Announcement

မြန်မာနိုင်ငံ ပြန်တမ်း

 

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊   ကျန်းမာရေး    လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ    ဒုတိယညွှန်ကြားရေးမှူးချုပ်  (စီမံ/ဘဏ္ဍာ) ဒေါက်တာ ကျော်ရွှေကို   ကျန်းမာရေး  လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်  (၁)  ရန်ကုန် ပါမောက္ခချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင် ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

စုပေါင်းလုပ်မှ အကျိုးရှိနိုင်

 

 

တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင်  လူအား၊  ငွေအား၊ ပစ္စည်းအားနဲ့စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။
(၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့  ပင်လုံညစာစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း  ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)

ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်

 

 

မိမိတို့အစိုးရအဖွဲ့ဟာ တိုင်းပြည်အတွက် လုပ်ငန်းတွေ  နေ့စဉ်နေ့တိုင်း လုပ်ကိုင်နေကြရတာမှာ အချိန်အားရတယ်မရှိဘူး။ တချို့ကိစ္စတွေဟာ တိုင်းပြည်မှာ ဖြစ်နေကြရတာက ဟိုကတစ်မျိုး ဒီကတစ်ဖုံဆိုတာလို ဖြစ်တော့ ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်ဘူး။ ဒီတော့ မိမိတို့အစိုးရအဖွဲ့ တကယ့်အခက်အခဲတွေထဲမှာ   အလုပ်လုပ်နေရတော့   တချို့နေရာမှာ   မအောင်မြင်တာလေး တွေလည်း ရှိတယ်။ အောင်မြင်တာတွေလည်း ရှိတယ်။
(ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့ သတင်းစာဆရာများနှင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်)

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခြောက်ခုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ ခုတို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ် ၂၈၅ /၂၀၂၁ 
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် 
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

အသိပေးကြေညာချက်

၁။    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန    အနေဖြင့် Covid-19 ရောဂါကာကွယ်ကုသမှု လုပ်ငန်းစဉ်များအား အထောက် အကူဖြစ်စေရန်အတွက်   ဆေးဝါးနှင့်   ဆက်စပ်စက်ပစ္စည်းများ တင်သွင်းခြင်း   လုပ်ငန်းစဉ်များအား  ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ပင်လယ်ရေကြောင်း/ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။

အသိပေးကြေညာချက်

၁။    COVID - 19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် မူဆယ် - ကျိန်စမ်းကျော့နှင့် မူဆယ်- ဝမ်တိန် နယ်စပ်ကုန်သွယ်ရေး ဂိတ်(၂)ခုအား တရုတ်နိုင်ငံဘက်မှ  ယာယီ ပိတ်ထားခဲ့ပါသည်။ 


၂။    လောက်ကိုင်ဒေသတွင် ရန်လုံကျိုင်းတံတား  ပြုပြင်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် လောက်ကိုင် - ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်အား လည်းကောင်း၊ ချင်းရွှေဟော်တွင် COVID - 19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုကြောင့်  ၂၀၂၁  ခုနှစ်၊  ဧပြီ လ ၁၈ ရက်နေ့တွင် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်အား လည်းကောင်း တရုတ်နိုင်ငံဘက်မှ ယာယီပိတ်ထားခဲ့ပါသည်။

Subscribe to Announcement