Announcement

သတိပေး နှိုးဆော်ချက်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာနှစ်သစ်ကူးအကြိုကာလနှင့် နှစ်သစ်ကူးနေ့ရက်တို့တွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း) များကို ပစ်ဖောက်မှုကြောင့် ပြည်သူများအထိတ်တလန့်မဖြစ်စေရေး၊ မသမာသူများမှ ရပ်ရွာ‌အေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် ပြုလုပ်လာနိုင်ခြင်းတို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း) များကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ် ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ကြေညာချက်

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
ကြေညာချက်(၉/၂၀၂၁)
၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၄) ရက်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်၊ ဗုဒ္ဓဟူးနေ့

 


၁။    သတင်းမီဒီယာသမားများသည် သတင်းမီဒီယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့် တည်ဆဲဥပဒေများကို လိုက်နာလျက် ကျင့်ဝတ်နှင့်အညီ လွတ်လပ်စွာ သတင်းရယူ ရေးသားဖော်ပြနိုင်ခွင့်ရှိပါသည်။

 

အများပြည်သူသို့ အသိပေးကြေညာချက်

 

၁။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်   အဂတိလိုက်စားမှု   တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင်  အဂတိလိုက်စားမှု  တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

 

Subscribe to Announcement