မြန်မာ့အလင်းအယ်ဒီတာအာဘော်
အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုနှင့် နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခု
အခက်အခဲများကိုသိရှိနားလည် တက်ကြွစွာ ကူညီပူးပေါင်းဖြေရှင်း
၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး အတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ အတွင်း လတ်တလောဖြစ်ပေါ်နေသော ဓာတ်အားပြတ်တောက်မှု များကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရသည့် ပြည်သူများ အနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက် နေမှုများ၊ ရင်ဆိုင်ဖြေရှင်းနေရသည့် အခက်အခဲများအပေါ် သိရှိ နားလည်စွာဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြသည်နှင့်အမျှ လာမည့် ရှစ်နှစ်တာကာလတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု များအားလုံး ဓာတ်အားသုံးစွဲခွင့်ရရှိရေးသည် မစားရဝခမန်း အပြောသက်သက်မျှသာမဟုတ်ဘဲ လက်တွေ့အကောင်အထည် ပေါ်လာမည်ဖြစ်သည်။
ချက်ပြုတ်စားသုံးမှုပုံစံ ပြောင်းလဲရေး
ဆီသည် လူတို့အတွက် အင်အားဖြစ်စေသော အစာအုပ်စုထဲတွင် ပါဝင်သည်။ သို့ရာတွင် လိုသည်ထက်ပို၍စားသုံးလျှင်မူ အင်အား ဖြစ်သည်ထက် ရောဂါထူပြောလာနိုင်သည်။ ထို့အပြင် စားသုံးရန် မသင့်သည့် ဆီအမျိုးမျိုးတို့ကို နည်းမျိုးစုံဖြင့် ပြုပြင်ဖန်တီး၍ စီးပွားရေးလောဘသမား မသမာသူတို့က ဈေးကွက်တွင် ရောင်းချ နေသော ဆီအတုများကို စားသုံးမိပြန်လျှင်လည်း ပို၍ပင် အကျိုး နည်းကြလိမ့်ဦးမည် ဖြစ်သည်။ ဆီအတုများက ဆီအစစ်များ ထက်ပင် ပို၍အရောင်လှ၊ ပို၍ အနံ့မွှေးပြီး ရောင်းချရာတွင် ပို၍ မျက်နှာပန်းလှသည်ဟု ဆိုကြရာ စိုးရိမ်ထိတ်လန့်ဖွယ်ရာဟုပင် ဆိုရမည်။
ချွေတာကြစို့
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတို့က ကမ္ဘာ့ နိုင်ငံအသီးသီးကို ရိုက်ခတ်လျက်ရှိသည်။ နိုင်ငံတိုင်းတွင် အခက်အခဲကိုယ်စီ၊ စိန်ခေါ်မှုကိုယ်စီ ရင်ဆိုင်နေကြရခြင်းဖြစ်သည့် အလျောက် လက်ရှိကြုံတွေ့နေကြရသည့် အကျပ်အတည်းများကို ကြံ့ကြံ့ခိုင်ခိုင် ခုခံနိုင်ကြရေးနှင့် အလျင်မြန်ဆုံး ရုန်းထွက် လွတ်မြောက်နိုင်ရေးအတွက် စီမံဆောင်ရွက်နေကြရသည်။
ပြည်တွင်းစားသုံးဆီအတွက် ပြည်တွင်းမှာပင် စိုက်ပျိုးထုတ်လုပ်
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမယ် တော်တော်များများ စိုက်ပျိုးဖြစ်ထွန်းသည်။ မြန်မာတို့မှာ မိရိုးဖလာအရ မြေပဲဆီနှင့် နှမ်းဆီတို့ကို အဓိကထား စားသုံးခဲ့ကြပြီး နောက်ပိုင်းတွင် နေကြာ ဆီကိုလည်း နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲလာကြသည်။ သို့ရာတွင် ပြည်တွင်းစားသုံးဆီထုတ်လုပ်နိုင်မှုထက် ပြည်တွင်းဆီစားသုံးမှုက များစွာပိုလာခြင်းနှင့် ပြည်တွင်းမှ ထုတ်လုပ်သည့်ဆီက ဈေးနှုန်း မြင့်လာခြင်းတို့ကြောင့် ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီ ကို ပိုမိုစားသုံးလာခဲ့ကြရာမှ ပြည်တွင်းဆီဈေးကွက်တွင် စားအုန်းဆီက အဓိကနေရာကို သိမ်းပိုက်လွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။



