မြန်မာ့အလင်းအယ်ဒီတာအာဘော်

ထူးကဲလွန်မြတ်သည့် အလှူဒါန

 

လတကာတို့တွင် တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်ကောင်း သော လဖြစ်သည်ဟု ရှေးစာဆိုတို့က ဆိုသည်။ ၁၂ လရာသီပွဲများ အနက် တန်ဆောင်မုန်းလ၏ ထင်ရှားသည့်ပွဲမှာ ကထိန်ပွဲပင် ဖြစ်ပြီး နိုင်ငံအတွင်း ဒေသအသီးသီးတို့တွင် ခြိမ့်ခြိမ့်သဲသဲကျင်းပ သည့် ဘာသာရေးဆိုင်ရာပွဲဖြစ်သည်။  ကထိန်ပွဲကျင်းပခြင်း၏ မူလအစသည် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကာလ ဓူတင်ဆောင်သော ပါဝေယျက တိုင်းသားရဟန်းတော်သုံးကျိပ် တို့၏ ဆင်းရဲပင်ပန်းမှုကို တွေ့မြင်တော်မူပြီးနောက် ကထိန်ခင်း ရန် ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။

 

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်