သက်တမ်းစေ့ ကျန်းမာစေရအောင် ဆေးလိပ်၊ ဆေးရွက်ကြီး၊ အီး-စီးကရက်ရှောင်
မကူးစက်နိုင်သော ရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ သန်း ၄၀ ကျော် အသေအပျောက်ရှိနေသည်၊၊ မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ကင်ဆာ၊ သွေးချို/ဆီးချို၊ နာတာရှည်အဆုတ်ရောင် စသည့် ရောဂါများဖြစ်ကြ သည်။ မကူးစက်နိုင်သော ရောဂါများဖြစ်ပွားရခြင်း၏ အကြောင်း ရင်းများမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံး ခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သည်အထိ အရက်ယမကာသောက်သုံးခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ စားသောက် ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်ရာ ကြိုတင် ကာကွယ်တားဆီးနိုင်သည့် အကြောင်းရင်းများပင်ဖြစ်သည်၊၊