ရာသီဥတုဆိုင်ရာတရားမျှတမှု( Climate Justice) ဆိုသည်

Type
5

 

ဒေါက်တာခိုင်ခိုင်ဝင်း
 

 

ကမ္ဘာကြီးတွင် လူဦးရေထူထပ်များပြားလာခြင်းကြောင့် စားနပ်ရိက္ခာများနှင့် အိမ်သုံးကုန်၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုမြင့်မားလာခြင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုများအတွက် သဘာဝအရင်းအမြစ်၊ သယံဇာတများကို အလွန်အကျူး ထုတ်ယူသုံးစွဲကြခြင်း၊ စက်မှုနည်းပညာများ တိုးတက်လာသည့်အလျောက် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြခြင်း၊ နည်းပညာများ တီထွင်ပြီး အပြိုင်အဆိုင် အသုံးပြုမှုများ များလာခြင်းနှင့် နည်းပညာများဖြင့် ထုတ်လုပ် သည့် ပစ္စည်းများကြောင့် ကမ္ဘာ့အိုဇုန်းလွှာများ ပါးလွှာပျက်စီးလာခြင်းစသည့် အချက်အလက်တို့သည် ရာသီဥတုပြောင်းလဲလာခြင်း၏ အကြောင်းအရင်းများထဲမှ အချက်တချို့ဖြစ်ပါသည်။ 
ရာသီဥတုပြောင်းလဲလာနေပြီး    လူသားများ နေထိုင်ရာ ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှုကို ခံစားအသိအမှတ်ပြုကြောင်းနှင့်          ရာသီဥတု ပြောင်းလဲမှုကြောင့်   သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ   ရှိလာနေပြီဖြစ်ကြောင်းကို   ၁၉၇၂ ခုနှစ်တွင်       ထုတ်ပြန်ခဲ့သည့်     Stockholm Declaration ၊ ၁၉၉၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် Rio Declaration   တို့ကို   ကြည့်ခြင်းအားဖြင့် သိရှိနိုင်မည်ဖြစ်ပါသည်။ 
အပူချိန်တိုးလာနိုင်
ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ       အစီအစဉ် (United   Nations   Environment  Program- UNEP) ၂၀၁၉    အစီရင်ခံစာအရ  ၂၀၅၀   ပြည့်နှစ်၌ ကမ္ဘာ့လူဦးရေမှာ ၁၀ ဘီလီယံအထိ  တိုးပွားလာနိုင် သည့်အတွက် စားနပ်ရိက္ခာလိုအပ်မှုမှာ လက်ရှိထက် ၅၀ ရာခိုင်နှုန်းပိုလာနိုင်ခြင်း၊ ကမ္ဘာ့အပူချိန် တိုးတက် မှုမှာလည်း ၂၀၅၀ ပြည့်နှစ်တွင် ၁ ဒသမ ၄ ဒီဂရီဆဲလ် စီးယပ်    ပျမ်းမျှအပူချိန်တိုးလာနိုင်သည့်အတွက် ရာသီဥတုပြောင်းလဲမှုဒဏ်ကို   ပိုမိုခံစားရနိုင်ခြင်း ဖြစ်လာနိုင်သည်ဟု သိရှိရပါသည်။ အဆိုပါ အစီရင် ခံစာအရ ယနေ့အချိန် ကမ္ဘာ့လူဦးရေ ၁ ဒသမ ၂ ဘီလီယံမှာ   လျှပ်စစ်မီးသုံးစွဲနိုင်မှုမရှိဘဲ  လူဦးရေ ၂ ဒသမ ၇ ဘီလီယံသည် ထင်းလောင်စာများကို သုံးစွဲနေရသည်လည်းဖြစ်ပြီး   ကမ္ဘာပေါ်ရှိဆင်းရဲ သော လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ အသက်ရှင် ရပ်တည်ရန် သယံဇာတများအပေါ်တွင် အလွန်အမင်း မူတည်လျက်ရာ           ရာသီဥတုပြောင်းလဲမှုကို အလျင်အမြန် မတားဆီးမကာကွယ်နိုင်ပါက