Announcement

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆) လအတွက် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ သတင်းထုတ်ပြန်ချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်     ၂၀၂၁ ခုနှစ်  စက်တင်ဘာလ ၃၀ ရက်နေ့တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေအမှတ်၊ ၂၈ ဖြင့် ၂၀၂၁ ခုနှစ် ၊   အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေအား     အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါဥပဒေသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ  စတင်၍  အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊  ၅၇ / ၂၀၂၁


၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း   ၁    ရက်
 (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ   ၆   ရက်)


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။    ဤဥပဒေကို “နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင် သည့် ဥပဒေ” ဟု ခေါ်တွင်စေရမည်။

ပို့ကုန်တင်ပို့သူက ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အမိန့်ကြော်ငြာစာအမှတ် ၃၅ /၂၀၂၁

နေပြည်တော်၊  ၁၃၈၃  ခုနှစ်၊ တော်သလင်းလပြည့်ကျော်  ၁၃  ရက်

( ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ  ၃  ရက် )

၁။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။ 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်

 

၁။    ကိုဗစ်-၁၉ ကပ်ရောဂါ  ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရှေးရှု လျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြ မည့် ခရီးသွားများအပေါ်  ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊  အဆိုပါကန့်သတ်ချက်များအားလုံးကို ၃၀-၉-၂၀၂၁ ရက်နေ့အထိ  ဆက်လက်တိုးမြှင့်သတ်မှတ်ကြောင်း ၃၁-၈-၂၀၂၁ ရက်စွဲပါ ကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါ သည်- 
  

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
Coronavirus  Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ


အသိပေးကြေညာချက်


၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်


(၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ မြို့နယ်များအား မိမိနေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်မှ ပယ်ဖျက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊  ၄၂၉/၂၀၂၁
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော်  ၅   ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ  ၂၅  ရက်)
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

Subscribe to Announcement