မြန်မာ့အလင်းအယ်ဒီတာအာဘော်

မြန်မာပြည်သူလူထု၏ စိုးရိမ်မှု

 

ယနေ့မြန်မာနိုင်ငံ၏ ပကတိအခြေအနေသည် နိုင်ငံတစ်ဝန်း လုံး အေးချမ်းသာယာနေသည်မဟုတ်။ နိုင်ငံ၏ အစိတ်အပိုင်း အချို့တွင် ပဋိပက္ခများရှိနေသည်။ မတည်မငြိမ်ဖြစ်နေသည်။ မတည်ငြိမ် မအေးချမ်းသည့် ဒေသများတွင် နေထိုင်ကြရသည့်  ဒေသခံပြည်သူများမှာ  မိမိတို့၏  အသက်ခန္ဓာနှင့်  ဓနဥစ္စာ တို့အတွက် စိုးရိမ်ကြောင့်ကြနေရသည်။ ထိတ်လန့်ကြောက်ရွံ့ နေကြရသည်။

ဥပဒ်ရန်ဘေးကင်းစင်ဝေး၍ ငြိမ်းအေးနိုင်ကြပါစေကြောင်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံခဲ့သည့် သတင်းကို နိုင်ငံပိုင်မီဒီယာများတွင် မိမိတို့တွေ့မြင်ဖတ်ရှုသိရှိ ခဲ့ကြရပြီးဖြစ်သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အောက်တို ဘာလ ၂၇ ရက်မှစ၍ MNDAA ၊ TNLA ၊ AA အဖွဲ့တို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ ၎င်းတို့နေထိုင်ရာ မြို့ရွာ များကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည်။

အဖျက်အမှောင့်နှင့် ဝိသမလောဘသမား ထိရောက်စွာ ရှင်းလင်းဖယ်ရှား

 

စားအုန်းဆီနှင့် စက်သုံးဆီဟူသော ဆီနှစ်ဆီက မိမိတို့နိုင်ငံတွင် အများ ပြည်သူနှင့်  တစ်ဆက်တစ်စပ်တည်းဖြစ်နေသော  အရေးပါသည့်   ကုန်စည်နှစ်မျိုးဖြစ်သည်။ ပြည်တွင်း၌  အလုံအလောက်ထုတ်လုပ်နိုင် ခြင်းမရှိသေးသည့်အလျောက်  နိုင်ငံခြားငွေ အမြောက်အမြားသုံးစွဲ၍ ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်းဖြစ်ရာ ဆီနှစ်ဆီကို  ချွေတာသုံးစွဲ ကြပါရန် စည်းရုံးလှုံ့ဆော်မှုများစွာ ပြုလုပ်နေသော်လည်း  အသုံးအစွဲတို့  လျော့ကျသွားခြင်းမရှိ။ ဈေးကွက်စီးပွားရေးခေတ်ဖြစ်သည့် အားလျော် စွာ ပုဂ္ဂလိကကဏ္ဍမှ ပြည်တွင်းဆီတင်သွင်းမှုများအပေါ် နိုင်ငံတော် အစိုးရက ပုံမှန်အတိုင်း ဆက်လက်ခွင့်ပြုပေးနေခြင်းကို တွေ့ရှိရသည်။

ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ဆက်လက်ကြိုးပမ်း

 

နိုင်ငံ့စီးပွားမြင့်မားစေရေးအတွက်   အဓိကကျသည့်  စိုက်ပျိုး ထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ရန် အရေးကြီးသည်။ နိုင်ငံ့လူဦး ရေ၏   ၇၀ ရာခိုင်နှုန်းသည်  ကျေးလက်တွင်  နေထိုင်ကြပြီး ယင်းအနက်မှ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် နှီးနွှယ်လျက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျေးလက်နေ ပြည်သူများ၏   လူနေမှုအဆင့်မှာလည်း   မြင့်မားလာမည်သာ  ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ စည်းလုံးဆောင်ရွက်ကြပါစို့

 

အဂတိလိုက်စားမှုက   ကမ္ဘာလုံးဆိုင်ရာ   ပြဿာနာဖြစ်သည်။ အဂတိလိုက်စားမှုသည် ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် အကြမ်းဖက် တိုက်ခိုက်ခြင်းတို့ကို အားပေးပြီး  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို နှောင့်နှေးစေကာ တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီစနစ်ကို ထိခိုက်နိုင်စေသည်ဟု  ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံက   ဆိုသည်။ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့်အဂတိလိုက်စားမှု၊ အကျင့် ပျက်ခြစားမှုပြဿနာကို ကမ္ဘာသူ ကမ္ဘာသားတို့အလေးအနက် ဂရုပြုလာကြစေရန်နှင့် တားဆီးနှိမ်နင်းနိုင်ကြစေရန် ရည်ရွယ်၍ ကုလသမဂ္ဂက နှစ်စဉ်   ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထား သည်။ 

စည်းလုံးညီညာတက်ကြွထက်သန်သည့် အမျိုးသားရေးစိတ်ဓာတ်အားမာန်

 

ယနေ့သည် (၁၀၃) နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၃ နှစ်က ဤနေ့ဤရက်တွင် အင်္ဂလိပ် နယ်ချဲ့လက်အောက်ခံ မြန်မာနိုင်ငံ၌ အမျိုးသားရေးစိတ်ဓာတ်ကို အရင်းခံကာ နယ်ချဲ့ကို ဆန့်ကျင်အုံကြွမှုဖြစ်ပေါ်ခဲ့သည်။ ယူနီဗာ စီတီ အက်ဥပဒေကို ကန့်ကွက်သည့် အဆိုပါဆန့်ကျင်အုံကြွမှု သည်  ၁၉၂၀  ပြည့်နှစ်  ပထမကျောင်းသားသပိတ်ဟု  သမိုင်း မှတ်တမ်းတင် မော်ကွန်းတွင်ရစ်ခဲ့ပြီး အနှစ်သာရအားဖြင့် မြန်မာ တစ်မျိုးသားလုံးကို အမျိုးသားရေးစိတ်ဓာတ်  နိုးထရှင်သန်စေ ခဲ့ခြင်းဖြစ်သည်။

နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် မျက်မှောက်ကာလ၏ သမိုင်းပေးတာဝန်

 

ကိုယ့်မင်းကိုယ်ချင်းနှင့် နေထိုင်ခဲ့သောခေတ်တွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ဖြစ်ပြီး နှစ်ပေါင်းထောင်ချီ၍ ဖြစ်တည်လာခဲ့သော မြန်မာတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူနေမှုစနစ်တို့နှင့်   ကိုက်ညီခဲ့သည်။ ၎င်းပညာရေး  စနစ်ဖြင့်ပင်   မြန်မာများ   စာပေတတ်မြောက်ကြပြီး ယဉ်ကျေး သိမ်မွေ့ခဲ့ကြသည်။ သက်မွေးဝမ်းကျောင်းပညာများ တတ်မြောက် ခဲ့ကြသလို ကိုယ်ကျင့်တရားလည်း မြင့်မားခဲ့ကြသည်။ 

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်