ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများအား အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းအပေါ် ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ခြင်းလုပ်ငန်းတစ်ရပ်အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်းကို မြို့ပေါ်ဒေသများတွင်သာမက ဝေးလံခက်ခဲသော ကျေးလက်များအထိ သွားရောက်ကာ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစေပြီး ရောဂါဖြစ်ပွားမှုအား တားဆီးနိုင်ရန် ဆောင်ရွက် လျက်ရှိပါသည်။



