နိုင်ငံရေးယဉ်ကျေးမှုနှင့် ဓလေ့
မြန်မာ့အလင်းအယ်ဒီတာအာဘော်
မြန်မာ့အလင်းအယ်ဒီတာအာဘော်
ပြည်တွင်း၌ အချင်းချင်းကူးစက်ပြန့်ပွားမှု မရှိသည်မှာ တစ်လခန့် ကြာခဲ့သည့်နောက်တွင် ပြည်တွင်းကူးစက်မှု စတင်တွေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါသည်။ စစ်တွေမြို့တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်၏။ ထိုသို့ စတင်တွေ့ရှိပြီး ငါးရက်ခန့်အကြာတွင် ရောဂါပိုးထပ်မံတွေ့ရှိသူ လေးဆယ်ကျော် ရှိလာ သည့်အတွက် လွန်စွာဂရုထားနေထိုင်ရမည့် အခြေအနေဖြစ်ပါသည်။
မည်သို့သော အကြောင်းချင်းရာကြောင့်ဖြစ်စေ စစ်ပွဲများဆိုသည်က လူ့အသက်တို့နှင့် ရင်းရ၏။ ဘက်နှစ်ဖက်၊ သုံးဖက် သို့မဟုတ် မည်မျှများပြားသော ဘက်ပေါင်းတို့ စစ်မျက်နှာများဖွင့်ကြ၊ တိုက်ကြ သည်ဖြစ်စေ ဘက်အားလုံးတွင် ထိခိုက်နစ်နာမှု အနည်းအများဖြင့် ရှိကြသည်သာ။ တိုက်ခိုက်မှုများကြားက မည်သူ အနိုင်ရသည်ဖြစ်စေ နစ်နာထိခိုက်မှုများက အားလုံးတွင် ဖြစ်ခဲ့ပြီးပြီ။ ထို့ကြောင့်ပင် မြန်မာပြည်သူတို့က ငြိမ်းချမ်းရေးကို လိုလားသည့်အကြောင်း အခါအခွင့်သင့်တိုင်း ဖော်ထုတ်နေကြခြင်း ဖြစ်ပေသည်။
ပြည်သူတို့က စစ်ကို မလိုလား။
မြန်မာ့အလင်းအယ်ဒီတာအာဘော်
ငြိမ်းချမ်းရေးသည် တောင့်တအပ်၏။ မြတ်နိုးတန်ဖိုးထားမှုလည်း ရှိအပ်၏။ သို့သော်လည်း နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော အခက် အခဲများ၊ စိန်ခေါ်မှုများကြားတွင် အကန့်အသတ်များဖြင့် တည်ဆောက် နေရသည်ဖြစ်ရာ မြန်မာနိုင်ငံအဖို့ အလွယ်တကူ ရောက်ရှိနိုင်သည့် ပန်းတိုင်တစ်ခု မဟုတ်သကဲ့သို့ ဖြစ်နေ၏။ အမှန်မှာ မရောက်နိုင်လောက် အောင် ဝေးကွာလှသော ပန်းတိုင်လည်း မဟုတ်ပါချေ။
မြန်မာ့အလင်းအယ်ဒီတာအာဘော်
မြန်မာ့အလင်းအယ်ဒီတာအာဘော်
မြန်မာ့အလင်းအယ်ဒီတာအာဘော်
ကလေးသူငယ်များကို ပြုစုပျိုးထောင်ခြင်းသည် အနာဂတ်နိုင်ငံတော် အတွက် အဖိုးတန်လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင် ခြင်းပင်ဖြစ်သည်။ ကလေးသူငယ်ဟု ဆိုရာတွင် ၁၉၉၃ ခုနှစ် ကလေး သူငယ်ဥပဒေအရ အသက် ၁၆ နှစ်မပြည့်သူကို ကလေးသူငယ်ဟု သတ်မှတ်ထားပြီး အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့် သေးသူကို လူငယ်ဟူ၍ သတ်မှတ်ခဲ့သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးသူဟူသမျှ ကလေး သူငယ်သာဖြစ်သည်။
မြန်မာ့အလင်းအယ်ဒီတာအာဘော်
လူအများစိတ်ဝင်စားကြသည့် အကြောင်းအရာများ (ဝါ) သတင်း များကို ရယူစုဆောင်းပြီး အခကြေးငွေဖြင့် ပြန်လည်ရောင်းချ ဖြန့်ဖြူးရာမှ သတင်းစာလုပ်ငန်းများ စတင်ခဲ့သည်။ မိမိတို့၏ သတင်းစာများ ရောင်းကောင်းရေးတွင် လူအများစိတ်ဝင်စားကြသည့် သတင်းများပါရှိရေးသည် အဓိကဖြစ်သည့်အလျောက် သတင်းစာ ထုတ်ဝေသူများ၊ သတင်းစာဆရာများကလည်း ပရိသတ်အကြိုက် လိုက်ကာ ပရိသတ်ဘဝင်ခိုက်မည့်သတင်းမျိုးကို ဦးစားပေး ရေးသားသည့် အဝါရောင်သတင်းစာပညာ(Yellow Journalism) လည်း ပေါ်ပေါက်ခဲ့သည်။
(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ဩဂုတ် ၁၃ ရက်တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေး တွင် သဘောတူညီချက် ခုနစ်ချက် ရရှိခဲ့သည်။ ၎င်းသဘောတူညီ ချက်များမှာ အလွယ်တကူ ရရှိခဲ့ခြင်းမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းများတွင် မတူကွဲပြားမှုများအကြားမှ အပေးအယူ၊ အလျှော့ အတင်းများဖြင့် ညှိနှိုင်းဆွေးနွေးကြကာ သဘောတူညီမှု ရရှိခဲ့ကြ ခြင်းဖြစ်သည်။
Copyright © 2026. All rights reserved.
News and Periodical Enterprise