နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် COVID-19 ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်ရှည်အဖြစ် ကြေညာခဲ့ပါသည်။ အများပြည်သူ အလုပ်ပိတ်ရက်ရှည် အတွင်း COVID-19 ရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း ကိစ္စရပ်များအား (ရေကြောင်း/လေကြောင်း/နယ်စပ်) လမ်းကြောင်းများမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ အခက်အခဲမရှိ တင်သွင်းနိုင်ရန်အတွက် အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပိတ်ရက်မရှိ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အကောက်ခွန်ဦးစီးဌာန