ပူးပေါင်းပါဝင်မှ ခရီးတွင်မည်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိသည်။ MSME ခေါ် သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများမှာ မိမိတို့နိုင်ငံတွင် အများစုလုပ်ကိုင်နေ ကြပြီး အဓိကမောင်းနှင်အားလည်းဖြစ်ရာ MSME များကို အားပေးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန်လည်း ရည်ရွယ်သည်။