နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေဒေသများအတွင်း MNDAA၊ TNLA ၊ AA နှင့် ၎င်းတို့အား ပါဝင်ကူညီနေကြသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် နိုင်ငံရေး ပါတီ(၂၃) ပါတီတို့က ဆန့်ကျင်ရှုတ်ချကန့်ကွက်ကြောင်း ပူးတွဲ သဘောထားထုတ်ပြန် ကြေညာလိုက်သည်။ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များဟု ဆိုရာတွင် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သော လူနေရပ်ကွက်များကို အဝေးမှလက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်း၊ ဒရော့ဗ်ဗုံးများ ကြဲချခြင်း၊ ၎င်းတို့ ထိန်းချုပ် ထားသည့် နယ်မြေအတွင်း နေထိုင်လျက်ရှိသည့် ၎င်းတို့နှင့် လူမျိုးမတူသူ တိုင်းရင်းသားမျိုးနွယ်စုများကို အဓမ