လူမှုရေး

နည်းပညာနှင့် သက်မွေးပညာရေး ထွန်းတောက်ပါမှ နိုင်ငံဖွံ့ဖြိုးမှာ

 

ဒေါက်တာမောင်သင်း

“ကျောင်းထွက်ပြီးနောက်  မည်သည့်အလုပ်အကိုင်ကိုမှ မတတ်၊  မိမိ၏ အသက်မွေးဝမ်းကျောင်းကိုမှ မတတ်သူသည် လူဖြစ်ရကျိုးရှုံး လှ၏။ ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်တစ်ရပ်သည် အသက်မွေးဝမ်းကျောင်းအတွက် ဖြစ်သင့်သည်။”
ဦးသန့်

ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်အဖျက်သမားတွေကို အမြစ်ဖြတ်ချေမှုန်းကြပါစို့

 

ကိုရင်မောင်

 

မြန်မာနိုင်ငံတစ်ဝန်းက မိဘပြည်သူတွေဟာ ပွင့်လင်းရာသီ     အားလပ်ရက်တွေရောက်တာနဲ့ တစ်နှစ်တာ  ပင်ပန်းနွမ်းနယ်သမျှ    အနားယူ အပန်းဖြေကြပါတယ်။  မိသားစုတွေ  စိတ်လက် ကြည်သာ ပျော်ရွှင်ချမ်းမြေ့စေဖို့နဲ့   ကုသိုလ်တွေ မျှဝေရယူကြဖို့အတွက်  မြန်မာပြည်အနှံ့ အနယ်နယ် အရပ်ရပ်က တန်ခိုးကြီးဘုရားတွေနဲ့ အပန်းဖြေစခန်းတွေဆီကို ခရီးထွက်လေ့ရှိကြပါတယ်။

 

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ (၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ

 

မောင်ငြိမ်းသူ(ကြို့ပင်ကောက်)

 

မြန်မာနိုင်ငံစာရေးဆရာအသင်းက စာဆိုတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့သော သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ပထမအပတ်တွင် ကျင်းပရန် စီစဉ်နေကြလေပြီ။

 

လူငယ်တိုင်း နောင်တကင်းစွာ လျှောက်ရမည့်လမ်း

 

ဒေါက်တာမင်းသန့် (ဒဿန)
 

 

နောင်တဆိုသည်မှာ မကောင်းသောအလုပ်၊ မမှန်သောအလုပ်၊ မသင့်တော်သောအလုပ် စသည်တို့ကို တွေးမိ၊ ပြောမိ၊ ပြုလုပ်မိရာမှ ပြန်လည်စိုးရိမ်ပူပန်ရခြင်းမျိုး ဖြစ်ပေသည်။ မှန်သည့်အလုပ်၊ ကောင်းသည့်အလုပ်မှန်သမျှ နောင်တရစရာမရှိ၊ ပြန်လည်တွေးမိတိုင်း ဝမ်းမြောက်ခြင်း၊ ကြည်နူးခြင်း၊ နှစ်သက်ခြင်းတို့သည် ဖြစ်ပေါ်နေပေလိမ့်မည်။ ထို့ကြောင့် မည်သူမဆို နောင်တဖြစ်စေမည့် အတွေး၊ အပြော၊ အလုပ်တို့ မပြုလုပ်ခြင်းအားဖြင့် မိမိအကျိုး၊ အများအကျိုး စောင့်ထိန်းရာ ရောက်ပေလိမ့်မည်။

 

မြေချဉ်နှင့် ဆားပေါက်မြေဆီလွှာများအား ထုံးနှင့် ဂျစ်ပဆန်အသုံးပြု၍ ပြုပြင်ခြင်း

 

မြင့်မြင့်ထွန်း (မြေအသုံးချရေးဌာနခွဲ)
 

 

ယနေ့ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသော ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်လွန်ကဲစွာ မြင့်တက် ခြင်း၊ ရေကြီးရေလျှံခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရရှိသည့်မိုးရေချိန် ပမာဏအနည်း အများအပေါ်မူတည်၍ စိုက်ပျိုးမြေများတွင် မြေချဉ်ခြင်း၊ မြေငန်ခြင်းပြဿနာများလည်း ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရပါသည်။

 


မြေချဉ်ခြင်း

Subscribe to လူမှုရေး