ကျန်းမာရေး
ကျန်းမာသုခပြည့်စုံစေဖို့ ဆေးလိပ်ဆေးရွက်ကြီးရှောင်ကြဉ်စို့
မြောက်အမေရိကတိုက်သည် ဆေးရွက်ကြီး၏ မူရင်းဒေသဖြစ်၍ ၁၆ ရာစုခန့်က ဥရောပတိုက်သို့ ရောက်ရှိကာ ဆေးငုံခြင်း၊ ဆေးဝါးပြုလုပ် အရသာ ခံခဲ့ကြရာမှတစ်ဆင့် အေဒီ ၁၈ဝဝ နောက်ပိုင်းမှ ဆေးတံသောက်ခြင်းနှင့် ဆေးပြင်းလိပ်သောက် ခြင်းတို့ ပေါ်ပေါက်လာခဲ့သည်။ စီးကရက်လုပ်ငန်းမှာ မူ အေဒီ ၁၉၀၉-၁၉၁၈ ကြားတွင် ပိုမိုကျယ်ပြန့်လာခဲ့ သည်။ ၂၀၁၀ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖော်ပြ ချက်အရ လူပေါင်း ၁ ဒသမ ၂ ဘီလီယံသည် ဆေးလိပ်ဆေးရွက်ကြီးနှင့် ဆေးလိပ်သောက်သုံး လျက်ရှိကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုးတက် သုံးစွဲမှုအရ ၅ဝ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ် သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ၁ ဒသမ ၆ ဘီလီယံအထိ သောက်သုံးလာနိုင်ကြောင်း ဖော်ပြထ
ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ
တင်ထက်ထက်ဇော်
============
နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် ၃၃ နှစ်ရှိပြီဖြစ်ပါ သည်။ ၂၀၂၁ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ “End inequalities. End AIDS” ဖြစ်သည်။ ရောဂါကုသရန် နောက်ကျကျန်နေသူများအတွက် HIV ဝန်ဆောင်မှုမညီမျှမှုများကို အထူးအာရုံစိုက် ပေးကြရန် မီးမောင်းထိုးပြလိုသောရည်ရွယ်ချက်ဖြင့် ဤဆောင်ပုဒ်ကို သတ်မှတ်ထားခြင်းဖြစ်ပါ သည်။
HIV ပိုး
စုပေါင်းကာကွယ် အေအိုင်ဒီအက်စ်အန္တရာယ်
စိုးဝင်း (MANA ဗဟို)
=============
- Read more about စုပေါင်းကာကွယ် အေအိုင်ဒီအက်စ်အန္တရာယ်
- Log in to post comments
ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာခြင်းဖြင့် နာဖျားနေတဲ့ကမ္ဘာကြီးကို ဝိုင်းဝန်းကယ်တင်ကြပါစို့
မောင်နန္ဒာ
==
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာကြီး မကျန်းမာ နေတာ နှစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။ လူသားတွေ မှာ ဒီကပ်ရောဂါဆိုးကူးစက်မှုကြောင့် အရွယ်မတိုင် ခင် အသက်တွေ ဆုံးရှုံးရ၊ ချစ်ခင်ရတဲ့သူတွေနဲ့ ခွဲခွာရ၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေ ရတဲ့ ကာလလည်းဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အနေနဲ့ဆိုရင်လည်း ကျန်းမာရေးကဏ္ဍအတွက် ငွေကြေးများစွာသုံးစွဲနေရပြီး ခရီးသွားလုပ်ငန်းအပါ အဝင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍတွေမှာ ထိခိုက်မှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်နေကြရ ပါတယ်။
သက်တမ်းစေ့ နေနိုင်ဖို့ စားသုံးဆီကို လျှော့သုံးစို့
အိအိချော
စားသုံးသူရေးရာဦးစီးဌာန
===================
အတုအပအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်
အတုသည် အစစ်မဟုတ်ပေ။ မူလရှိပြီးသား အစစ် ကို တုပထားလျှင် အတုဟု လွယ်လွယ်မှတ်နိုင်ကြ သည်။ ကုန်ပစ္စည်းကြော်ငြာများတွင် “အတုအပ သတိပြု”ဟူသော စာတန်းထိုးကြော်ငြာသည်များကိုလည်း တွေ့ရသည်။ ကုန်ပစ္စည်းတစ်ခု၊ ဆေးဝါး အမျိုးအမည်တစ်မျိုး စသည့်မူလထုတ်လုပ်သည့် ပစ္စည်းအစစ် နာမည်ရလာလျှင်၊ ကောင်းသတင်းဖြင့် ကျော်စောလာလျှင် ကိုယ်ပိုင်ဉာဏ်ဖြင့် တီထွင်နိုင် ခြင်းမရှိသူများက တုပပြုလုပ်တတ်သည်။
မှတ်ပုံတင်ရုံးများသို့ သွားရောက်မှတ်ပုံတင်
- Read more about အတုအပအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်
- Log in to post comments
လူတိုင်းသတိပြုရမည့် ဆီးချိုရောဂါနှင့် နောက်ဆက်တွဲပြဿနာ
မေယု- မျိုးအောင်(MANA)
သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာလို့ လူမှုစီးပွားအဆင်ပြေစေဖို့ စားသုံးဆီကို လျှော့စားကြစို့
ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာမြှင့်တင်ရေး)