Announcement

အသိပေးကြေညာခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ဩဂုတ်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်ရှည်အဖြစ် ကြေညာ ခဲ့ပါသည်။ အများပြည်သူ အလုပ်ပိတ်ရက်ရှည်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါး/ဆက်စပ်ပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်း တင်သွင်းခြင်းကိစ္စရပ်များအား (ရေကြောင်း/လေကြောင်း/နယ်စပ်)    လမ်းကြောင်းများမှတစ်ဆင့်   လွယ်ကူ လျင်မြန်စွာ အခက်အခဲမရှိ တင်သွင်းနိုင်ရန်အတွက် အကောက်ခွန် ဦးစီးဌာနအနေဖြင့် ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်  ၃၃၂ /၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်နေ့        
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၂  ရက်)
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

အသိပေးကြေညာခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊  ထိန်းချုပ်၊  ကုသနိုင်ရေး အတွက် ဩဂုတ်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် ကြေညာခဲ့ပါသည်။  အများပြည်သူ အလုပ်ပိတ်ရက်ရှည်အတွင်း  ကိုဗစ်-၁၉   ရောဂါ ကာကွယ်   ကုသမှုဆိုင်ရာ  ဆေးဝါး၊   ဆက်စပ် ပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်း   တင်သွင်းခြင်းကိစ္စရပ် များအား (ရေကြောင်း/လေကြောင်း/နယ်စပ်) လမ်းကြောင်းများမှ တစ်ဆင့် လွယ်ကူလျင်မြန်စွာ အခက်အခဲမရှိ    တင်သွင်းနိုင်ရန် အတွက် အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပိတ်ရက်မရှိ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည

အသိပေးကြေညာချက်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်
၁။    အများပြည်သူ ရုံးပိတ်ရက်များအဖြစ်   သတ်မှတ်ကြေညာ ထားသော ၂၃.၈.၂၀၂၁ ရက်မှ ၃၁.၈.၂၀၂၁ ရက် အထိ ရုံးပိတ်ရက် များတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန် များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်   SOP  များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက် 
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်
(၂၀၂၁  ခုနှစ်၊ သြဂုတ်လ  ၂၁  ရက်) 
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ၂၀-၈-၂၀၂၁  ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၂၄၇/၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။ 

အသိပေးကြေညာချက်

Radio NUG အမည်ဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင်   စမ်းသပ်ထုတ်လွှင့်ခဲ့သည့်  ရေဒီယိုလိုင်းသည် ပြန်ကြားရေးဝန်ကြီးဌာနက    တရားဝင်ထုတ်လွှင့်ခွင့်ပြုထားသည့်  ရေဒီယိုလိုင်းမဟုတ်ပါ။ ခွင့်ပြုချက်မရရှိဘဲ    မည်သူမဆို   လုပ်ငန်းဆောင်ရွက်ခြင်းနှင့်  ထောက်ပံ့ကူညီခြင်းတို့ ပြုလုပ်ပါ က တည်ဆဲတရားဥပဒေနှင့်အညီ      အရေးယူခံရမည်ဖြစ် ကြောင်း အသိပေးကြေညာအပ်ပါသည်။ 


ပြန်ကြားရေးဝန်ကြီးဌာန
၂၀-၈-၂၀၂၁

အခြေခံပညာကျောင်းများ ဆက်လက်၍ ယာယီပိတ်ထားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း     ၁၃      ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ    ၂၀     ရက်)


လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် လိုအပ်သည့်အတွက် အခြေခံ ပညာကျောင်းများ   (ပုဂ္ဂလိကကျောင်း၊   ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်) အား ၂၃-၈-၂၀၂၁ ရက်နေ့မှ ၃၁-၈-၂၀၂၁   ရက်နေ့အထိ  ဆက်လက်၍  ယာယီပိတ်ထားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ်  ၂၄၇ /၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း     ၁၃     ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ     ၂၀    ရက်)

ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေးပန်ကြားချက်

ပြည်သူတို့အတွင်း   ကိုဗစ်-၁၉   ရောဂါ  ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်မှသာ လုပ်ငန်းများအချိန်တိုအတွင်း အောင်မြင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ အချက်များကို အားလုံး ကိုယ်စီလိုက်နာကြပါရန် အသိပေး ပန်ကြားအပ်ပါသည်-
၁။     တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ 
၂။    အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက် ခြင်း လုံးဝမပြုပါနှင့်၊

Subscribe to Announcement