ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးမွေးမြူရေး၊ သမဝါယမလုပ်ငန်းများနှင့် မြစိမ်းရောင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Multivitamin (EV,Solar Power Energy )
စက်မှုစီးပွားထူးချွန်ဆုရ အင်ဂျင်နီယာ (ထွန်း)
နိုင်ငံအား အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်က အရင်းမပျောက် မတည် ငွေများကို ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရှိ လယ်ယာစိုက်ပျိုးမွေးမြူရေး၊ အငယ်စား ဆည်မြောင်းလုပ်ငန်း၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး၊ မြစိမ်းရောင်စီမံကိန်းတို့အတွက် အမြော် အမြင်ကြီးစွာ ထုတ်ချေးပေးလိုက်သည်။