ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ (Coronavirus Disease 2019) (COVID-19) မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၂၁ ၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019) (COVID-19)ကို ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ပြီး ဤအမိန့်ကို မရုပ်သိမ်းသမျှ ကာလပတ်လုံး အတည်ဖြစ်ကြောင်း ၂၈-၂-၂၀၂၀ ရက်စွဲပါစာအမိန့်အမှတ် ၁၉/၂၀၂၀ ဖြင့