ရာသီ ဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ဘေးအန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ်များ ကြောင့်     သဘာဝသယံဇာတအရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုများ၊    လူသားများ၏    လူမှုစီးပွား ထိခိုက်ဆုံးရှုံးမှုများကို ကမ္ဘာကြီးပေါ်ရှိလူသားများ  ပိုမို ကြုံတွေ့ ခံစားကြရမည်ဖြစ်ပါသည်။ ယနေ့ချိန် ခါတွင်ပင် Extreme weather is a new normal ဟု ဆိုရလောက်အောင် ကမ္ဘာ့ကြီးပေါ်တွင် ရာသီဥတု ဆိုးရွားဖောက်ပြန်မှုများ    ကြုံတွေ့ရမှုသည်   ပုံမှန် ပုံစံအသစ်ဟုပင် လက်ခံရမလိုဖြစ်နေပြီဖြစ်ပါသည်။ 
ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်
ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ဖြစ်သော  သဘာဝဘေးအန္တရာယ်များကို        ကမ္ဘာကြီးပေါ်ရှိ လူသားများ   ထိခိုက်ခံစားကြရာတွင်   အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျသောနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ကျွန်းနိုင်ငံငယ်လေးများက ပိုမိုထိခိုက်ခံစားကြရ ပြီး အဆိုပါနိုင်ငံများတွင် နေထိုင်ကြသူ ထိရှလွယ် အုပ်စုတွင် ပါဝင်သူများဖြစ်သည့် အမျိုးသမီးများ၊ ကလေးသူငယ်များ၊    မသန်စွမ်းများနှင့်   အသက် အရွယ်ကြီးရင့်သူများသည် ပိုမိုထိခိုက်နစ်နာကြရ သည်လည်း ဖြစ်ပါသည်။ လူမှုစီးပွားထိခိုက်ဆုံးရှုံးရပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်သည်အထိ နစ်နာဆုံးရှုံးကြရသည်လည်းဖြစ်ပါသည်။ 
အိုဇုန်းလွှာပျက်စီးမှုဖြစ်
မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု       မြင့်မားလာ ခြင်းကြောင့်       အိုဇုန်းလွှာပျက်စီးမှုဖြစ်ပေါ်ရပြီး ယင်းအတွက်ကြောင့်ပင်     ကမ္ဘာကြီးပူနွေးလာခြင်း နှင့်    ယင်းနှင့်ဆက်စပ်၍    ရာသီဥတုပြောင်းခြင်း များဖြစ်ပေါ်ရသည်ဟု လက်ခံထားကြသည်ဖြစ်ရာ မှန်လုံငွေ့ဓာတ်ငွေ့ထုတ်လွှတ်မှု      မြင့်မားလေလေ ကမ္ဘာကြီးနှင့် ကမ္ဘာကြီးပေါ်ရှိ သက်ရှိမျိုးစိတ်များ၏ ရှင်သန်တည်မြဲနိုင်မှုကို ခြိမ်းခြောက်လေလေဖြစ်ပါ သည်။ သည့်အတွက်ကြောင့်ပင် ၂၀၁၅ ခုနှစ်တွင် ရာသီဥတုဆိုင်ရာ    အပြည်ပြည်ဆိုင်ရာ   ပါရီ သဘောတူညီချက်    (Paris Agreement)   သည် ထွက်ပေါ်လာရပြီး          ကမ္ဘာ့နိုင်ငံအားလုံးက တညီတညွတ်တည်း၊ တစ်စိတ်တစ်ဝမ်းတည်း ဖြင့်    ရာသီဥတုပြောင်းလဲခြင်း     ဖြစ်ပေါ်စေသည့် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို        လျှော့ချပြီး ကမ္ဘာကြီးကို   ကယ်တင်ရန်   ဘုံသဘောတူညီချက် ထွက်ပေါ်လာရသည်လည်းဖြစ်ပါသည်။ 
