လူမှုရေး
ကိုယ်ကျင့်သီလပြည့်စုံသည့် ဝန်ထမ်းကောင်းများဖြစ်စေရေး
ဒေါက်တာမင်းသန့် (ဒဿန)
ဒုတိယဆီအိုး ဖြိုးလျှံတိုးအောင် ကြံဆောင်မနှေး ပြည့်ရှေ့ရေး
မိုင်သန်းနေ
ပင်လယ်ပြာပြာ၊ စိမ်းညို့ညို့ တောင်တန်း၊ စိမ့်စမ်းရေတံခွန် အသွယ်သွယ်ဖြင့် သဘာဝရေမြေအနေအထားအရ ရှုမဝအောင်လှပနေသည့် ဒက္ခိဏတိုင်းဌာနေ မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း ကမ်းရိုးတန်းမြေမဟီ တနင်္သာရီ ဤဒေသ၏နယ်ခြားစည်းရိုး ကော့သောင်းမြို့သို့အရောက် သွားရာလမ်းတစ်လျှောက်တွင် ဆီအုန်းပင်များ အစီအရီစိုက်ပျိုးထားပါသည်။
ပညာမာန
သိုက်စိုးထွန်း(နတ်ရွာ)
“ပညာမာန”ဆိုတဲ့စကားလုံးကို ကိုယ့်ပတ်ဝန်းကျင်ထဲမှာ မကြာခဏကြားဖူးကြမှာပါ။ “ဒီလူက ပညာမာနရှိတယ်”၊ “သူ့ကို သွားမစမ်းနဲ့နော်၊ ပညာမာနနဲ့လူ” ဆိုတာမျိုး။ “ပညာမာန”ဆိုတဲ့စကားလုံးကို ဖွင့်ဆိုပုံအမျိုးမျိုးရှိမှာဖြစ်ပေမယ့် သာမန်အားဖြင့်တော့ ဒီအသံကိုကြားလိုက်ရရင် သိပ်ပြီးသဘောကျဟန်မပြတဲ့ တုံ့ပြန်ချက်မျိုးတွေ တွေ့မြင်ရလေ့ရှိပါတယ်။ ပညာမာနရှိတဲ့သူလို့ပြောလိုက်ရင် ပညာတော့ တတ်ပါရဲ့။ သူတတ်ထားတဲ့ပညာကို အကြောင်း ပြုပြီး မာန်ထောင်ဝင့်လွှားနေတဲ့သူ၊ ဘဝင်မြင့်နေတဲ့သူ၊ တခြားသူတွေကို တန်းတူရည်တူမဆက်ဆံလိုတဲ့သူ၊ ပေါင်းလို့သင်းလို့ သိပ်အဆင်မပြေတဲ့သူ၊ ဒီလိုမြင်ကြတယ်ထင်ပါရဲ့။
- Read more about ပညာမာန
- Log in to post comments
ဆင်းရဲခြင်းကင်း ငြိမ်းအေးစိတ်နှင့် ဘဝပြဿနာများ ဖြေရှင်းနိုင်ပါစေ
ဒေါက်တာမြတ်မိုး
ကျေးဇူးရှင်ဗုဒ္ဓမြတ်စွာဘုရားက လမ်းညွှန်ပြသခဲ့သည်မှာ မိမိတို့လူသားများ၏ မွေးသည်မှ သေသည်အထိ ဖြစ်ခြင်း၊ ပျက်ခြင်းအားလုံးသည် ဒုက္ခချည်းပဲဖြစ်သည်ဟူ၍။ ဘ၀တစ်ခုဖြစ်လာသည်မှစ၍ ဒုက္ခဟူသော ဆင်းရဲခြင်းတွေသာရှိသည်။ အမှန်တကယ်ကိုရှိသည်။ ထိုဒုက္ခဟူသော ဆင်းရဲခြင်းသည်လည်း မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ဆိုလျှင် သမုဒယကြောင့်ဖြစ်ရသည်၊ တဏှာကြောင့်ဖြစ်ရသည်။ ဒါလည်း အမှန်တရားတစ်ခုဖြစ်သည်။