ကျေးဇူးကမ္ဘာပါ စီးပွားဘဏ်

Type
99

 

မြင့်အောင် (ရွှေဘိုသား)
 

 

 “သောက်ရေသန့်ကား ရောက်ပါပြီဗျို့” 


သီးလုံးရွာထဲသို့ သောက်ရေသန့်လာပို့သောကားလေးမှာ အချိန် မှန် ရောက်ရှိလို့လာပါပြီ။ တစ်အိမ်ပြီးတစ်အိမ်လိုက်ပို့ရင်း  သောက်ရေ သန့်ကားလေးမှာ ရွာလယ်ရှိ ဝင်းရတနာဆန်စက်ဝင်းထဲသို့ဝင်လာခဲ့ပြီး ကားခေါင်းခန်းမှ လူရွယ်တစ်ဦးဆင်းလာကာ 
“ ဗျို့   စက်ပိုင်သူဌေး   တကယ်ကြိုးစားလှပါလား၊   ပိုက်ဆံတွေ ထားစရာရော ရှိသေးရဲ့လားဗျာ”  ဟု  ဆန်စက်ဘက်သို့   လှမ်းအော် ပြောလိုက်ရာ ဆန်စက်ထဲမှ လူတစ်ဦး ကိုယ်ပေါ်ရှိ ဖွဲမှုန်များကိုခါရင်း ထွက်လာပြီး လူငယ်ကိုတွေ့သွားကာ 
“ဟာ ကိုတေဇာပါလား၊  ကိုယ်တိုင်လိုက်လာတာပေါ့လေ” ဟု ပြန်နှုတ်ဆက်လိုက်ပါသည်။ 
ထို့နောက်  ကိုတေဇာဆိုသူသည် ဆန်စက်ထဲသို့ လှမ်းကြည့် လိုက်ပြီး 
 “ဦးဖိုးလောကြီး       ဆန်စက်အသစ်ပြန်တည်တယ်ကြားလို့ လာကြည့်တာ၊ အလုပ်ဖြစ်လှပါလား”  ဟု ပြောလိုက်ရာ   ဦးဖိုးလောက
“ ဟုတ်တယ် ကိုတေဇာရေ၊  အရင်  ငါးပုံစက်လေးက ဟောင်းနေ ပြီ၊ အခုချိန်မှာ အလုပ်မဖြစ်တော့ဘူးလေ၊  ဒါကြောင့် အခု တရုတ် တန် ၃၀ စက်အသစ် ပြန်ဆင်လိုက်တာ”
“ကောင်းလိုက်တာဗျာ၊ ခင်ဗျား ငွေလည်း တော်တော်လေးထပ်ဖြည့် ရမှာပေါ့နော်”
 “ ငွေသိပ်ရှိလို့တော့ မဟုတ်ပါဘူးကွာ၊  မြို့က မိတ်ဆွေတစ်ဦးက အကြံပေးလို့ ဘဏ်ကနေ ချေးငွေချေးပြီး လုပ်ရတာပါကွာ”
“ဟုတ်တယ် ကျွန်တော်လည်း အဲဒါကြားလို့  ခင်ဗျားဆီလာတွေ့ တာ၊ စိတ်ဝင်စားတယ်ဗျာ၊ လုပ်ပါ ကျွန်တော့်ကိုသေသေချာချာပြောပြ စမ်းပါဗျာ”

 