ကမ္ဘာကြီးပေါ်တွင် နိုင်ငံကြီး၊ နိုင်ငံငယ်၊ စက်မှု နည်းပညာထွန်းကားသည့်နိုင်ငံ၊  စက်မှုနည်းပညာ မထွန်းကားသည့်နိုင်ငံ၊   ဖွံ့ဖြိုးချမ်းသာသည့်နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးမှု  နောက်ကျသည့်နိုင်ငံ၊ ကျွန်း နိုင်ငံ၊ ကုန်းတွင်းပိတ်နိုင်ငံ စသည်ဖြင့် နိုင်ငံများသည် မတူကွဲပြား   အခြေအနေအမျိုးမျိုး   ရှိကြပါသည်။ စက်မှုနည်းပညာထွန်းကားသည့် နိုင်ငံများ၊ ချမ်းသာ သည့်နိုင်ငံကြီးများအနေဖြင့် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု       ပိုမိုပြုလုပ်ကြသည်လည်းဖြစ်ရာ  ကမ္ဘာ့လူဦးရေများ၏ အချမ်းသာဆုံး တစ်ရာခိုင်နှုန်း သည် အဆင်းရဲဆုံးလူဦးရေ ၅၀ ရာခိုင်နှုန်းထက် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုပိုများပါသည်ဟု UN Climate Action က ဆိုထားပါသည်။ သို့ရာတွင် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက် ဆိုးကျိုး များကိုမူ ဆင်းရဲသည့်၊ ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံ များရှိ လူများက ချမ်းသာသည့်   နိုင်ငံများရှိ  လူများ ထက် ပိုမိုထိခိုက်ဆုံးရှုံးရသည်ဖြစ်ရာ ယနေ့ အချိန် အခါတွင် ရာသီဥတုဆိုင်ရာ တရားမျှတမှု ( Climate Justice) ဆိုသည့်စကားရပ် ပြောဆိုလာကြပြီဖြစ် ပါသည်။ 
ရာသီဥတုဆိုင်ရာ  တရားမျှတမှု
ရာသီဥတုဆိုင်ရာ    တရားမျှတမှုဆိုသည်မှာ    ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့်   မှန်လုံအိမ် ဓာတ်ငွေ့    ပိုမိုထုတ်လွှတ်ခဲ့ကြပြီး   ချမ်းသာကြွယ်ဝ လျက်ရှိသည့်  နိုင်ငံကြီးများအနေဖြင့်   မှန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို အနည်းဆုံးနှင့်   အမြန်ဆုံး လျှော့ချရန်   အမှန်တကယ်   လိုအပ်သလို   မှန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု     နည်းပါးခဲ့သော်လည်း ပါရီသဘောတူညီချက်ပါအတိုင်း    အများနည်းတူ     မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို     လျှော့ချရန်နှင့်     ရာသီဥတုပြောင်းလဲခြင်းအတွက်     ကာကွယ် တားဆီးရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံငယ်များ အပေါ် လိုအပ်သည့် နည်းပညာ၊ ငွေကြေးအကူအညီ  အထောက်အပံ့များပေးရန်လည်း ဖြစ်ပါသည်။  
