ပညာရေး

လူသားဉာဏ်ရည်၊ ဉာဏ်ရည်တုနည်းပညာနှင့် ထားရှိရမည့်ကျင့်ဝတ်

 

ဒေါက်ဇော် (သလ္လာမြေ)

ကမ္ဘာဦးအစ သမိုင်းဦးကာလများမှစ၍ ယနေ့အထိ ကမ္ဘာမြေပေါ်တွင် လူသားတို့သည် မိမိတို့၏အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ကာ ကမ္ဘာကြီးကို အစဉ်တစိုက် ပြောင်းလဲတိုးတက်စေခဲ့သော အသိဉာဏ်အမြင့်မားဆုံး သက်ရှိထူးခြားမျိုးစိတ်များဖြစ်ကြပါသည်။ လူသားတို့၏ လေ့လာသင်ယူနိုင်စွမ်း၊ အကြောင်းအရာများကို နားလည်နိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းဟူသော စွမ်းရည်ထက်မြက်မှုများကြောင့် ယနေ့ခေတ်တွင် ဘဝကို ပိုမိုလွယ်ကူသက်သာစေသည့် အဆင့်မြင့်နည်းပညာများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၂၉)

 

ကမ္ဘာ့နာမည်ကြီး ဘက်စုံသင်တက္ကသိုလ်များ

ဒေါက်တာမျိုးကြွယ်

(ပါမောက္ခချုပ် - ငြိမ်း)

ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲလာမှုအပေါ် မူတည်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုတို့ကို အမိနိုင်ငံအတွက် အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။

သုတလိုက စာဖတ်ကြ

 

စာဖတ်ပရိသတ်တစ်ဦး

သည်ဘက်ခေတ်တွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဗုဒ္ဓဝင်သုတဆိုင်ရာပြိုင်ပွဲများ ခေတ်စားလာသည်။ ကျွန်တော်တို့ခေတ် ငယ်စဉ်ကာလကမူ ကစားဖော်အချင်းချင်း စကားထာဝှက်တမ်းကစားနည်းများ၊ ရုပ်ရှင်ပဟေဠိကစားနည်းများသာရှိခဲ့သည်။

အလေးအနက်ပေးဝေ ပညာအမွေ

 

သတင်းထောက် သာထူး

ပညာခေတ်ကြီးထဲမှာ သေစာရှင်စာထက် ပိုပြီးပညာကို မသင်ချင်ကြတဲ့ကိစ္စကနိုင်ငံအတွက် အတော်အန္တရာယ်ကြီးတဲ့ကိစ္စဗျ။ မြန်မာနိုင်ငံမှာ စာတတ်မြောက်ရေးလှုပ်ရှားမှုတွေရဲ့ ကျေးဇူးကြောင့် လူဦးရေရဲ့ ၉၂ ဒသမ ၁ ရာခိုင်နှုန်းက အခြေခံအရေး၊ အဖတ်၊ အတွက်အချက်တတ်မြောက်ကြတယ်။ လူ ၁ဝ ယောက်မှာ ၉ ယောက် စာတတ်ကြတယ်ပေါ့ဗျာ။ အဲဒီလိုစာတတ်မြောက်မှုနှုန်းမြင့်မားတယ်ဆိုပေမယ့် နိုင်ငံအတွက်အားကိုးအားထားပြုရမယ့် ပညာတတ်ဦးရေကတော့ အင်မတန်မှနည်းပါးလှပါတယ်။ နည်းပါးရတဲ့အကြောင်းရင်းကို ကြည့်လိုက်တော့ ပညာကိုတန်ဖိုးထားပြီး လေးလေးနက်နက် သင်ပေးလိုမှုတွေ ကင်းမဲ့ကြလို့ဆိုတာကို တွေ့ရပါတယ်။

ကျွန်မတို့မိဘတွေအနေနဲ့ ကိုယ့်သားသမီးရဲ့ ပညာရေးကို အားပေးပံ့ပိုးဖို့က အင်မတန် အရေးကြီးပါတယ်၊ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကလေးတွေရဲ့ ရှေ့ရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမှာပါ

 

ဒေါ်မိုင်ထွေးထွေးဇော်၊ ကျောင်းသားမိဘ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ၌ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ မေ ၃၁ ရက်အထိသတ်မှတ်၍ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို မေ ၂၅ ရက်မှစတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသားမိဘများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

ဦးရဲညွန့်အောင်၊ ကျောင်းသားမိဘ

၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီအား ကြိုဆိုခြင်း

 

ဇော်ထွန်းအောင် (ပညာရေး)

မြန်မာ့လူ့အဖွဲ့အစည်းတွင် ရှေးအစဉ်အလာကပင် “ပညာရွှေအိုး လူမခိုး” ဟူသော စကားပုံဖြင့် ပညာရေး၏ ခိုင်မာလှသောတန်ဖိုးကို အလေးထားပုံဖော်ခဲ့ကြပါသည်။ ပညာသည် ခိုးယူဖျက်ဆီး၍ မရသော၊ ဘဝတစ်သက်တာလုံးအမှောင်ခွင်း၍ အလင်းဆောင်မည့် စစ်မှန်သော ရတနာပင်ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ ဤသည်မှာ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များအတွက် အသိပညာဗဟုသုတရှာဖွေရာ ခရီးစဉ်သစ်တစ်ခုစတင်ခြင်းနှင့် အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ရန် ခြေလှမ်းစတင်ခြင်းပင် ဖြစ်ပါသည်။

Subscribe to ပညာရေး