လူတိုင်းပျော်ရွှင်ကျန်းမာကြံ့ခိုင်ရေး နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ပေး
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်သည့် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအဖြစ် နံနက်စောစော စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပခြင်း၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ကြခြင်း အစီအစဉ်များမှာ ယခု ရက်သတ္တပတ်တွင် နောက်ဆုံးအဖြစ် ကျင်းပကြမည်ဖြစ်သည်။ မိုးလေကင်းစင်၍ ရာသီဥတုအေးမြသည့် ဒီဇင်ဘာလကို လူထု အားကစားလှုပ်ရှားမှုလအဖြစ် သတ်မှတ်ပြီး တစ်နှစ်လုံးတွင် တစ်လ၊ တစ်လထဲတွင် တစ်ပတ်မှတစ်ကြိမ်မျှသာ လမ်းလျှောက် ကြခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ကြခြင်းက ပြည်သူလူထုကို နှိုးဆော်တိုက်တွန်းခြင်းမျှသာဖြစ်သည်။