မှန်လုံအိမ်ဓာတ်ငွေ့        ပိုမိုထုတ်လွှတ်ခဲ့ကြပြီး ချမ်းသာကြွယ်ဝလျက်ရှိသည့် နိုင်ငံကြီးများအနေဖြင့် ရာသီဥတုပြောင်းလဲမှု၏     အကျိုးဆက်ဖြစ်သော သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု မှာ    နည်းပါးသော်လည်း     မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု နည်းပါးခဲ့သည့် နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှု   နောက်ကျသောနိုင်ငံများ၊   ဖွံ့ဖြိုးဆဲနိုင်ငံ များကမူ       သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုကို ပိုမိုခံစားကြရပြီး ယင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို       အဟန့်အတား အနှောင့်အယှက်ဖြစ်စေသည်လည်းဖြစ်ရာ ရာသီ ဥတုဆိုင်ရာ   တရားမျှတမှုဆိုသည်ကို    အကောင် အထည်ဖော် ဆောင်ရွက်ရန် ပြောဆိုလာနေပြီလည်း ဖြစ်ပါသည်။ 
ရာသီဥတုဆိုင်ရာ    တရားမျှတမှုနှင့်  တာဝန်ရှိမှု ဆိုရာတွင်  တူညီသည့် မုန်တိုင်းအောက်ရောက်နေ သည့်တိုင် မတူညီသည့် လှေများနှင့်အတူ  Same storm, different boat ပုံစံ ဖြစ်နေသည်ဟု ဆိုကြ ပြီး ရာသီဥတုပြောင်းလဲခြင်းကို အတူတကွ လက်တွဲ ဟန့်တားကာကွယ်ရန် ဖြစ်သော်လည်း မှန်လုံအိမ် ဓာတ်ငွေ့ ပိုမိုထုတ်လွှတ်ခဲ့ကြပြီး ချမ်းသာကြွယ်ဝ လျက်ရှိသည့်      နိုင်ငံကြီးများက    ပိုမိုတာဝန်ယူ ဆောင်ရွက်သင့်သည်၊ ဆောင်ရွက်ရမည်ဟု ပြောဆို လာနေကြပြီဖြစ်ပါသည်။ 
ဟန့်တားကာကွယ်
အချုပ်ဆိုရသော်  ရာသီဥတုပြောင်းလဲခြင်းကိုဟန့်တားကာကွယ်ရေးအတွက် နိုင်ငံတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်းက       ဆောင်ရွက်၍ အောင်မြင်နိုင်မည်မဟုတ်ဘဲ   နိုင်ငံအားလုံး၊   အဖွဲ့ အစည်းများ၊ ပြည်သူများ၊ လက်တွဲညီညီ၊ ဟန်ချက် ညီညီ ဆောင်ရွက်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ် ပါသည်။   ရာသီဥတုပြောင်းလဲခြင်းကို   ဟန့်တား ကာကွယ်နိုင်ခဲ့မည်ဆိုပါက နောင်အနာဂတ်မျိုးဆက် သစ် လူသားများသည် သဘာဝဘေးအန္တရာယ်များ လျော့နည်းပြီး            အေးချမ်းသာယာစိမ်းစိုသည့် သဘာဝပတ်ဝန်းကျင်နှင့် သာယာလှပသည့် ကမ္ဘာ ကြီးကို ပိုင်ဆိုင်နိုင်ကြမည်လည်းဖြစ်ပါသည်။ နိုင်ငံ အားလုံး  ရာသီဥတုပြုပြင်ပြောင်းလဲခြင်းနှင့် မှန်လုံ အိမ်ဓာတ်ငွေ့   လျှော့ချရေးအတွက်   ကြိုးပမ်း ဆောင်ရွက်ကြရာတွင်          ငွေကြေးအားဖြင့် လည်းကောင်း၊ နည်းပညာအားဖြင့်လည်းကောင်း သာလွန်ကောင်းမွန်ပြီး     ချမ်းသာကြွယ်ဝသည့်   နိုင်ငံကြီးများက    ယင်းတို့ထက်      နိမ့်ပါးသည့် (Vulnerable       Countries)      နိုင်ငံငယ်များက  လိုအပ်နေသည့် အကူအညီများကို ကူညီပံ့ပိုးပေးခြင်း ဖြင့်      ရာသီဥတုဆိုင်ရာ     တရားမျှတမှုဖြစ်စေရေး ဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် လူသားအားလုံး သဘာဝဘေးအန္တရာယ်များမှ            ကင်းဝေးကြပါ စေကြောင်း            ဆုမွန်ကောင်း         တောင်းလိုက်ရ ပါသည်။      ။