လူမှုဘဝမြင့်မားတိုးတက်ရေး နိုင်ငံ့စီးပွားရေးကိုမြှင့်တင်
“စီးပွားရေးအမြင်သည် နိုင်ငံရေးအမြင်နှင့်လည်း ဆက်စပ်လျက်ရှိပြီး စီးပွားရေးအားကို ကောင်းအောင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အေးချမ်းသာယာ သည့်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှ သာလျှင် လူနေမှုဘဝ မြင့်မားလာမည်ဖြစ်သဖြင့် နိုင်ငံအတွက် စီးပွားရေးအမြင်များ တိုးတက်လာစေရန်နှင့် စီးပွားရေးစီမံခန့်ခွဲမှုများ မြင့်မားလာစေရန် လေ့လာ အားထုတ်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၉ ရက် တွင် ပြောကြားခဲ့သည်။