အပူဒဏ်ပြင်းသည့်ဒေသများ စိမ်းလန်းစိုပြည်အေးမြစေရေး
နိုင်ငံတကာသတင်းများအရ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ် သော အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့တွင် နွေရာသီအမြင့်ဆုံး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ကျော်လွန်သည်အထိ မြင့်တက် ခဲ့ကြောင်း ဖော်ပြထားရာ မြန်မာနိုင်ငံ ချောက်မြို့တွင် ဖြစ်ပေါ်ခဲ့ သည့်အမြင့်ဆုံးအပူချိန်ထက် များစွာပိုမိုနေသည်ကို တွေ့ရသည်။ မိမိတို့နိုင်ငံတွင်မူ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်လ်” ၏ အရှိန် ကြောင့်လည်းကောင်း၊ အနောက်တောင်မုတ်သုံလေ စတင် ဝင်ရောက်ခြင်းကြောင့်လည်းကောင်း အပူရှိန်တို့လျော့ကျလာပြီ ဖြစ်သည်။