တပ်မတော်မရှိလျှင် မငြိမ်းချမ်း ပြည်သူ့အားနှင့်အတူ ပြည်သူမရှိလျှင် တပ်မတော်လည်းဖြစ်မလာပါ
စစ်သည်ဟောင်းတစ်ဦး
ကျွန်တော်တို့ရဲ့ နိုင်ငံတော်ကြီးဟာ နိုင်ငံရေး၊ စီးပွားရေး အရေးအရာ အားလုံးမှာ ရုန်းကန်နေရတာ အားလုံးအသိပါ။ ကာကွယ်ရေး၊ လုံခြုံ ရေးအသိအမြင်များနဲ့ တည်ငြိမ်မှုကို မနည်းထိန်းသိမ်းနေရတယ်။ တစ်ဖက်နဲ့တစ်ဖက် ရန်သူတွေကြား အတိုက်အခိုက်တွေကြားမှာ အမျိုးသားရင်ကြားစေ့ရေးကိုလည်း မနည်းကြိုးစားနေရတယ်။ နိုင်ငံ ရဲ့ အချုပ်အခြာ ပဲ့ပါမသွားအောင်လည်း ကာကွယ်စောင့်ရှောက်နေရ တယ်။



