ပြည်ဖျက်ရန်အကြံ၊ တစ်ကျိတ်တည်းတစ်ဉာဏ်တည်း
သတင်းတု၊ သတင်းအမှား လုပ်ကြံရေးသားဖြန့်ဝေမှုများကို အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများနှင့် ပြည်ဖျက် မီဒီယာများ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ပူးပေါင်းကာ တစိုက်မတ်မတ် ကျူးလွန်လျက်ရှိသည်။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာ့တပ်မတော်ကို ပြည်သူလူထုက အထင် အမြင်လွဲမှားရေး၊ မုန်းတီးရေး၊ နိုင်ငံတကာအလယ်တွင် သိက္ခာချ ရေးတို့ဖြစ်ပြီး သတင်းအတု၊ သတင်းအမှားများကို တစ်နေ့ တစ်မျိုး မရိုးရအောင် လုပ်ကြံဖြန့်ချိနေကြခြင်းဖြစ်သည်။