေ   တောက် လောင်မလာနိုင်တော့။ မီးလောင်ပြင် အား ရှင်းလင်းရန်၊ မီးကြွင်း မီးစများ အား   ငြှိမ်းသတ်ရန်   ပြည်သူ့အားဖြင့် အမြန်ဆုံးထူထောင်ကြရမည့်   ကာလ ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဒီမိုကရေစီပြည်ထောင်စုအတွက်  ပြည်သူများ ဆက်လက်ချီတက်ကြရပါ မည်။ ခရီးစဉ်လမ်းကြောင်းမှာ တစ်ပါတီ အာဏာရှင်စနစ်မဟုတ်ပါ။ တရားမျှတ သည့် ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူက ရွေးချယ်တင်မြှောက်သည့်     ဒီမိုကရေစီ ကိုယ်စားလှယ်လောင်းများကို ဥပဒေအရ သတ်မှတ်ချက်များနှင့်အညီ     ဖွဲ့စည်း တည်ထောင်မည့် ဒီမိုကရေစီလမ်းကြောင်း ပင်ဖြစ်ပါသည်။ ယင်းကိုလည်း   ပြည်သူ များအားလုံးကို   အတိအလင်းကြေညာ ပြောကြားပြီးသားဖြစ်သလို နိုင်ငံတကာ သို့လည်း  ပွင့်လင်းမြင်သာစွာ     ပြောဆို ထားပြီးသားပင်ဖြစ်ပါသည်။
မိမိတို့ပြည်သူများ၏  တာဝန်သည် နိုင်ငံကို    ပိုမိုတိုးတက်မြင့်မားအောင် ကြံဆောင်ကြရန်ပင်ဖြစ်ပါသည်။  မဟုတ် မမှန်လမ်းစဉ်များကို ရှောင်ရှားကာ ဒီမို ကရေစီ၏အနှစ်သာရကို ဖော်ဆောင်ရန် အတွက် မြို့နယ်၊ ကျေးရွာ၊  ခရိုင် စသည့် အဆင့်တိုင်းတွင် မိမိတို့ကျရာ၊ နိုင်ရာဝန် ကို  ထမ်းဆောင်ကြရမည်ဖြစ်ပါသည်။      တရားဥပဒေစိုးမိုးရေးအတွက်    နိုင်ငံသား တိုင်းက လေးစားလိုက်နာကြရမည်ဖြစ် သကဲ့သို့ မိမိတို့ရပ်ရွာအတွင်း မငြိမ်မသက်   ဖြစ်စေရန်၊ တည်ငြိမ်အေးချမ်းမှုမရှိစေရန် ကြံရွယ်သူများကို  ဖယ်ရှားကြရခြင်းဖြင့် နိုင်ငံ့ဝန်ကို နိုင်ငံသားတိုင်းက    ထမ်းရွက် ကြရမည်ဖြစ်ပါသည်။ သူတစ်ပါး သွေးထိုး မြှောက်ပင့်မှုဖြင့် CDM လှုပ်ရှားမှုပါဝင်သူ အချို့ အနေအစားပျက်ယွင်းကာ အခက် ကြုံကြရသည်။   တောတွင်းနေရာအချို့ တွင်   လူငယ်အချို့   ထွက်ပေါက်မဲ့ကာ ရည်ရွယ်ချက်      ပျောက်နေကြရသည်။ အမှားကိုသိ၍ အမှန်ကိုမြင်ပါ၊ အလင်းကို သိ၍ အမှောင်ကိုခွင်းပါဟူ၍ လေးလေး နက်နက် တိုက်တွန်းလိုပါသည်။
ကျေးဇူးတော်ရှင်  လယ်တီဆရာတော် ကြီး၏ တေးထပ်ကဗျာတစ်ပုဒ်ကို အမှတ် ရမိပါ၏။ လောကီကိုပယ်၍  လောကုတ္တရာ အကျိုးမျှော်၍  ရေးသားထားသော်လည်း        လောကီလူ့ဘောင် သာယာရေးအတွက် လည်း      များစွာအကျိုးရှိလှသည့်            ခွင့်သာခိုက်မှ      မလိုက်ချင်လျှင်ဟူသည့်         ကဗျာပင်ဖြစ်ပါသည်။
ယင်းတေးထပ်အတွင်းမှ   အောက် ဆုံးစာပိုဒ်ဖြစ်သည့် - 
“အခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။” 
ဟူ၍ပင် နှလုံးသွင်းဆင်ခြင်ကြ ရင်းဖြင့်         နိုင်ငံသားများအားလုံး       တိုင်းပြည် ပြန်လည်       ထူထောင်ရေးအတွက်          ပူးပေါင်းပါဝင်ကြရန် အကြံပြုတိုက်တွန်း လိုက်ရပါတော့သည်။         ။