“ အေးပါ စိတ်ဝင်စားတယ်ဆိုရင်ပြောပြပါ့မယ်၊ အခု မြန်မာ့စီးပွား ရေးဘဏ်ကနေ MSME  လုပ်ငန်းတွေကို   MSME ချေးငွေတွေ သီးသန့် ချေးပေးနေတယ်လေ၊  အဲဒါ ကျုပ်မိတ်ဆွေနဲ့အတူ မြန်မာ့စီးပွားရေး ဘဏ်ကိုသွားပြီး မန်နေဂျာနဲ့တွေ့ပြီး ဆွေးနွေးလိုက်တာပေါ့၊ အဲဒီမှာ  ကျုပ်ဖြစ်ချင်တဲ့  တရုတ် တန် ၃၀ ကျ  ဆန်စက်အသစ်ကိုဝယ်ပြီး ပြန်တပ်ဆင်လိုကြောင်း အသေးစိတ်ပြောပြလိုက်တယ်လေ၊ သူတို့မူနဲ့ လည်း ကိုက်နေတော့  ဘဏ်ကို   ဒီမြေနဲ့တိုက်ရယ်၊ ဂိုဒေါင်တွေရယ်  အာမခံပေး၊   တောင်းတဲ့စာရွက်စာတမ်းတွေ   တင်ပြပြီး  ချေးငွေ ချေးလိုက်တာ အခုမြင်ရတဲ့ ဆန်စက်အသစ် ဖြစ်လာတာပဲလေ၊ ဘာမှ ခက်ခက်ခဲခဲသိပ်မရှိပါဘူးကွာ၊ စိတ်ရှည်ရှည်နဲ့ လိုတဲ့စာရွက်စာတမ်း အထောက်အထား၊ ထောက်ခံချက်လေးတွေတော့ စနစ်တကျလုပ်ပေး ရတာပေါ့၊   နည်းနည်းလေးအားစိုက်လုပ်ပေးလိုက်ရင်  အဆင်ပြေပါ တယ်ကွာ”
 “ ဟုတ်လား၊ ဘာစာရွက်စာတမ်းတွေလိုတာလဲ” 
“အဓိကကတော့ အာမခံပေးမယ့်မြေရဲ့  ဂရန်စာချုပ်၊ MSME မှတ်ပုံတင်နဲ့ ထောက်ခံချက်၊ လုပ်ငန်းလိုင်စင်၊ အခွန်ချလန်တွေ၊ ကိုယ်ဝယ်ချင်တဲ့ စက်ပစ္စည်းအမျိုးအစား၊ တန်ဖိုး စတဲ့အချက်အလက် တွေပါပဲ၊ ဒါ့အပြင် ဘဏ်က လိုတယ်ဆိုတဲ့ အထောက်အထားတွေကို  အဆင်ပြေအောင် လုပ်ပေးရတာပေါ့”

 


“ အချိန်ရော တော်တော်ကြာတာလား” 
“ဒါကတော့ကွာ ဥစ္စာရင်လို  ဥစ္စာရင်ခဲရတာပေါ့၊   လိုတဲ့စာရွက် စာတမ်းအထောက်အထားတွေကို  မြန်မြန်စုံအောင် ကိုယ်ကပေးနိုင်ရင် ပြည့်စုံတော့ ဘဏ်ကလည်း ရုံးချုပ်ကို  မြန်မြန်တင်ပေးနိုင်တာပေါ့ကွာ” 
“ မသိပါဘူးဗျာ အရင်ကကြားတာ စာရွက်စာတမ်းတွေ အများကြီး တောင်းတာ တအားအလုပ်ရှုပ်တာပဲ၊  ကြာလည်းကြာတယ်ပြောကြ လို့ပါ”

 


“ကြားကပြောတာတွေကို  မယုံပါနဲ့၊ ကိုယ်တိုင် ဘဏ်မန်နေဂျာနဲ့ သွားတွေ့ပြီး       ကိုယ့်ဘာသာကိုယ်    တိုက်ရိုက်ဆက်သွယ်လုပ်ပါ  ပြောသလောက်လည်း မခက်ပါဘူးကွာ”
 “ချေးငွေက ဘယ်လောက်ကြာကြာရတာလဲဗျ၊ ပြီးတော့  ဘယ်လို ပြန်ဆပ်ရတာလဲ ရှင်းစမ်းပါဦးဗျာ ” 
“ကိုယ်လည်း  လျှောက်တာကတော့  ငါးနှစ်လျှောက်တာပဲလေ၊  ဒါပေမယ့် ဘဏ်ရုံးချုပ်က သုံးနှစ်ပဲ  ခွင့်ပြုခဲ့တာလေ၊  ပထမတစ်နှစ်မှာ အရင်းတစ်နှစ် ဆိုင်းငံ့ပေးပြီး  သုံးလတစ်ကြိမ်  အတိုးပဲဆပ်ရတယ်လေ၊ နောက်နှစ်နှစ်မှာ လေးကြိမ်ခွဲပြီးမှ  ပြန်ဆပ်ရမှာ၊  မင်းနားလည်အောင် ပြောရရင် သုံးလတစ်ကြိမ် အတိုးမှန်မှန်ဆပ်ပြီး တစ်နှစ်ခွဲမှ အရင်းရဲ့ လေးပုံတစ်ပုံ၊ နှစ်နှစ်ပြည့်မှ လေးပုံတစ်ပုံ၊ နှစ်နှစ်ခွဲမှာ   နောက်ထပ် လေးပုံတစ်ပုံနဲ့ သုံးနှစ်ပြည့်တဲ့နေ့မှာ ကျန်တဲ့လေးပုံတစ်ပုံကို  အပြေ အကျေပြန်ဆပ်ရမှာ”  

