မြန်မာ့အလင်းအယ်ဒီတာအာဘော်
သစ်ပင်သစ်တောစိုက်ပျိုးရေးတွင် အစွမ်းရှိသမျှ ပူးပေါင်းပါဝင်
ယခုရက်ပိုင်းအတွင်း မိုး/ဇလက ထုတ်ပြန်ပေးသည့် အမြင့်ဆုံး နေ့အပူချိန်များစာရင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မြို့များဖြစ်သော ချောက်နှင့်မကွေးတို့က ထိပ်ဆုံး၌ပါဝင်နေသည်။ ပြီးခဲ့သည့် ဧပြီလမှစကာ ချောက်နှင့်မကွေးအပါအဝင် မင်းဘူး၊ ညောင်ဦး၊ စစ်ကိုင်း၊ မန္တလေး၊ မုံရွာမြို့များတွင် နေ့အပူချိန်များ မြင့်တက်ခဲ့ကာ ကမ္ဘာ့အပူဆုံးမြို့များစာရင်း၌ပင် ပါဝင်ခဲ့သည်။
နိုင်ငံ၏ကာကွယ်ရေးစွမ်းပကားတွင် နိုင်ငံသားကောင်းတို့ ပူးပေါင်းပါဝင်
ကမ္ဘာ့နိုင်ငံများအလယ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် တင့်တင့် တယ်တယ် ရပ်တည်နိုင်ရန်အတွက် နိုင်ငံ၏အင်္ဂါရပ်များဖြစ်သော ပိုင်နက်နယ်နိမိတ်၊ နိုင်ငံသားများ၊ အစိုးရနှင့် အချုပ်အခြာအာဏာ ပိုင်စိုးမှုတို့ လိုအပ်သည်။ သို့အတွက် နိုင်ငံတိုင်းက မိမိတို့၏ ပိုင်နက်နယ်နိမိတ်များ တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားအကျိုးစီးပွား ထိပါးမခံရအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို အခါမလပ် အားထုတ် ကြိုးပမ်းနေကြရသည်။ နိုင်ငံကို ကာကွယ်နိုင်ရေးအတွက် ကြည်း၊ ရေ၊ လေ အမြဲတမ်းတပ်မတော်များ အင်အားတောင့်တင်း ခိုင်မာအောင် တည်ဆောက်ထားကြသကဲ့သို့ အရန်အင်အားများ ကိုလည်း ဥပဒေပြဋ္ဌာ
အစားအသောက်ကွင်းဆက်တစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်
အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်း ရေးမူဝါဒကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် မိတ်ဆက် ဖြန့်ဝေခဲ့ရာ ယင်းမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပခဲ့သည်။ ယင်းမူဝါဒ ရေးဆွဲချမှတ်ရခြင်းမှာ ပြည်သူလူထု၏ ကျန်းမာရေးအတွက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအပြင် သက်ဆိုင်ရာ ကဏ္ဍအလိုက် နိုင်ငံတကာနှင့် လျော်ညီသည့် စံချိန်စံညွှန်းများ ပေါ်ထွက်လာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပေါ်ထွက်လာရေး၊ ပို့ကုန်လုပ်ငန်း များမှတစ်ဆင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေ