တိုက်ခိုက်ဖျက်ဆီးမှုနှင့် အကြမ်းဖက်ဖမ်းဆီးမှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချ
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်လင့် နေကြသော ပြည်သူများအဖို့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း တွင် လူမှုကွန်ရက်စာမျက်နှာများ၌ တွေ့မြင်ရသည့် တိုက်ခိုက်မှု၊ ဖျက်ဆီးမှုပုံရိပ်များနှင့် သတင်းများမှာ ဝမ်းနည်းဖွယ်၊ စိတ် မချမ်းမြေ့ဖွယ်ပင်ဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်ဆောင်ထား သူများမဟုတ်သည့် အရပ်သားအပြစ်မဲ့ပြည်သူများကို ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုမှာလည်း စိုးရိမ်ပူပန်စရာ ဖြစ်သည်။