 


 “ဟာဟုတ်လား၊ အဲဒီလို  ခွဲပြီးပြန်ဆပ်ရတော့  ငွေမမောရတော့ ဘူးပေါ့၊  သက်သက်သာသာနဲ့ပဲ အကုန်ပြန်ကျေသွားတာပေါ့နော်”
“ဒါ့အပြင်  အခုဆို အာမခံပေးထားတဲ့ ကျုပ်တိုက်ရယ်၊  ဂိုဒေါင် ရယ်၊ ဆန်စက်ရုံနဲ့ စက်တွေရယ်ကို မီးအာမခံထားရတော့ ချေးငွေ မကျေခင် အကြောင်းကြောင်းကြောင့် မီးလောင်ဆုံးရှုံးမှာလည်း မပူရ တော့ဘူးလေ”
“ဪ  ဖွဟဲ့  မပြောကောင်း မဆိုကောင်း ဒီကြားမှာ မီးလောင်ခဲ့ ရင်တောင်  ချေးငွေအတွက် လျော်ကြေးရမှာဆိုတော့  စိတ်မပူရတော့ ဘူးနော်”
“ဒါကြောင့်ပြောတာပေါ့၊ အဆင်ပြေပါတယ်လို့၊  အတိုးနှုန်းက လည်း အလွန်သက်သာတာ၊  ကျုပ်က  MEB  MSME ချေးငွေနဲ့ချေးလို့ တစ်နှစ်မှ ၆ ဒသမ ၅ ရာခိုင်နှုန်းပေးရတာ၊ ဂျပန်ချေးငွေ JICA MSME  ချေးငွေစနစ်နဲ့ဆိုရင်  ၅ ဒသမ ၅ ရာခိုင်နှုန်းပဲပေးရတာ”
“အဲဒီချေးငွေစနစ်နှစ်မျိုးက  ဘာကွာတာလဲ ”
“ဘဏ်မန်နေဂျာကြီးပြောတာကတော့ ငွေချေးတဲ့လုပ်ငန်းအမျိုး အစားအလိုက်ကွာတာတဲ့၊ အကျုံးဝင်တဲ့စနစ်နဲ့ ဘဏ်ကချေးပေးမှာပါ”

 


“အေးဗျာ၊  အခုလိုပြည့်ပြည့်စုံစုံရှင်းပြတာ ကျေးဇူးတင်ပါတယ်၊   ကျွန်တော်လည်း အခုရေသန့်စက်တစ်စုံနဲ့ ရေဘူးတွေထုတ်ပြီး  ကား တစ်စီးတည်းနဲ့  လိုက်ပို့နေရတာ အားမရဘူးဗျာ၊  အိမ်မှာ စက်ရေတွင်း က  ရေကောင်းသလို  ရေထွက်အားလည်း   အလွန်ကောင်းတယ်၊ ဒါကြောင့် နောက်ထပ်ရေသန့်စက်တစ်စုံရယ်၊ စတီးရေကန်သုံးလုံး ရယ်၊ လိုက်ထရပ်ကား တစ်စီးရယ် ထပ်လိုချင်တာ၊ ငွေမနိုင်သေးလို့ဗျာ၊ အခုတော့ အဆင်ပြေသွားပြီ၊ ကျွန်တော်လည်း မြန်မာ့စီးပွားရေးဘဏ် မှာ MSME  ချေးငွေချေးချင်တယ်ဗျို့၊ ကျွန်တော့်ကို  ဘဏ်မန်နေဂျာကြီး နဲ့ တွေ့ပေးပါဦး”
“ရပါတယ် ကိုတေဇာရယ်၊ မနက်ဖြန် ကျုပ်လည်း မြို့သွားစရာ ရှိတယ်၊  လိုက်ခဲ့လေ၊  မြန်မာ့စီးပွားရေးဘဏ်သွားပြီး မန်နေဂျာကြီးနဲ့ တွေ့ပေးမယ်လေ”
“ကျေးဇူးပါ  ဦးဖိုးလောကြီးရေ၊ မြန်နိုင်သမျှ မြန်လေကောင်းလေ ပေါ့ဗျာ၊ ကဲအခုတော့  ပြန်ပြီဗျို့ ”   ဟု  ပြောကာ  ရေသန့်ပို့တဲ့ကားလေး လည်း ရွာထဲမှ ပြန်ထွက်သွားခဲ့ပေသည်။


