မြန်မာ့အလင်းအယ်ဒီတာအာဘော်

ဆောလျင်စွာနှင့် တိကျမှန်ကန်စွာ

 

အစွန်းရောက် မိုးလေဝသဖြစ်စဉ်များဖြစ်သော မိုးရွာသွန်းမှုမူမမှန် ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန် ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည်တို့ကိုဖြစ်ပေါ်စေသည့် အယ် နီညိုဖြစ်စဉ်သည်  အားအသင့်အတင့်အခြေအနေတွင်ရှိနေရာ   ကမ္ဘာတစ်ဝန်းတွင် အယ်နီညိုအားနည်းလာသော်လည်း အပူချိန် ဆက်လက်မြင့်မားနေဦးမည်ဖြစ်သည်ဟု သတင်းများတွင် တွေ့ရ သည်။

နှင်းအပ်တာဝန်ကျေပွန်ခဲ့သည်

 

ယနေ့မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ပါတီစုံဒီမိုကရေစီစနစ် သည် ပြည်သူများ၏ လိုလားတောင့်တချက်နှင့်အညီ တပ်မတော် က အဆင့်ဆင့်ပုံဖော်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ယခင် တပ်မတော်အစိုးရလက်ထက်တွင် နိုင်ငံကို ဒီမိုကရေစီအကူး အပြောင်းကာလများအတွင်း နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိ သည့် ဒီမိုကရေစီကျင့်သုံးပုံများကို လေ့လာကာ ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်၍ ပြည်သူများအားလုံး၏ ဆန္ဒဖြစ်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

တီဘီရောဂါ ပပျောက်ရေး အားလုံးပူးပေါင်းကူညီ

 

တီဘီရောဂါသည်   လေမှတစ်ဆင့်   ကူးစက်ပျံ့နှံ့သည့်ရောဂါ တစ်မျိုးဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာ တီဘီရောဂါ ကူးစက်ခံထားရပြီဖြစ်သည်။ တီဘီသည် ကြိုတင်ကာကွယ်ကုသ ၍ရသည့် ရောဂါဖြစ်သည့်တိုင် ကမ္ဘာတစ်ဝန်းတွင် တီဘီနှင့် ဆက်စပ်ရောဂါတို့ကြောင့် တစ်နှစ်လျှင် ပျမ်းမျှလူတစ်သန်းခွဲခန့် အသက်ဆုံးရှုံးနေကြရသည်ဟုဆိုသည်။  ကမ္ဘာတစ်ဝန်း  တီဘီ ရောဂါဖြစ်ပွားမှု၏ ၄၃ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှဒေသ တွင် ဖြစ်သည်ဟုလည်း ဆိုသည်။

အမျိုးသားနိုင်ငံရေးတာဝန်

 

ကမ္ဘာ့အလယ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ပိုင်နက် နယ်နိမိတ်၊ ပြည်သူများ၊ အုပ်ချုပ်သူအစိုးရနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုတို့ ပြည့်စုံရန် လိုအပ်သည်။ အဆိုပါ အင်္ဂါ(၄)ရပ် ပြည့်စုံ မှသာ နိုင်ငံ၏ဥပဓိရုပ် ပြည့်စုံသည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာ မှသည် မျက်မှောက်ကာလတိုင်အောင် ဖြစ်ပွားနေသည့် အစ္စရေး- ပါလက်စတိုင်းပဋိပက္ခသည် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်ရာ နိုင်ငံသူ နိုင်ငံသားတို့ အတွက် နိုင်ငံသည် အသက်နှင့်ထပ်တူ အရေးပါသည်ကို အဆိုပါ ဖြစ်ရပ်တွင် သင်ခန်းစာယူဖွယ် တွေ့ရှိနိုင်သည်။

ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး

 

