အကြမ်းဖက်အဖျက်လုပ်ရပ်များ လူထုအားဖြင့် ဟန့်တားတိုက်ဖျက်
ယနေ့တိုင်းရင်းသားပြည်သူလူထုကြီးတစ်ရပ်လုံး၏ လိုလား ချက်မှာ နိုင်ငံတော်တစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးပင်ဖြစ်သည်။ လက်ရှိကာလနိုင်ငံအတွင်း ဒေသ အချို့မှာ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးသတ်ဖြတ်မှုများ ဖြစ် ပေါ်နေပြီး ယင်းတို့၏ဒဏ်ကို ဒေသတွင်းနေအပြစ်မဲ့ပြည်သူများ က အဓိကခါးစည်းခံနေကြရသည်။ အကြမ်းဖက်အဖျက်လုပ်ရပ် များကြောင့် အသက်အိုးအိမ်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများ ပျက်စီး ဆုံးရှုံးကြရသည့်အပြင် လူမှုဘဝများပါ ထိခိုက်နစ်နာကြရခြင်း အပေါ် သည်းမခံနိုင်ကြတော့သည့်အလျောက် အကြမ်းဖက် အဖျက်သမားတို့၏ လှုပ်ရှားမှုများ၊ လက်နက်ခဲယမ်း သယ်ဆောင် မှုများကို သတင်းပေးခြင်းအားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင