နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “တိုင်းပြည်သာယာဝပြော ရေး” နှင့် “စားရေရိက္ခာဖူလုံရေး”  ဟူသော အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ခုနှင့်  “စစ်မှန်စည်းကမ်းပြည့်ဝသည့်  ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး”   နှင့်   “ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး”  ဟူသော နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခုတို့ကို    ဦးတည်ဆောင်ရွက်လျက်ရှိ သည်။ 
အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုနှင့်    နိုင်ငံရေးလုပ်ငန်းစဉ် နှစ်ခုဟူ၍ ဆိုခဲ့သည့်တိုင် အဆိုပါလုပ်ငန်းစဉ်များမှာ တစ်ခုနှင့် တစ်ခုတို့ ဆက်နွှယ်လျက်ရှိပြီး  လုပ်ငန်းစဉ်တစ်ခုကို အောင်မြင် စွာ အကောင်အထည်ဖော်နိုင်ပြီဆိုပါက ကျန်လုပ်ငန်းစဉ်မှာလည်း အောင်မြင်မှု ရရှိနိုင်ရန် အခြေခံကောင်းများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ မိမိတို့နိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ မှုကို အကြောင်းခံ၍   အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ ဖျက်ဆီးမှုများမှာ  နိုင်ငံ၏ဒေသအချို့၊  မြို့နယ်အချို့တို့တွင် ဖြစ်ပေါ်ခဲ့သည်။  ယင်းဒေသများတွင်  ဒေသဖွံ့ဖြိုးရေးအတွက် ထူထောင်တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများကို  အကြမ်းဖက်သမားတို့က   ဖျက်ဆီးခဲ့ကြသည့်အပြင်    အပြစ်မဲ့ ပြည်သူများ၊ ဝန်ထမ်းများ၊  ရဟန်းသံဃာတော်များပါမကျန် သတ်ဖြတ်ခဲ့ကြသည့်အတွက် အကြောက်တရားတို့ လွှမ်းမိုးကာ အေးချမ်းသာယာမှုလည်း ကင်းမဲ့ခဲ့သည်။ တရားဥပဒေစိုးမိုးမှုနှင့် အေးချမ်းသာယာမှု ကင်းမဲ့သည့်   ဒေသမျိုးတွင်   ပရိယေသန ဝမ်းစာရှာဖွေရေး၊  စိုက်ပျိုးမွေးမြူ  စားရေရိက္ခာ  ထုတ်လုပ်ရေး တို့ကို  အေးအေးချမ်းချမ်း လုပ်ကိုင်နိုင်ခြင်း မရှိသည်မှာလည်း လွန်စွာမှပင် သေချာလှသည်။  သို့ဖြစ်ရာ တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတစ်ဝန်းလုံးတွင် အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားရန် လိုအပ်သည်။ တိုင်းပြည်သာယာဝပြောပြီး စားရေရိက္ခာဖူလုံမှသာ   စစ်မှန်စည်းကမ်းပြည့်ဝသည့်   ပါတီစုံ ဒီမိုကရေစီစနစ်ကို ခိုင်မာစေနိုင်မှာလည်း ဖြစ်သည်။
ပြည်သူလူထုအတွင်း ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းမြင့်မားနေ ခြင်း၊ ပြည်သူလူထု၏ ပျမ်းမျှပညာရည်အဆင့်အတန်း နိမ့်ကျနေ ခြင်းတို့သည်   ဒီမိုကရေစီစနစ်ကျင့်သုံးရာတွင်   ကြီးစွာသော အဟန့်အတားကို ဖြစ်ပေါ်စေသည်။ နိုင်ငံအတွင်း ဆင်းရဲနွမ်းပါး မှုကို တိုက်ဖျက်ပြီး အလုပ်အကိုင်အခွင့်အလမ်းနှင့် ပညာသင်ယူ နိုင်မှု  အခွင့်အလမ်းများကို  ပိုမိုဖန်တီးပေးခြင်း၊   အခမဲ့နှင့်မသင် မနေရ       ပညာရေးစနစ်တို့အပြင်      ဆင်းရဲနွမ်းပါးပြီး   ဝေးလံ ခေါင်းပါးဒေသများတွင်   ရိက္ခာပေးထမင်းကျွေးပြီး  ပညာရေး မြှင့်တင်ပေးရန် လိုအပ်ပါက  လိုအပ်သလို   အကောင်အထည်ဖော် ပေးရမည်ဖြစ်သည်။  ပညာရည်မြင့်မားပြီး  မှန်ကန်စွာစဉ်းစား တွေးခေါ်နိုင်သည့် ပြည်သူကသာ  မိမိတို့ကိုယ်စား နိုင်ငံ့အာဏာ ကို ကိုင်တွယ်ကျင့်သုံးကာ  ပြည်သူလူထု  အကျိုးစီးပွားကို အမှန် တကယ်   သယ်ပိုးနိုင်သည့်အစိုးရကို   ရွေးချယ်တင်မြှောက်နိုင် မည်ဖြစ်သည့်အပြင် မိမိတို့တင်မြှောက်သည့် အစိုးရသည် မိမိ တို့မျှော်လင့်သလို ပုံမလာပါကလည်း  မှန်ကန်စွာ  သိမြင်နိုင်ကြ မည်ဖြစ်သည်။ 
ဒီမိုကရေစီစနစ်တွင် အစိုးရနှင့် ပြည်သူလူထုတို့၏ ပူးပေါင်း လက်တွဲဆောင်ရွက်မှုတို့ အားကောင်းရန်လိုသည်။  နိုင်ငံ့ရေးရာ ကိစ္စများတွင် ပြည်သူလူထုပါဝင်ဆောင်ရွက်နိုင်ရန်  အခွင့်အလမ်း ပေးက ပါဝင်ဆောင်ရွက်စေသင့်သည်လည်း  ဖြစ်သည်။  မိမိတို့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အနာဂတ်ရည်မှန်းချက် သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကြီး ဖြစ်ပြီး လတ်တလောလိုအပ်ချက်မှာ တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာ ဖူလုံရေးဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူလူထု  ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြီးပြည့်စုံနိုင်ပါစေကြောင်း။      ။
      
  Remark Type
              
           
      


