လူမှုရေး

သတ္တိနဲ့ ယူမဲ့တာဝန်

 

သမားအို  

 

“ပြည်သူများ ဆေးကုသမှုခံယူတဲ့အခါမှာ စိတ်အေးချမ်းသာစွာနဲ့  ဘေးကင်းလုံခြုံ  စိတ်ချရပြီး အရည် အသွေးပြည့်ဝတဲ့ ကုသစောင့်ရှောက်မှုများ ရရှိနိုင်ရေးအတွက် ကုသရေးဆိုင်ရာနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားဖို့လည်း မှာကြားလိုပါတယ်။”
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အဖွင့်အမှာစကားကို အကြိမ်(၅၀) မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံဖွင့်ပွဲမှာ ကြားနာခဲ့ရပါတယ်။ ဒီစကားဟာ ပြည်သူတွေအားလုံးကြားချင်ကြတဲ့ စကားပါပဲ။

 

နိုင်ငံသားတာဝန်နှင့် မြို့ပြကျေးလက် အမှိုက်ပြဿနာ

 

ခန့်ဇော်(ကျေးလက်)

 

ယနေ့ခေတ်မှာ ထုပ်ပိုးရန် အသုံးပြုသောပစ္စည်း များဖြစ်တဲ့ ပလတ်စတစ်နဲ့လုပ်တဲ့ ကြွတ်ကြွတ်အိတ် များ၊ ဖော့ဘူးများစသည်ဖြင့် အသုံးပြုလွယ်ကူသော၊ သယ်ယူရလွယ်ကူသောပစ္စည်းများကို တွင်ကျယ် စွာ အသုံးများလာတာနဲ့အမျှ အမြန်လမ်းမကြီးများ၊ မြို့ချင်းဆက်လမ်းများ၊ ရထားလမ်းဘေးနဲ့ ဘူတာရုံ အနီးပတ်ဝန်းကျင်များ၊   ဈေးများ၊  ကျောင်းများ၊ ပန်းခြံများ၊ အများသုံး အဆောက်အအုံများ၊ ရွာများ မှာ   ကြွတ်ကြွတ်အိတ်နဲ့   ဖော့ဘူးအမှိုက်များဟာ မြင်မကောင်းအောင် အမြင်မတင့်တယ်စွာ တွေ့မြင် နေရပါတယ်။

 

စားသုံးဆီဖူလုံဖို့ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးကြပါစို့

 

သန့်သန့်လေး(စစ်ကိုင်း)
 

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများအား အဓိကထားစိုက်ပျိုးလျက်ရှိသည်။ ပြည်တွင်းစိုက်ပျိုး ဧရိယာ၏  ၁၆  ရာခိုင်နှုန်းကို  ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိသည်။  ၂၀၁၉- ၂၀၂၀  ခုနှစ်တွင် ဆီထွက်သီးနှံ (မြေပဲ၊  နှမ်း၊  နေကြာ၊  မုန်ညင်း၊ ပန်းနှမ်း) စိုက်ဧရိယာ ဧက ၇ ဒသမ ၅၅ သန်းရှိပြီး စုစုပေါင်းတင်း ၁၉၆ ဒသမ ၇၅ သန်း ထွက်ရှိခဲ့ပါသည်။ 

 


ဆီထွက်သီးနှံများ

ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲတော်နှင့် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု

 

မောင်သောင်းဝင်း(တမန်ဟောင်း)
 

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်၌ ကိုဗစ်-၁၉ ရောဂါကို ဘယ်လိုထိန်းချုပ်ခဲ့သလဲဆိုတာ  ကမ္ဘာကြီးကို သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေသည့် အချိန်၌ပင်လျှင် ပွဲစီစဉ်သူများသည် အားကစားသမားများအား ဘေးကင်းလုံခြုံမှုရှိအောင် အနီးကပ်စောင့်ကြည့်ခဲ့ကြသည်။ လက်ရှိအချိန်တွင် ကိုဗစ်- ၁၉ ရောဂါသည် အိုမီခရွန် မျိုးဗီဇကွဲများကြောင့် ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လျက်ရှိသည်။

 

နိုင်ငံစီးပွားရေးအကျိုးဖြစ်ထွန်းစေမည့် ကမ္ဘာ့ဈေးကွက်ဝင် မြန်မာ့ငါးသလောက်

 

 

သစ္စာ( MNA)၊ ဓာတ်ပုံ - ဇွဲမာန်      

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသော မြန်မာနိုင်ငံသည် ပင်လယ်ပြင်ကမ်းရိုးတန်းအရှည် ကီလိုမီတာ၂၂၃၀ ကို ပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်ဘက် ရခိုင်ပြည်နယ်မှ တောင်ဘက်စွန်း တနင်္သာရီတိုင်းဒေသကြီးအထိ ပင်လယ်ပြင်ကြီးကို သဘာဝ၏လက်ဆောင်တစ်ခုအဖြစ် ပိုင်ဆိုင်ထား၍ ရေသယံဇာတပေါကြွယ်ဝပြီး ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ရေသယံဇာတ ပြည်ပပို့ကုန်မှ  နိုင်ငံခြား ဝင်ငွေရရှိနေသည်။

 

ဆောင်းညတစ်ညနဲ့ ဖွံ့ဖြိုးရေးအတွေးများ

 

ခန့်ဇော်(ကျေးလက်)

 

ပုသိမ်မြို့ရေပေးရေးဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီးနှင့် အတူတက်ရန် ခရီးစဉ်ဖြစ်လာလို့ ဇာတိရွာ မရောက်တာ ခြောက်နှစ်ကျော်၊ ခုနစ်နှစ်… အဖေနဲ့မတွေ့ရတာ သုံးနှစ်ခန့်ရှိပြီ။ အဖေက အသက် (၉၁) နှစ်။ အမေကတော့ အသက် (၈၁) နှစ်… လွန်ခဲ့တဲ့ လေးနှစ်က ကွယ်လွန် သွားပြီ။   ဝန်ကြီးထံခွင့်တောင်းပြီး   ဖွံ့ဖြိုးရေးလုပ်ငန်းတွေစစ်ရင်း ဇာတိရွာကို ရောက်ဖြစ်ခဲ့ပါတယ်။

 


တန်ဖိုးထားထိန်းသိမ်းကြ

Subscribe to လူမှုရေး