လူမှုရေး

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား စတင်အသက်ဝင်

 

မေစီးပွား

 

အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်တို့ ပါဝင်ခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Compre-hensive Economic Partnership-RCEP) သဘောတူစာချုပ် စေ့စပ်ညှိနှိုင်းစဉ်နှင့် လက်မှတ်ရေးထိုးစဉ် ကာလများ၌  RCEP  သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံ က ပါဝင်ဆောင်ရွက်မှုတို့ကို အများပြည်သူသိရှိနိုင်ရန် သတင်းစာများတွင် ရေးသားဖော်ပြ၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသို့ ဆွေးနွေးချပြမှုကို လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ 

 

တန်ဖိုးထားအပ်သော ကမ္ဘာ့အလုပ်သမားနေ့

 

မျိုးမျိုးသွယ်

 

ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)  သည်    အလုပ်သမားထုကြီး၏ အသက်၊ သွေး၊ ချွေး  များစွာ  ပေးဆပ်ခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့ရသည့်  တန်ဖိုးထားအပ်သော သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည့်အတွက်  ကမ္ဘာ့ နိုင်ငံအသီးသီးတွင်  နှစ်စဉ် မေ ၁ ရက်ကို    ကမ္ဘာ့အလုပ်သမားနေ့ အဖြစ်     အခမ်းအနားများ    ကျင်းပလျက်ရှိသည့်နည်းတူ   မိမိတို့ မြန်မာနိုင်ငံတွင်လည်း    နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင်  မရှိမဖြစ် အရေးပါသည့်  အဓိကစွမ်းအားစုကြီးဖြစ်သော  မြန်မာအလုပ်သမား ကြီးများအား  ဂုဏ်ပြုကြသည့်အနေဖြင့်   ကမ္ဘာ့အလုပ်သမားနေ့ကို ၁၉၃၈ ခုနှစ် မေ ၁ ရက်မှစတင်ပြီး နှစ်စဉ်ကျင်းပခဲ့ကြသည်။ 

ဉာဏ်ပညာဦးစီး ဤခရီး ဖြောင့်ဖြူးသာယာရှိပါစေ

 

စိုးနိုင်ထွန်း(ကနီ)

 

“အမှန်တရားက ဖိနပ်စီးနေစဉ် မုသားက ကမ္ဘာတစ်ပတ်ပတ်ပြီးနေပြီ” တဲ့။ 


အမှန်တရား   ဟူသည်  သစ္စာတရားပင်ဖြစ်သည်။   အများ ကြိုက်တိုင်း၊ ကိုယ်ကြိုက်တိုင်း  အမှန်တရားမမည်သလို   ကိုယ် မကြိုက်တိုင်း၊  အများမကြိုက်တိုင်းလည်း   အမှန်တရားမဟုတ်ဟု မဆိုနိုင်ပေ။ မည်သည်ကအမှန်၊   မည်သည်ကအမှား၊   မည့်သည့် အရာက အကြောင်း၊ မည့်သည့်အရာက အကျိုး၊ မည်သည်ကအကောင်း၊ မည်သည်က အဆိုးဟု မှန်မှန်ကန်ကန်ဖြင့် နည်းလမ်းတကျ ဝေဖန် ဆန်းစစ်နိုင်ဖို့ အင်မတန်မှ အရေးကြီးလှပေသည်။ 

 

Subscribe to လူမှုရေး