x x x x x
ထို့နောက်  သုံးလကျော်ကျော်ခန့်  ကြာသောအခါ  သီးလုံးရွာထဲသို့ လိုက်ထရပ်ကားအသစ်တစ်စီးဝင်လာပြီး
“ရွှေသရဖူ   သောက်ရေသန့်လာပါပြီဗျို့” ဟု    အော်သံကြားရ ပြီးနောက်    ရွာလယ်ရှိ     ဝင်းရတနာဆန်စက်ဝင်းအတွင်းသို့  ဝင်ရောက်လာခဲ့လေသည်။   ထို့နောက်   ကားပေါ်မှဆင်းလာသည့်  ကိုတေဇာအား စက်ပိုင် ဦးဖိုးလောက တွေ့လိုက်ပြီး   
“ဟာ ဘယ်သူများလဲမှတ်တယ်၊  ရေသန့်သူဌေးကြီးပါလား၊  ကား အသစ်ကြီးနဲ့ အတော်အဆင်ပြေနေတာပေါ့လေ”
“ဟုတ်တယ်ဗျို့၊  ခင်ဗျားကျေးဇူးလည်းပါတယ်လေ၊  အခုမြန်မာ့ စီးပွားရေးဘဏ်ကနေ JICA  MSME  ချေးငွေ သိန်း ၈၀၀ ရတယ်လေ၊  အဲဒါ အခု ရေသန့်စက်တစ်လုံး  ထပ်တည်ပြီး  လုပ်ငန်းတွေချဲ့နိုင်လို့  ကားတစ်စီးလည်း ထပ်ဝယ်၊ အရှေ့ဘက်နဲ့  အနောက်ဘက်ကရွာတွေကို လည်း  ကားနှစ်စီးနဲ့   တစ်ပြိုင်တည်းပို့နိုင်ခဲ့ပြီလေ၊  တစ်နည်းအားဖြင့်  ကျွန်တော့်အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ခဲ့ပြီပေါ့”
“အေးကွာ၊  ငါတို့လို  အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင် တွေအတွက်ကတော့  ဒီ  MSME  ချေးငွေက အလွန်ကို အကျိုးရှိတာ၊ မသိသူကျော်သွား သိသူဖော်စားပေါ့၊ ဒါကြောင့် ကျုပ်လည်း  ကျုပ်အသိ မိတ်ဆွေတွေကို ဒီ MSME ချေးငွေအကြောင်း အမြဲပြောပြနေတာလေ”
“ဟုတ်ပါတယ် ဦးဖိုးလောကြီးရာ၊  အခုလို ကျွန်တော်တို့လုပ်ငန်း တွေ  တိုးတက်အောင်မြင်လာတာဟာ  ဒီ  MSME ချေးငွေကြောင့်ဆိုတာ ငြင်းမရပါဘူး၊ ဒါကြောင့်  ကျွန်တော်ကတော့  မြန်မာ့စီးပွားရေးဘဏ်ကြီး ကို အများကြီးကျေးဇူးတင်လွန်းလို့ ကျေးဇူးကမ္ဘာပါ  စီးပွားဘဏ်လို့သာ ပြောလိုက်ချင်တယ်ဗျို့”။    ။