Announcement

အသိပေးကြေညာခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် COVID-19 ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်ရှည်အဖြစ် ကြေညာခဲ့ပါသည်။ အများပြည်သူ အလုပ်ပိတ်ရက်ရှည် အတွင်း COVID-19 ရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း ကိစ္စရပ်များအား (ရေကြောင်း/လေကြောင်း/နယ်စပ်) လမ်းကြောင်းများမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ အခက်အခဲမရှိ တင်သွင်းနိုင်ရန်အတွက် အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပိတ်ရက်မရှိ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။                                

အသိပေးကြေညာခြင်း

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်(နတ်မောက်)တို့တွင် အာဇာနည်နေ့အထူးပြပွဲများအတွက် နှစ်စဉ်  ဇူလိုင်လ ၁၉၊ ၂၀၊ ၂၁ ရက်များတွင်  ဖွင့်လှစ်ပြသခဲ့ ပါသည်။  ယခုအခါ COVID-19 ရောဂါ ထိန်းချုပ်ရေးကာလဖြစ်သောကြောင့် (၇၄) နှစ်မြောက် အာဇာနည်နေ့အထူးပြပွဲများကို ပြသခြင်းမပြုတော့ဘဲ ပြတိုက်များကို ပိတ်ထားမည်ဖြစ်ပါသည်။ သို့ရာတွင် အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန်အတွက် Online Exhibition အဖြစ် ပြသသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)အတွက် https://www.national museumyangon.gov.mm တွင်လည်းကောင်း၊  ဗိုလ်ချုပ်အောင်ဆန်း  နေအိမ်ပြတိုက်(နတ်မောက်)အတွက် https://www.

အသိပေးကြေညာချက်

ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်


အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသော (၁၇-၇-၂၀၂၁ မှ ၂၅-၇-၂၀၂၁ ထိ) ရုံးပိတ်ရက်များတွင်လည်း   နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့်   အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း  ပို့ကုန်သွင်းကုန်လုပ်ငန်းများ   ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် Covid-19 ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

COVID-19 ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူ အလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက်နှစ်ရက်အား အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ 
အမိန့်ကြော်ငြာစာအမှတ် ( ၂၁၁ /၂၀၂၁) 
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်) 


COVID-19 ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် 
အများပြည်သူ အလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက်နှစ်ရက်အား
အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခြင်း 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီအသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ
အသိပေးကြေညာချက် 
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်) 


၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၁၄-၇-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၁ ဖြင့် ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။ 

အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)နေ့ ဖြစ်သည့်အတွက် အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်းကြေညာ

၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်) ဗုဒ္ဓဟူးနေ့သည် “အီဒုလ် အဿွဟာ(ကုရ်ဘာနီအီးဒ်)နေ့” ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေ ပုဒ်မ ၂၅ အရ အများ ပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၀/၂၀၂၁ ဖြင့် ကြေညာထားသည်။

အသိပေး ကြေညာချက်

 

၂၀၂၁ ခုနှစ်၊ (၇၄) နှစ်မြောက်  အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်မည့်  ၁၉-၇-၂၀၂၁ ရက်(တနင်္လာနေ့)တွင် ရွှေတိဂုံ စေတီတော်မြတ်ကြီးအား   အများပြည်သူဖူးမြော်ကြည်ညိုခွင့် ကို   နံနက်ပိုင်းမှစ၍    ညနေ ၃ နာရီအထိ     ခေတ္တပိတ်ထားမည် ဖြစ်ပါကြောင်းနှင့်   ညနေ ၃ နာရီနောက်ပိုင်းတွင်  ဖူးမြော်ခွင့်    ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း အများပြည်သူ သိရှိနိုင် စေရန်  အသိပေးကြေညာ  အပ်ပါသည်။ 


                           သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ ပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြောင်း ကြေညာချက်

 

ယခုအခါ မိမိတို့နိုင်ငံအတွင်း COVID-19 တတိယလှိုင်းဖြစ်ပေါ်လျက်ရှိပြီး ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ဆေးရုံများ၊ ဆေးခန်းများ၊ Quarantine Center များ၊  Community COVID Positive Centre များ ဖွင့်လှစ်၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Subscribe to Announcement