မြန်မာ့အလင်းအယ်ဒီတာအာဘော်

ထာဝစဉ် တည်ရှိနေရမည်

 

၂၁ ရာစု နိုင်ငံတကာ အခင်းအကျင်းတွင် အာရှတိုက်သည် ကမ္ဘာ့ နိုင်ငံရေးနှင့် စီးပွားရေးတို့၏ အချက်အချာဖြစ်လာသည်။ အာဆီယံ  ၁၀  နိုင်ငံအနက်  ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတို့၏ အဆက်အစပ်နေရာတွင် တည်ရှိနေခြင်း၊ အာရှ၏ အင်အားကြီး နှစ်နိုင်ငံဖြစ်သော  တရုတ်နှင့်  အိန္ဒိယနှစ်နိုင်ငံတို့အကြားတွင် နယ်နိမိတ်များထိစပ်၍   တည်ရှိနေခြင်း၊   ကမ္ဘာ့ကုန်သွယ် ရေကြောင်းလမ်းတွင် အရေးပါသည့် မာလက္ကာရေလက်ကြားကို ထိန်းချုပ်နိုင်သည့်  နေရာတွင် တည်ရှိနေခြင်းတို့ကြောင့် မဟာ ဗျူဟာအရ အချက်အချာကျသည့်နိုင်ငံ ဖြစ်သည်။

 

ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲအသင့်

 

မြန်မာနိုင်ငံတစ်ဝန်းလုံး၌       နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ    ကိစ္စရပ်များအပြင်   နိုင်ငံတော်အစိုးရ၏  လုံခြုံရေးနှင့်   အုပ်ချုပ်ရေးယန္တရားများအား  နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ   တပ်မတော်၏   စစ်ရေးဆိုင်ရာ   လှုပ်ရှားမှု များကို ၂၀၂၂ ခုနှစ် မတ် ၁ ရက်နေ့မှစ၍ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ထပ်မံတိုးမြှင့်ရပ်စဲကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်ကို နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးကို လိုလားသူ  တိုင်းရင်းသားပြည်သူအားလုံး သိရှိကြပြီးဖြစ်သလို ထောက်ခံလျက်လည်း ရှိကြသည်။

 

နိုင်ငံ့အနာဂတ်အတွက် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး

 

မြန်မာနိုင်ငံတွင် လူငယ်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အကျုံးဝင်သော အသက်အပိုင်းအခြားမှာ ၁၅ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်သည်။ ယင်းအသက်အပိုင်းအခြားအတွင်းရှိသော လူငယ်များ က  မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိသည်။ မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် မျှော်မှန်း တည်ဆောက်လျက်ရှိရာတွင် ယနေ့လူငယ်များသည် နိုင်ငံ၏ အနာဂတ်ကို ဆက်လက်တာဝန်ယူသွားကြရမည့်သူများ ဖြစ်သည့် အလျောက် လူငယ်ပြုစုပျိုးထောင်ရေး၊ လူငယ်ဖွံ့ဖြိုးရေးတို့ကို စဉ်ဆက်မပြတ် ပြုလုပ်သွားရန်လိုအပ်သည်။

 

အင်အားတောင့်တင်းပြီးစွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရေး

 

 

နိုင်ငံတော်ကို ကာကွယ်ရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူကိုကာကွယ်ရန်မှာ တပ်မတော်၏တာဝန်ဖြစ်သည်။ ဤ တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက်  တပ်မတော်သည် စွမ်းရည်မြင့်မားသည့် တပ်မတော်ဖြစ်ရန်လိုသည်။ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအနေအထားနှင့် မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံ ရေး အခြေအနေအရပ်ရပ်တို့ကလည်း နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းပကားဖြစ်သည့် တပ်မတော်ကို အင်အားတောင့်တင်းခိုင်မာ စေရန်နှင့်    စွမ်းဆောင်ရည်မြင့်မားစေရန်    မြှင့်တင်ရေးကို တောင်းဆိုလျက်ရှိပြီဖြစ်သည်။

 

နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးနှင့် ပြည်သူလူထု စားဝတ်နေမှုဖူလုံရေး

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သစ်ကို  လာမည့် ဧပြီလမှစတင်၍  နောက်နှစ်မတ်လအထိ အကောင်အထည်ဖော်ဆောင်ရွက်တော့ မည်ဖြစ်သည်။ ဘဏ္ဍာရေးနှစ် တစ်နှစ်တာအတွက် ရေးဆွဲထား သည့် အမျိုးသားစီမံကိန်းလျာထားချက်များကို အကောင်အထည် ဖော်ရာတွင်  ပြည်ထောင်စုဝန်ကြီးဌာနများက    ကဏ္ဍအလိုက် တာဝန်ယူကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ က ဒေသအလိုက် တာဝန်ယူကြရမည်ဖြစ်သည်။ စီမံကိန်းလျာထား ချက်များအတိုင်း     အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် အတွက်  တာဝန်ယူမှု  တာဝန်ခံမှုအပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းသွားကြရမှာလည်းဖြစ်သည်။

 

အမျိုးသားမြေဥပဒေပေါ်ပေါက်ရေးနှင့် မြေစီမံခန့်ခွဲမှုဥပဒေများ သဟဇာတဖြစ်ရေး

မြန်မာနိုင်ငံအတွင်း မြေအသုံးချမှု စီမံခန့်ခွဲရာတွင် စိန်ခေါ်မှုများစွာ ရှိနေကြောင်း အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ယင်းစိန်ခေါ်မှုများတွင် တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြဋ္ဌာန်းရန် လိုအပ် ချက်များ၊ ကဏ္ဍအလိုက် ပြဋ္ဌာန်းထားသည့်ဥပဒေများ ချိတ်ဆက် မှု၊ သဟဇာတမဖြစ်မှုနှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများ၊ ဥပဒေအပေါ် လိုသလို အလွဲသုံးဆောင်ရွက်မှုများ၊ မြေသယံဇာတအချက်အလက်များနှင့် မြေပြင်၊ မြေပုံများ တိကျမှန်ကန်ရန် လိုအပ်မှုရှိနေခြင်းများ၊ မြေပြင်၌ လက်တွေ့စီ
Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်