ယနေ့(မတ်လ ၂၂ ရက်)  သည်   ရေသယံဇာတထိန်းသိမ်းရေး၊ ရေအခက်အခဲမကျရောက်‌စေရေး၊  ရေကိုစနစ်တကျ  သုံးစွဲကြ စေရေး၊  သန့်ရှင်းသည့်သောက်သုံးရေနှင့် မိလ္လာစနစ်တို့ မရရှိသူ များအတွက် အလေးထားဖြေရှင်းပေးရေးနှင့် ရေ၏အရေးပါမှုကို လူသားတို့ ဂရုပြုလာကြစေရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့်  “ကမ္ဘာ့ရေနေ့  (World Water Day)”  ဖြစ်သည်။ ၁၉၉၃   ခုနှစ်မှစတင်၍   ကျင်းပလာခဲ့သည့်   ကမ္ဘာ့ရေနေ့၏ ယခုနှစ်အတွက်   ချမှတ်ထားသောဆောင်ပုဒ်မှာ     “ငြိမ်းချမ်း သာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး (Leveraging Water for Peace)”ဟူ၍ ဖြစ်သည်။

လူငယ်တို့၏အနာဂတ်မပျက်စီးရေး နိုင်ငံတော်ကပေးသည့်စေတနာ

 

မိမိတို့နိုင်ငံကို    ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိရာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု အရည်အသွေးများနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရန် လိုသည်။ တန်ဖိုးမြင့်မားသည့် လူသား အရင်းအမြစ် တစ်နည်းအားဖြင့် ပညာတတ်များ ပေါများကြွယ်ဝ ခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းတို့မှာ တစ်ဆက်တစ်စပ်တည်း ပင်ဖြစ်သည့်အလျောက် အမျိုးသားပညာရေး မြင့်မား‌အောင် ခိုင်ခိုင်မာမာ တည်ဆောက်သွားရမည်ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုများ အချိန်မီသတင်းပေးပို့တိုင်ကြား

 

တရားမဝင်ကုန်သွယ်မှုများက နိုင်ငံအပေါ် ဆိုးကျိုးသက်ရောက် မှုများ ကျယ်ကျယ်ပြန့်ပြန့်နှင့် နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်စေနိုင် သည့်အလျောက် အမျိုးသားအဆင့် နှိမ်နင်းတိုက်ဖျက်မှုများကို ဆောင်ရွက်လျက်ရှိသည်။ တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိမှု သည် ၂၀၂၂ ခုနှစ်ထက် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးငွေကျပ် ၇၀ ဒသမ ၃၁ ဘီလီယံခန့် ပိုမိုဖမ်းဆီးနိုင်ခဲ့သော်လည်း တရားမဝင် ကုန်သွယ်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

ချွေတာသုံးစွဲရမည့် အဖိုးတန်သည့်ရေ

 

ဓာတ်ကြီးလေးပါးဖြင့် ဖွဲ့စည်းထားသည့် လူတစ်ဦး၏ခန္ဓာကိုယ် တွင် ရေဓာတ်က ပါဝင်ဖွဲ့စည်းမှုအများဆုံးဖြစ်သည်။ အစာမစား ရလျှင် ရက်ချီ၍နေနိုင်သော်လည်း ရေမသောက်ရလျှင် တစ် မနက်ပင် နေဖို့မလွယ်။ သို့ဖြစ်၍ ထမင်းအသက်ခုနစ်ရက်၊ ရေ အသက်တစ်မနက်ဟုဆိုကြခြင်းဖြစ်သည်။ ဤသို့လျှင် အသက် တမျှအရေးပါလှသည့်ရေကို လူများစွာတို့က အလေးဂရုမပြု၊ တန်ဖိုးမထား။ ရေဟူသည် လွယ်လွယ်ကူကူရရှိနိုင်၍ ပေါပေါ သုံးနိုင်သည်ဟု အယူမှားကာ အသုံးပြုရုံသာမကဖြုန်းတီးသည့် အမှုကိုပါ ပြုလျက်ရှိကြသည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်