မြန်မာ့အလင်းအယ်ဒီတာအာဘော်

နှစ် ၁၀၀ မြန်မာ့ရုပ်ရှင်ခရီး

 

 

 

 

ယခုနှစ် ၂၀၂၀ ပြည့်နှစ်သည် လွန်ခဲ့သော နှစ်တစ်ရာ သမိုင်းကို အကြောင်း ပြု၍ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံအတွက် အလွန်ထူးခြားသော နှစ်ဖြစ်၏။

 

 

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းမှသည်

 

 

 

ကမ္ဘာတစ်ခွင်သည် ယခု ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းကာလမှစပြီး ကိုဗစ်ကပ်ရောဂါနှင့် နပန်းလုံးနေခဲ့ကြရသည်မှာ နှစ်ပေါက် တော့မည်ဟု ဆိုရပါမည်။ ကာကွယ်ဆေး စတင်တွေ့ရှိနေပြီး စမ်းသပ်မှုများကို တွန်းတွန်းတိုက်တိုက် လုပ်နေကြသည်ဖြစ်ရာ ယခုနှစ်ကုန်တွင် ကမ္ဘာနှင့်အဝန်း စတင်အသုံးပြုနိုင်တော့မည်ဟု မျှော်လင့်ရပါသည်။ မည်သို့ပင်ဖြစ်စေ ၂၀၂၀ သည် အခြားသော အမှုကိစ္စများထက် ကိုဗစ်ရောဂါပိုး ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး၊ ကာကွယ်နိုင်ရေး၊ ရောဂါဖြစ်ပွားသူများကို ကုသပေးရေးတို့ ကသာ ဦးစားပေး ဆောင်ရွက်နေရသည့်နှစ် ဖြစ်ပါသည်။

 

 

တာဝန်တွဲလျက်ပါသည့် စေတနာ မေတ္တာ

 

 

ကိုဗစ်ရောဂါကဲ့သို့သော တစ်နိုင်ငံလုံးနှင့်ချီ၍ ထိခိုက်စေနိုင်သည့် ပြဿနာ ကြီးတစ်ခုလာတော့မည်ဟူသည့်အချိန်၊ တစ်ဖန် ထိုပြဿနာကြီးနှင့် အမှန်တကယ် နဖူးတွေ့ဒူးတွေ့ကြုံတွေ့ရသည့်အချိန်တို့တွင် ယင်းကို မည်သို့မည်ပုံ စနစ်တကျရင်ဆိုင်မည်လဲဆိုသည့် အစီအမံတို့ကို နယ်ပယ်စုံ နှင့် ညှိနှိုင်းပြင်ဆင်ကြရပါသည်။

ဗြဟ္မစိုရ်တရားနှင့် ယှဉ်သော စည်းလုံးညီညွတ်ကြသော ပြည်သူ့အင်အားဖြင့်

 

 

 

 

စစ်တွေမြို့မှ စတင်ကာ တစ်ကျော့ပြန် ကူးစက်ပြန့်ပွားလာနေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုသည် စိုးရိမ်ပူပန်စရာ ဖြစ်လာသည်။

ထိုသို့သော ကူးစက်ပြန့်ပွားမှုသတင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်သည့်အခါ ဗိုင်းရပ်စ်ရောဂါပိုး ၏ အန္တရာယ်နှင့်ပတ်သက်၍ အတော်ပင် မေ့လျော့အေးစက်နေကြ သည့် လူထုမှာ ရုတ်တရက် လှန့်နှိုးလိုက်သကဲ့သို့ နိုးကြားသွား ကြပါသည်။ မြို့ကြီးများ၏ လမ်းမများထက်တွင် မျက်နှာဖုံး၊ နှာခေါင်းစည်းကိုယ်စီကိုယ်စီဖြင့် လူအများအပြားကို ပြန်လည် တွေ့မြင်လာရလေသည်။

 

ရောဂါကာကွယ်ရေးနှိုးဆော်ချက်များ တိတိကျကျလိုက်နာနေထိုင်ကြဖို့လို

 

 

 

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုလူနာအရေအတွက် ရုတ်တရက် များပြားလာသည်။ အတည်ပြုလူနာများမှာ ပြည်တွင်းကူးစက်မှုများဖြစ်နေခြင်းကလည်း စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။

 

 

အလုပ်အကိုင်အခွင့်အရေးနှင့် အလုပ်သမားဘ၀ အာမခံချက်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးဟုဆိုသည်နှင့် ရှေ့တန်းရောက်ပြဿနာ ဖြစ်နေသည့် ဆင်းရဲနွမ်းပါးမှုလျော့နည်းပပျောက်ရေး၊ ဆင်းရဲ ချမ်းသာကွာဟမှု ကျဉ်းမြောင်းရေး၊ အလုပ်အကိုင် အခွင့်အလမ်း ပေါများအောင် ဖန်တီးနိုင်ရေး စသည်ဖြင့် ဖြေရှင်းစရာ စိန်ခေါ်မှု အများအပြား ရှိနေပါသည်။ အလုပ်အကိုင်အခွင့်အလမ်းဆိုရာ၌လည်း အလုပ်သမားတို့၏ လုပ်ခလစာ သင့်တင့်မျှတပါ၏လော၊ အလုပ်သမားတို့ နေ့စဉ်ဘ၀များ ပြေလည်ပါ၏လော၊ မိသားစု ရေရှည်ဘ၀အာမခံချက် ရှိပါ၏လော ဆိုသည်တို့ကိုလည်း ဆန်းစစ်ကြရပါသည်။

ပြည်သူတို့၏ အသိဉာဏ်အားဖြင့် ကပ်ရောဂါဘေးကင်းဝေးရေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု အရှိန်မြင့် လာသည်နှင့်အမျှ မြန်မာနိုင်ငံမှ လူအပေါင်းကို အထူးပိုမို သတိထား နေထိုင်ကြရန်နှင့် လုံးဝ မပေါ့ဆမိကြပါရန် နှိုးဆော် ရပါ သည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်